NEWS

Opal 1 စက်ရုံလုပ်သားများအား  ပြည်ပဝန်ထမ်းက ကြမ်းတမ်းစွာဆက်ဆံ ခိုင်းစေ

CoverLogo
624 Views

လှိုင်သာယာစက်မှုဇုန် ၂ ၊ Opal အထည်ချုပ်စက်ရုံ အမှတ် ၁ က အလုပ်သမားတွေကို  အုပ်ချုပ်ရေးဝန်ထမ်း ပြည်ပနိုင်ငံသား အမျိုးသမီးက ကြမ်းတမ်းရိုင်းပြစွာ ဆက်ဆံခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြော ပါတယ်။ 

“စက်ခုံတွေကို တံမြတ်စည်းရိုးနဲ့ ရိုက် ပြိး အော်ဟစ်ပြောတယ်၊ခိုင်းတယ်။ လက်နဲ့ ခုံကို အသံကျယ်အောင် ပုတ်ပြီးတော့လည်း ပြောတယ်။ ဒါမျိုးတွေ လုပ်တော့ ညီမတို့ စိတ်ထိခိုက်ရတယ်။ အလုပ်သမားတွေက လုပ်ပေးနေတာပဲ ၊ အဲလိုတွေ လုပ်တာက အဆင်မပြေဘူး” လို့ ပြောပါတယ်။

အဲဒီအမျိုးသမီးက စက်ရုံပိုင်ရှင်ရဲ့ လက်ထောက်လို့ ပြောဆိုပြီး လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေကို တိုက်ရိုက် ခိုင်းစေနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စူပါ(ကြီးကြပ်ရေးမှူး)တွေကလည်း ဆဲဆိုပြီး အထည်စံချိန်တောင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ စက်ရုံထဲက စူပါအားလုံး ဆဲတာမျိုးတော့ မဟုတ်ဘူး။ တချို့စူပါတွေက ေ-ာက်တို့၊ ေ-ာင်မ တို့ ထည့်ပြော တာ။ အားလုံးထက် ဆိုးတာက အဲဒီ ကိုရီးယားအမျိုးသမီးပဲ။ သူကြမ်းတမ်းတာက စူပါတွေပါ နေစရာ မရှိတော့ ဘူး။ စူပါတွေပါ ကြောက်လန့်နေတယ်ဆိုရင် ညီမတို့ အလုပ်သမားတွေဆို ပိုဆိုးပြီးပေါ့” လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံဘက်က ပေးမယ်လို့ ကတိပြုထားတဲ့ သတ်မှတ် ကျွမ်းကျင်ကြေး(ဂရိတ်)ကို လစဉ်မပေး နစ်နာရတယ်လို့ လည်း အလုပ်သမားတွေက ပြောပါတယ်။ ဂရိတ်ကြေးက အနည်းဆုံးငါးထောင်နဲ့အများဆုံး သုံးသောင်း သက်မှတ်ထားတာလို့လည်း သိရပါတယ်။ 

“ညီမတို့က ကျွမ်းကျွမ်းကျင်ကျင်နဲ့ လတိုင်း ချုပ်ပေးတယ်၊ ဒါပေမဲ့ ကျွမ်းကျင်ကြေးက လတိုင်းမရတော့ သည်းမခံ နိုင်အောင်ပါပဲ။ အထည်စံချိန် (အာဝါဒီ) ကို မရ ရအောင်ချုပ်ပေးရပါတယ် ။ တခါတလေ မရတာတောင် အော်ဟစ် တယ်။ ရက်မှန်ကြေးက နှစ်သောင်းပဲရတယ်။ ဒါကလည်း ခွင့်ယူတာပဲ ဖြစ်ဖြစ်၊ ရက်ပျက် ဆိုပြီး အဖြတ်  ခံရတယ်။ စူပါတွေက သူတို့ အဆင်ပြေတဲ့သူဆို ပေးတယ်။ မရတဲ့သူက မရဘူး။ ခွဲခြားခံရတယ်။ လေးငါးသောင်း လောက် မရဘူးဆိုရင် အိမ်လခက တဝတ်စာလောက် ရှိတယ်။” လို့ ပြောပါ တယ်။  

အဆောင် အိမ်လခ ကျပ်တသိန်းဝန်းကျင် ပေးရပြီး ခွင့်ယူရက်တွေအတွက် စက်ရုံဘက် ဒေးကြေးပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံကို အထည်အမှတ်တံဆိပ်ဘက်က ကိုယ်စားလှယ်တွေလာရောက် စစ်ဆေးရာမှာလည်း တာဝန်ရှိသူတွေက ကြိုတင် သင်ကြားထားပြီး လိမ်လည် ဖြေကြားခိုင်းတယ်လို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။ 

Opal  အထည်ချုပ်စက်ရုံ  အမှတ် ၁ ကို ကိုရီးယားနိုင်ငံသားပိုင်ဆိုင်ပြီး OIOI , OK , DISCOVERY တံဆိပ် ကိုရီးယား တံဆိပ်အထည်တွေကို လုပ်သား ၂၀၀၀ ဝန်းကျင်နဲ့ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။ စက်ရုံ ကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ၂ မှာရှိပြီး စက်ရုံအမှတ် ၂ ကတော့ လှိုင်သာယာစက်မှုဇုန် ၃ မှာ ရှိတယ်လို့ စက်ရုံရဲ့ Wetsite မှာ ဖော်ပြထားပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026