NEWS

Novel King အထည်ချုပ်စက်ရုံတွင် ကလေးလုပ်သား များအား ညနက်အထိ ခိုင်းစေ

CoverLogo
378 Views
 
Novel king စက်ရုံမှာအသက်မပြည့်တဲ့ ကလေးတွေကို အမြောက်အများ ခန့်ထားပြီး ခိုင်းစေနေတယ်လို့ အလုပ်သမား‌တွေက ပြောပါတယ်။ ဒါ့အပြင် အချိန်ပို ညနက် အထိ ခိုင်းစေနေပြီး ကလေးလုပ်သားတွေပါ တန်းတူ လုပ်ကိုင်နေရတယ်လို့ မျက်မြင်တွေ့ရှိသူ လုပ်သားတဦးက ပြောပါတယ်။
 
"ကလေးတွေ ညကိုးနာရီ / ၁၁ထိ ခိုင်းတယ်။ ည ၁၁ အထိ ဆင်းရလို့ မူးလဲရင်လည်း ပြန်မလွှတ်ဘူး။ targetအချိုရည်ဗူး တိုက်ပီး သေသေကြေကြေ ပြန်လုပ်ခိုင်းတာ။" လို့ ပြောပါတယ်။
 
စက်ရုံမှာ လုပ်သား ၅၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး အ့ဒိထဲမှာ အသက်မပြည့်တဲ့ ကလေးလုပ်သား ၁၀၀ ဝန်းကျ ပါဝင်တယ်လို့ ဆိုပါတယ်။ အချိန်ပို ခိုင်းစေမှုတွေကို မြို့နယ်အလုပ်သမားရုံးက လာရောက်စစ်ဆေးတာ မတွေ့ရပေမဲ့ စက်ရုံဘက်က စစ်မေးမှုတွေကို လိမ်လည်ဖို့ ကြိုတင်သင်ကြားထားပြီး ဖြစ်တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
"တစ်ခါမှလဲ လေဘာရုံးကစစ်မေးတာလဲ မတွေ့ဖူးဘူး။တကယ် လာစစ်ရင် စစ်တဲ့သူနဲ့ အမေးခံရတဲ့ နှစ်ယောက်ပဲရှိဖို့ လိုတယ်။ ဘာလို့ဆို လေဘာရုံးက လူတွေလာလို့ otဆင်းရလားမေးရင်၊ မ‌ဆင်းရဖူးပြောနော် လို့ ကြိုပြောထားတာ။" လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်နားချိန်တွေ အပြည့်အဝမရတာ၊ လုပ်လစာ ခွဲခြားခံရတာ၊ ရက်ပျက်လို့ လစာရွှေ့ဆိုင်းခံရတာနဲ့ကျင့်ဝတ်ပိုင်း မလိုက်နာတဲ့ လုပ်ငန်းခွင် ငွေးချေးတာ‌‌ တွေကို စက်ရုံဘက်က ပြုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"အလုပ်တက်ချိန် ၇ ခွဲ ဘဲလ်တီးတယ်။ ထမင်းစားချိန် ၁၂ နာရီ ၆ မိနစ်မှ ဆင်းတယ်။ ၁၂ ခွဲတာနဲ့ အလုပ်စဖို့ ဘဲလ်တီးတယ်။ ပြန်ချိန်လဲ အာ့လိုပဲ အချိန်ခိုးတာပဲ။ လစာထုတ်ရက် တစ်ရက်ကနေငါးရက်အတွင်း ရက်ပျက်တဲ့သူတွေ ၈ ရက်နေ့မှ လစာထုတ်ပေးမယ်တဲ့။ အခုဆို စက်ချုပ်မဟုတ်တဲ့ တခြားဌာနကအလုပ်သမားတွေကိုလစာ သုံးသိန်းသုံးသောင်းထက်ပိုမပေးဘူး။ ထောက်ပံကြေး ဘယ်လောက်တိုးတိုး ပုတ်ပြတ်ဆိုပြီး လစာဘယ်လောက်တိုးတိုး မတိုးပေးဘူး။ အလုပ်သမားတွေကို စက်ရုံမန်နေဂျာက ၂၀ တိုးနဲ့ ငွေချေးတယ်။ လစာထုတ်တော့ ရုံးခန်းက စာရေးမတွေက မမေးမမြန်းအကုန်ဖြတ်ထားတယ်။ဒုက္ခတွေ တွေ့တာပေါ့။" လို့ပြောပါတယ်။
 
Novel King စက်ရုံက ရန်ကုန်မြို့ ၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြသီတာရပ်ကွက်မှာ ရှိပါတယ်။ လက်ရှိ တရုတ်အနွေးထည် JUCHEN တံဆိပ်ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026