NEWS

Nisho အထည်ချုပ်စက်ရုံ မီးလောင်

CoverLogo
545 Views
 
Nisho (Myanmar Yangon Richang Apparel Co,Ltd. (NISHO)) အထည်ချုပ်စက်ရုံဟာ ဧပြီလ ၂၉ ရက် ည ၉နာရီလောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ဖန်ချက်ဝန်ဦးမြူးလမ်း၊ အမှတ် ၂၃၀ မှာ ဖြစ်ပြီး အလုပ်သမား ၈၀၀ ကျော် လုပ်ကိုင်နေတဲ့ စက်ရုံလို့ သိရပါတယ်။
“Nisho အထည်ချုပ်စက်ရုံပါ။ အထည်ချုပ်စက်ရုံဆိုတော့ ပိတ်လိပ်တွေ တော်တော် မီးလောင်သွားပါတယ်။ အလုပ်သမားတွေ ဘာမှမဖြစ်ဘူး။ မီးပလပ်ပေါက်ကနေ Loose ဖြစ်တယ်လို့ သိရတယ်” ဆိုပြီး မီးငြှိမ်းသတ်သမား တစ်ဦးက ပြောပါတယ်။
စက်ရုံတစ်ထပ်အဆောက်အအုံ လုံခြုံရေးမီး ပလပ်ပေါက်ထိုး အသုံးပြုရာကနေ ပိတ်စ အလိတ်ပေါ် မီးကူး လောင်ကျွမ်းခဲ့လို့ တစ်နာရီကြာ မီးငြိမ်းသတ်ခဲ့ရတယ်လို သိရပါတယ်။
မီးငြိမ်းနိုင်ဖို့ မီးသတ်ယာဉ် ၁၁ စီး၊ ရေသယ်ယာဉ် ၁၅ စီး၊ အထောက်အကူပြုယာဉ်တစ်စီး၊ ကွပ်ကဲမှုယာဉ်တစ်စီး၊ မီးသတ်တပ်ဖွဲဝင် ၁၃၀ ကျော် အသုံးပြုခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ စက်ရုံဟာ အထည်ချုပ်စက်ရုံဖြစ်ပြီး အလုပ်သမား ၈၀၀ ကျော်က ဥရောပနဲ့ ဂျပန်အထည်တွေ ချုပ်လုပ်တင်ပို့နေတယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ပိတ်လိပ် ၁၀၀ ခန့်မီးလောင်ဆုံးရှုးခဲ့ပြီး စက်ရုံမန်နေဂျာကို အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

Related posts

Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025
Cover
Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်
Dec 14, 2025
Cover
Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်
Dec 14, 2025
Cover
MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ
Dec 14, 2025
Cover
Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို
Dec 14, 2025
Cover
JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်
Dec 14, 2025
Cover
Casico Garment Co.,Ltd အထည်ချုပ် နိုဝင်ဘာလစာ မပေး
Dec 14, 2025
Cover
Chi Mei အထည်ချုပ် ခေါင်းဆောင်တချို့ ဆုကြေးပေးမယ် ပြောဆိုပြီး လိမ်လည် ခိုင်းစေ
Dec 14, 2025