NEWS

အလုပ်သမားဥပဒေပါခံစားခွင့်တွေ စီစဉ်ပေးဖို့ Nine Tripod အလုပ်သမားတွေတောင်းဆို

CoverLogo
851 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ ဦးမြဲလမ်းမှာ ဖွင့်လှစ်ထားတဲ့ Nine Tripod ခေါ် ကျိုတိန် မှန်နဲ့ အလူမီနီယံ တပ်ဆင်ရောင်းဝယ်ရေး လုပ်ငန်းမှာ အလုပ်သမားတွေအနေနဲ့ ဥပဒေပါ ခံစားခွင့်တွေ မရရှိတာကြောင့် အဆင်ပြေအောင် စီမံပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ 

၂၀၁၅ ခုနှစ်ကစတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်ဖြစ်ကာ လက်ရှိမှာ အလုပ်သမား ၂၅ ဦးနဲ့ လည်ပတ်နေတာဖြစ်တယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်မှာ WCC ဖွဲ့စည်းထားခြင်းမရှိဘူးလို့လည်း သိရပါတယ်။ 

အလုပ်သမား ကျွမ်းကျင်သူများကို ဒေးကြေး (၅၅၀၀) ကျပ်ဖြင့် ခေါ်ယူပြီး အစမ်းခန့် အလုပ်သမားတွေကို ၅၀၀၀ ကျပ် ဖြင့် ခန့်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တွင် အလုပ်သမားတွေအနေနဲ့ ဒေးကြေး ရက်မှန်ကြေး ကျွမ်းကျင်ကြေး နှစ်ကြေးများပေးဖို့ တောင်းဆိုမှုပြုလုပ်ခဲ့ရာ အလုပ်သမားခေါင်းဆောင်ကို အလုပ်မှ ထုတ်ပယ်ခဲ့ ပြီး ကျန်အလုပ်သမားတွေကို ထုတ်ပယ်တာ လျော့ ချတာတွေ ပြုလုပ်ခဲ့တာကြောင့် လက်ရှိမှာ ၂၅ ဦးနှင့်သာ လုပ်ငန်းလည်ပတ်နေတာ ဖြစ်တယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

အလုပ်သမားတွေအနေနဲ့ ယခင်က အလုပ်သမား ၆၀ ကျော်လုပ်ကိုင်ခဲ့တဲ့ အလုပ်တွေကို လက်ရှိမှာလုပ်ကိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

လစာကို ၂၆ ရက် နဲ့သာတွက်ချက်ပေးတာဖြစ်ပြီး အချိန်ပိုဆင်းရပါက အချိန်ပိုကြေးကို လစာနှုန်းထားအတိုင်း ပေးချေတာမရှိဘဲ ၁၂၀၀ နှုန်းနဲ့သာပေးချေနေတာ တနင်္ဂနွေနေ့အတွက် ၄၈၀၀ ကျပ်သာ ပေးချေတာတွေ ရှိတယ် လို့လည်း သိရပါတယ်။ 

အလုပ်သမားအများစုက လုပ်သက် ရင် အလုပ်သမားတွေဖြစ်ပြီး လုပ်သက် ၅ နှစ်မှ ၈ နှစ် ထိရှိပေမယ့် လုပ်ခလစာ တိုးမြှင့်ခြင်းမရှိဘဲ လုပ်ကိုင်နေရတာဖြစ်တာကြောင့် အဆင်ပြေမှုမရှိဘူးလို့ ဆိုပါတယ်။ 

"ကျွန်တော်တို့က မှန်နဲ့ အလူမီနီယံတွေ တပ်ဆင်ရတာပါ လုပ်ငန်းခွင်ထဲမှာ Safe မဖြစ်ပါဘူး အကာအကွယ်ပစ္စည်းတွေလုံလောက်အောင်မပေးထားဘူး မိုးတွင်းဘက်ဆိုပိုဆိုးတယ် ကားအမိုးဖွင့်နဲ့ လိုက်ပြီး အိမ်တွေမှာတပ်ဆင်ရတာ မိုးတွေစိုနေရင်လဲ အဲ့အတိုင်းပဲ ဆက်လုပ်နေရတာတွေရှိတယ် ကြာလာတော့ ကျန်းမာရေးထိခိုက်လာတာတွေရှိတယ်"လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။ 

လုပ်ငန်းခွင်ဆိုင်ရာ လိုအပ်ချက်တွေရှိပါက ကြီးကြပ်သူကို ပြောဆိုပေမဲ့လည်း ဖြေရှင်းပေးတာမရှိဘူးလို့ ဆိုပါတယ်။

အလုပ်ချိန်မှာ မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ သတ်မှတ်ထားပေမယ့် အမြဲတမ်းလိုလို အချိန်ကျော်လွန်နေပြီး အိုတီကြေး ပေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် လူမှုဖူလုံရေးကြေးပေးသွင်းထားပြီး ခွင့်ခံစားခွင့်တွေတစ်ခုမျှမရရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း ထိခိုက်မှုဖြစ်ပွားပါက လူမှုဖူလုံရေးတွင် ကုသမှုခံယူစေပြီး လုပ်ခလစာကို ၄၈၀၀ ကျပ်ဖြင့်ရှင်းပေးကာ အခြားကုန်ကျစရိတ်တွေ ဖြေရှင်းပေးတာမရှိတဲ့အတွက် အခက်အခဲကြုံနေရတယ်လို့ လည်း အလုပ်သမားတွေကပြောဆိုပါတယ်။ 

အလုပ်သမားတွေအနေနဲ့ လုပ်ခလစာ ကို အလုပ်ချိန်တွင်းသာ ထုတ်ပေးရန် ရက် ၃၀ စာတွက်ချက်ပေးရန် တနင်္ဂနွေ နေ့ အလုပ်ဆင်းရပါက အချိန်ပိုကြေး ကို ဥပဒေနဲ့ အညီပေးချေဖို့ ဖြတ်တောက်ခံခဲ့ရတဲ့ ဒေးကြေးများကို ဘက်ဒိတ်ဖြင့် ပြန်လည်တွက်ချက်ပေးရန် လုပ်သက်ကြေး တစ်နှစ်လျှင် ၅၀၀၀ ကျပ်နှုန်းနှစ်အလိုက်ပေါင်းထည့်ပေးရန် ရက်မှန်ကြေး ၅၀၀၀၀ ကျပ်ပေးရန် လုပ်ငန်းခွင်သုံးပစ္စည်းများကို လုံလောက်စွာစီစဉ်ပေးရန် တပ်ဆင်ရေး သမားများအတွက် အမိုးပါ ကားများ စီစဉ်ပေးရန် ဥပဒေပါ အလုပ်ပိတ်ရက်နဲ့ ခွင့်ရက်များခံစားခွင့်ပြုရန် သတ်မှတ်အလုပ်ချိန်ကျော်လွန်ပါက အချိန်ပိုကြေးရှင်းပေးရန် စတာတွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026