NEWS

Nice Food Myanmar မုန့်စက်ရုံတွင် တရက် ၁၂ နာရီ လုပ်ကိုင်ရ

CoverLogo
770 Views

အရှေ့ဒဂုံစက်မှုဇုန်က Nice Food Myanmar မုန့်စက်ရုံမှာ တရက် အလုပ်ချိန် ၁၂ ကျော် ကြာ လုပ်ကိုင်နေရ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“အလုပ်ချိန်က မနက် ၅နာရီ ၃၀ မိနစ်ကနေ ညနေ ၅ နာရီ ၃၀ မိနစ် အထိနှင့် ညနေ ၅နာရီ ၃၀ မိနစ်ကနေ မနက် ၅ နာရီ ၃၀ မိနစ် အထိ တနေ့ကို နေ့ဆိုင်း ညဆိုင်း ၂၄ နာရီ နားရက်မရှိအလုပ် လုပ်နေရတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

အလုပ်သမားဥပဒေမှာ တရက် အလုပ်ချိန် ၈ နာရီလို့ သတ်မှတ်ထားပေမဲ့ အချိန်ပို လုပ်ကိုင်ရတဲ့ အလုပ်ချိန် တွေ အတွက် လုပ်ခ ပေးတာမရှိဘူးလို့ ပြောပါတယ်။ ဒါ့အပြင်အလုပ်သမားတွေရဲ့ နားရက်ဖြစ်တဲ့ ရက်သတ္တပတ် အလုပ်ပိတ်ရက်နဲ့ အများပြည်သူ အလုပ် ပိတ်ရက်တွေမှာပါ လုပ်ကိုင်ပေးနေရတယ်လို့ သိရပါတယ်။ 

“ အချိန်ပို လုပ်ခ မရတာတင်မဟုတ်ဘူး၊ နားရက်တွေ ခွင့်ရက်တွေလည်းမရဘူး။ ပိုဆိုးတာက တနင်္ဂနွေနေ့ မှာ အလုပ်မပိတ်ဘူး။  မဖြစ်မနေ အလုပ်ပိတ်တယ်ဆိုရင်တောင် အဲဒီပိတ်ရက်အတွက် လုပ်ခ မရဘူး” လို့ အလုပ်သမားတွေ က ပြောပါတယ်။ 

အမျိုးသားအလုပ်သမားတဦးအတွက် အခြေခံလစာ၊ ရက်မှန်ကြေး၊ ဆုကြေး စုစုပေါင်း၂၅၅၀၀၀ ကို စားစရိတ် ငြိမ်းဆိုပြီး သတ်မှတ်ပေးထားပေမဲ့ အမျိုးသမီး အလုပ်သမား တွေကိုတော့ တလ ကျပ် ၂၄၅၀၀၀ သာ ခွဲခြား ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရက်ပျက်ပါ နေ့တွက်လုပ်ခကို ဖြတ်တောက်ခံရတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ 

“အခု နိုင်ငံတော်က သတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်အားခနဲ့ တောက်ပံကြေး နှစ်ထောင်နဲ့ဆိုရင် တရက် လုပ်အားခက ၆၈၀၀ ။ အချိန်ပိုက တနာရီ ၁၇၀၀ ။ တနေ့ ၄ နာရီလုပ်နေရတယ်ဆိုရင် တရက်ကို အချိန်ပိုခပဲ ၆၈၀၀ ရနေပြီ။ နားရက်မရှိဘဲ တလ ရက် ၃၀ လုပ်ရရင်တောင် နှစ်သိန်းကျော်ကျော်ရဖို့ ရှိတယ်။ ဒီအတိုင်း ရတယ်ဆိုရင် အဲ့စက်ရုံရဲ့ လုပ်ခ လစာ ကျပ် ၄၀၀၀၀၀ ကျော်ရမယ်” လို့ အလုပ်သမားအဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောပါတယ်။ 

စက်ရုံကို အလုပ်သမားရုံးက တာဝန်ရှိသူတွေ နှစ်ကြိမ်တိုင်တိုင် လာရောက်စစ်ဆေးခဲ့ပေမဲ့ စက်ရုံဘက်က အလုပ်သမားတွေကို ပုန်းရှောင်ခိုင်းတာ ဖွက်ထားတာတွေ ပြုလုပ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

Nice Food Myanmar မုန့်စက်ရုံက ရန်ကုန်မြို့၊ အရှေ့ဒဂုံစက်မှုဇုန်၊သံချပ်ဝန်ဦးညွှန့်လမ်းနဲ့ ပြင်စည် မင်းသားကြီး လမ်းထောင့်မှာ ရှိပြီး မုန့်ကိတ် အစိုအခြောက်အမျိုးမျိုး၊ ပေါင်မုန့်အစိုအခြောက် နဲ့ လမုန့် မရွေးမုန့်တွေကို လုပ်သား ၃၀၀ ဝန်းကျင်နဲ့ ထုတ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

 #MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026