NEWS

Nexstar အထည်ချုပ်စက်ရုံ မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
769 Views

ရန်ကုန် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁  ဖန်ချက်ဝန်ဦးညွန့် လမ်းမှာဖွင့်လှစ်ထားတဲ့ Nexstar အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၈၀၀ ကျော်အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမားတွေဟာ ခွင့်ခံစားခွင့်တွေမရရှိဘဲ အလုပ်လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဲ့ဒီစက်ရုံမှာ  JohnBaner၊ Women Secret ဂျာကင်ထည် ဘောင်းဘီ၊ အင်္ကျီတွေချုပ်လုပ်တာဖြစ်ပြီး ဥပ‌ဒေပါခွင့်တွေမရရှိတာ အထည်စံချိန်တွေကို ချုပ်လုပ်နိုင်တာထက်ပိုပြီးတောင်းဆိုတာ တွေနဲ့ အလုပ်သမားတွေကို ဖိအားပေးပြီးအလုပ်ကထွက်ခိုင်းတာတွေ ကျူးလွန်နေတယ်လို့ ‌အလုပ်သမားကပြောပါတယ်။

"ရှောင်တခင်ခွင့်တွေ လုပ်သက်ခွင့်တွေခံစားခွင့်မ‌ရပါဘူး ခွင့်တိုင်လည်း မပေးဘူး နေမကောင်းလို့ဖြစ်စေ အကြောင်းရှိလို့ဖြစ်စေ အလုပ်တစ်ရပ်ပျက်ရင် ‌ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ၁၀၀၀၀ ကျပ် စုစုပေါင်း ၁၅၈၀၀ ကျပ်ဖြတ်တောက်ခံရတာပါ"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ စံချိန်မတန်တဆတောင်းခံတာတွေလည်း ကြုံတွေ့နေရပြီး စက်လိုင်းတစ်လိုင်းလျင် တစ်နာရီကို လိုင်းပေါက် အထည် ၃၀ သတ်မှတ်တောင်းခံပြီးအထည်အရေအတွက် ပြည့်မီစေရန် အလုပ်ချိန်အတွင်း ရေမသောက် အပေါ့အပါးမသွားဘဲ ချုပ်လုပ်နေရတာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။

"စက်ရုံက လှိုင်သာယာကနေ ရွှေပြည်သာမြို့နယ်က စက်ရုံခွဲကို ပြောင်း‌ဖို့ ရှိပါတယ် မလိုက်နိုင်တဲ့အလုပ်သမားတွေအလုပ်ထွက်ရမယ်ပြောတယ် အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ စက်ရုံမှာ အော်ဒါ ရှိရက်နဲ့ အချိန်ပိုမခေါ်တော့ဘဲ အလုပ်ချိန် ၈ နာရီပဲခိုင်းတော့ လစာကဒေးကြေးပဲရတော့ အလုပ်သမားတွေအတွက်ရပ်တည်လို့မရတော့ဘူး အလုပ်သမားတွေက အခြေခံလုပ်ခတစ်ခုတည်းနဲ့ ရပ်တည်မရဘူးဆိုတာသိတော့ အလုပ်ထွက်သွားအောင် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ"လို့ အလုပ်သမားကပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်ပိတ်ရက်မှာ နယ်ပြန်တဲ့အလုပ်သမားအချို့ရှိပြီး အလုပ်ဖွင့်ရက်မှာ လမ်းခရီးအခက်အခဲကြောင့် အလုပ်ဆင်းရန် နောက်ကျတဲ့ အလုပ်သမား ၄ ဦးကို လူသစ်အနေဖြင့်သာပြန်ဝင်ရန် နဲ့ လူသစ်အနေဖြင့် လက်မခံနိုင်ပါက အလုပ်ထွက်ရမယ်လို့ ဖိအားပေးတာကြောင့် အလုပ်သမားတွေအတွက် နစ်နာမှုတွေ ကြုံနေရတယ်လို့ လည်း အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအရေးကိစ္စတွေ ဖြေရှင်းပေးဖို့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာလည်းမရှိဘူးလို့ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ဥပဒေပါခံစားခွင့်ဖြစ်တဲ့ ရှောင်တခင်ခွင့် လုပ်သက်ခွင့်တွေခံစားခွင့်ပေးဖို့ အထည်စံချိန်တောင်းဆိုရာမှာ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ စံချိန်ကိုသာသတ်မှတ်တောင်းခံဖို့ အလုပ်သမားတွေအပေါ် ဥပဒေမဲ့ကျူးလွန်တာတွေမလုပ်ဖို့ စက်ရုံပြောင်းရွှေ့ပါက အလုပ်သမားတွေအပေါ် ဥပဒေနှင့်အညီဆောင်ရွက်ပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026