NEWS

New Zhong Hui အထည်ချုပ် အချိန်ပို ပြီးဆုံးသည့်အထိ တဆက်တည်း လုပ်ကိုင်ခိုင်း

CoverLogo
824 Views
 
New Zhong Hui Co.,Ltd အထည်ချုပ် စက်ရုံက နေ့လယ်စာ စားပြီးကတည်းက အချိန်ပိုပြီးဆုံးတဲ့ အထိ အနားမပေးဘဲ တဆက်တည်းလုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အောလင်း၊ အောနိုက် အချိန်ပိုတွေ မဖြစ်နေ ဆင်းခိုင်းတယ်ဆိုပြီး မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပိုကို အနည်းဆုံး ည ၈ ခွဲအထိဆင်းရတယ်။ အဲ့အချိန်အထိ နေ့လယ် ထမင်းစားပြီးကတည်းက ချုပ်နေရတာ။ လုံးဝ အနားမပေးဘူး။ ဒီထက်ပိုရင် ညဘက် ၁၀ခွဲ၊ ၁၂ အထိ ဆင်းရတယ်။ စနေနေ့တောင် ညဘက်ကို ၈ ခွဲအထိ လုပ်ရတာပဲ ကြည့်ပါ။ အချိန်ပိုအိုတီမဆင်းရင် ဂရိတ်ကြေး အဖြတ်ခံသေးတယ်။ ညီမတို့ သဘောမပါဘဲ အချိန်ပို ခေါ်ခိုင်းတာက အဆိုးဆုံးပဲ။“ လို့ ပြောပါတယ်။
 
အလုပ်သမားဥပဒေမှာ ပြဌာန်းထားတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေကို စက်ရုံဘက်က မပေးဘဲ အလုပ်တစ်ရက်ပျက်တာနဲ့ ဒေးကြေး ကျပ် ၁၀၀၀၀ ၊ ရက်မှန်ကြေးကျပ် ၂၀၀၀၀၊ ကျွမ်းကျင်ကြေးကျပ် ၅၀၀၀ စတာတွေ ဖြတ်တောက်တဲ့ အပြင်၊ တစ်လအတွင်း နှစ်ရက်ပျက်ပါက နောက်ထပ် ရက်မှန်ကြေး ကျပ် ၂၀၀၀၀ ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လစဥ်လတိုင်းဖူလုံရေးကြေး လစဥ် ပေးနေတာ၊ ဖြတ်နေတာ။ ဒါလည်း ဆေးခွင့် မရဘူး။ ဖူလုံရေး ကတ်လည်း အခုထိ ထုတ်မပေးဘူး” အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန် တောင်းခံပြီး လုပ်သား ၄၀ ရှိ စက်လိုင်းတစ်လိုင်းကို စံချိန် တစ်နာရီ အထည် ၄၀ အထိ ထောင်းခံနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အထည်စံချိန်မရရင် အောစူပါ၊စူပါတွေက စံချိန်မရကောင်းလာဆိုပြီး ဆဲဆိုနေတာ။ အလုပ်သမားတွေမှာ သန့်စင်ခန်းတောင် မသွားနိုင်ဘူး။ သွားရင်လည်း လက်မှတ်ထိုးပြီးမှ သွားရတယ်။ လက်မှတ် မထိုးမိရင် Hrကစာရေးမက “‌ေ-ာက်လုံးတွေကို နောက်နေတာဘဲ၊ ‌ေ-ာက်လုပ်ကြ မလုပ်ဘူး။ အားနေအိမ်သာဘဲသွားနေတာ” ဆိုပြီး ပြောနေတာ” လို့ ပြောပါတယ်။
 
စက်ရုံ လုပ်ငန်းခွင်အတွင်း နေ့စားအလုပ်သမား ၇၀ကျော်ကို ဒေးကြေး ၆၈၀၀ နဲ့ ခိုင်းစေပြီး အော်ဒါနည်း တာနဲ့ နေ့စားအလုပ်သမားတွေ ဥပဒေမဲ့အလုပ်ထုတ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ ၁၄၊၁၅၊၁၆နှစ်အရွယ် လူငယ်၊လူရွယ် အလုပ်သမား အများအပြားကို ဆရာဝန် ထောက်ခံချက်လဲမပါဘဲ ခိုင်းစေထားတယ်လို့ သိရပါတယ်။
 
“HR က အလုပ်ခန့်ရင် မှတ်ပုံတင်တောင်မကြည့်ဘူး၊ နေ့စားအလုပ်သမားအနေနဲ့ပဲ အလုပ်ဝင်ခိုင်း တယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
New Zhong Hui Co.,Ltd က ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ ဆိပ်ကမ်းသာလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော်လုပ်ကိုင်နေပြီး RESERVED, Sinsay, CALLIOPE, House စတဲ့ ဥရောပ အခြေစိုက် ကုမ္ပဏီ အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026