NEWS

NEW ZHONG HUI CO.,Ltd အထည်ချုပ်အချိန် ပိုအလွန်အကျွံခိုင်းစေ

CoverLogo
512 Views
 
ရန်ကုန် ၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာဖွင့်လှစ်ထားတဲ့ NEW ZHONG HUI CO.,Ltd အထည်ချုပ်စက်ရုံမှာ အချိန်ပို ညည့်နက်ထိ ဖိအားပေးခိုင်းစေတာ အပါအဝင်လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ရှိနေပြီး အရေးယူပေးစေလိုတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားပါတယ်။
 
အဆိုပါစက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၇၀၀ ကျော်နဲ့ RESERVED, Sinsay, House စတဲ့အမှတ်တံဆိပ် အင်္ကျီနဲ့ အနွေးထည်တွေချုပ်နေတာလို့ သိရပါတယ်။
 
အဆိုပါလုပ်ငန်းခွင်ထဲမှာ အသက် ၁၄ နှစ်မှ အသက် ၁၆ နှစ်အရွယ် ကလေးလုပ်သားအများအပြားခိုင်းစေနေပြီး အလုပ်လုပ်ရန် သင့်လျော်ကြောင်း ဆရာဝန်ထောက်ခံချက် မတောင်းဘဲ နေ့စားလုပ်သားတွေအဖြစ် ခိုင်းစေနေပြီး မလိုအပ်ပါက အလုပ်မှ ဥပဒေမဲ့ထုတ်ပယ်တာကြောင့် နစ်နာမှုတွေဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။
 
ထပ်မံပြီး အထည်စံချိန်ကို ချုပ်လုပ်နိုင်တာထက်ပိုမိုတောင်းခံတာ တွေပြုလုပ်နေပြီး အလုပ်သမား စုစုပေါင်း ၄၀ ခန့်ရှိတဲ့ စက်လိုင်းတစ်လိုင်းလျင် တနာရီကို အထည် ၃၀ ပေးရပြီး တောင်းခံသော စံချိန်မရပါက ဆဲဆိုခိုင်းစေမှုတွေ ပြုလုပ်နေတာကြောင့် အခက်တွေ့နေရတယ်လို့ ပြောပါတယ်။
 
"အောလင်း၊ အောနိုက် ( ညလုံးပေါက်) တွေခေါ်တာ မဆင်းမနေရ ဆင်းရတယ် အလုပ်ရှင်ဘက်က ခေါ်တဲ့ အချိန်ပိုမဆင်းရင် ဂရိတ်ကြေး အဖြတ်ခံရတယ် အဆဲလည်း ခံရတယ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်ခံရတာတွေလည်းရှိတယ်။ အခုဆို ည ၁၀ ခွဲကနေ ၁၂ နာရီထိအချိန်ပိုဆင်းပေးနေရပါတယ်။ စနေနေ့ဆို ည ၈ နာရီအထိဆင်းရသလို ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်ပေါ်တယ်" လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်ချိန်် နံနက် ၇ နာရီခွဲကနေ နေ့လည် ၁၁ ခွဲထမင်းစားပြီးချိန် ၁၂ နာရီ မှ ည ၁၀ နာရီထိ နားချိန်မရဘဲ တောက်လျှောက်လုပ်ကိုင်နေရတယ်လို့ လည်းပြောပါတယ်။
 
ဒါ့အပြင် အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့် ဆေးခွင့် ခံစားခွင့်များ မရရှိသလို လူမှုဖူလုံရေးကြေးပေးသွင်းရပေမယ့် ဖူလုံရေးကတ်လဲမရသလို ခံစားခွင့်တွေမရဘဲ ဆုံးရှုံးနေရတယ်လို့ ပြောပါတယ်။
 
အလုပ်တရက်ပျက်ပါက ဒေးကြေး ၊ ထောက်ပံ့ကြေး ၊ ရက်မှန်ကြေး အပါ အစုစုပေါင်း ၅ သောင်းကျပ်အထိဖြတ်တောက်တာကြောင့် နစ်နာနေတယ်လို့ ဆိုပါတယ်။
 
အခုလို လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေကြောင့် နစ်နာမှုတွေရှိသလို ပိုမိုကောင်းမွန်တဲ့လုပ်ငန်းခွင်ဖြစ်ရေးအတွက် အောက်ပါအချက်အလက်တွေကို ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်တွေကတော့
၁။ အလုပ်ရှင်ခေါ်သော အချိန်ပိုအိုတီ အောလင်း၊ အောနိုက်များမဆင်းလျင် အောစူပါများမှာဆဲဆိုခြင်း မပြုလုပ်ရန်၊
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများမချုပ်လုပ်နိုင်သော အထည်စံချိန်များကို မတရားတောင်းခံနေခြင်း မပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်များခံစားခွင့်ပေးရန်။
၄။ အလုပ်ရှင်ဘက်မှ နေ့စားအလုပ်သမားများကို ဥပဒေမဲ့အလုပ်ထုတ်နေခြင်း မပြုလုပ်ရန်။
၅။ လုပ်ငန်းခွင်ထဲတွင် နိုင်ငံခြားသား တရုတ်တွေက အလုပ်သမားများကိုတိုက်ရိုက် အုပ်ချုပ်နေခြင်းမပြု လုပ်ရန် စတဲ့အချက်တွေဖြေရှင်းပေးစေလိုတယ်လို့
NEW ZHONG HUI CO.,Ltd အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026