NEWS

New Plus စက်ရုံက အလုပ်သမားတွေ တစ်နှစ်နီးပါး အချိန်ပိုအလကား ဆင်းနေရတယ်လို့ဆို

CoverLogo
1.3K Views

ရွှေပြည်သာမြို့နယ် နွားခြံမှတ်တိုင်အနီး မက်စ်ဆိုင်လမ်းရှိ New Plus စက်ရုံကအလုပ်သမားတွေဟာ အချိန်ပိုကြေးမရဘဲ အလကားဆင်းပေးနေရတာ နှစ်ပေါက်နေပြီလို့ အဲ့ဒီစက်ရုံအလုပ်သမားတွေထံက သိရပါတယ်။ 

 

"မန်နေဂျာဆိုရင် သိသိနဲ့လက်ခံနေတယ်။ ပုံမှန်ဆိုရင် မနက် ၈ နာရီကနေည၇ နာရီအထိက ပုံမှန်။ ခု၇နာရီကနေ၈နာရီအထိတစ်နာရီကို အလကားဆင်းပေးနေရတယ်။ ပိုက်ဆံမရဘူး။ ကြာနေပြီနှစ်ပေါက်တော့မယ်။ အရင်ကအဲလောက်မဆိုးဘူး။ ငါတို့မရှိလို့လုပ်စားနေရတာပါလေဆိုပြီး နားလည်မှုပေးနေပါသေးတယ်။ ခုကတစ်လကိုရက်သုံးဆယ်ဆိုရင် ၂၅ရက်လောက်က အလကားဆင်းပေး နေရတယ်။ မနေ့ကတုန်းကဆိုရင် သူတို့တောင်းတဲ့တားဂတ်မပြည့်လို့တဲ့ အိုတီအလကားဆင်းပေးဖို့ခေါ်တယ်။ ကျွန်မမဆင်းဘူး ပြန်လာခဲ့လိုက်တယ်။ သူတို့ဘက်ကဘာပြောလဲဆိုတော့ ရတယ်မဆင်းနဲ့အာဝါဒီမပြည့်လို့ဆင်းခိုင်းတာမဆင်းတာရတယ် အေဘီစီဂရိတ်မှာစကားပြောမယ်လို့ပြောတယ်။ 

သူတို့ခေါ်လို့အချိန်ပိုအလကားဆင်းရင်ဆင်းမဆင်းရင် ဂရိတ်ကြေးချမယ်အဲ့လိုပြောတာ။ တော်တော်ကိုတရားလွန်လာတယ်။ ခုကျွန်မတို့လည်း ဘယ်လိုမှမခံနိုင်တော့လို့ မကျေနပ်လို့ ခုလိုထုတ်ပြောတာ။ အခြားအလုပ်သမားတွေကလည်း အခုလိုထုတ်ဖော်ပြောဆိုဖို့ ဆန္ဒရှိကြတယ်"လို့ အလုပ်သမားကဆိုပါတယ်။ 

 

အဆိုပါစက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီးအလုပ်သမားတစ်ထောင်ခန့်ဖြင့်လည်ပတ်နေကာ Feel Sky ,WOOLLYTEC အမည်ဖြင့်အထည်များချုပ်သလို အခြားသောကုတ်အင်္ကျီများလည်းချုပ်တယ်လို့ သိရပါတယ်။ 

 

အလုပ်သမားများအနေနဲ့ ခွင့်ယူရာမှာအကြီးစားခွဲစိတ်မှုနာမကျန်းဖြစ်မှသာ ခွင့်ယူရနိုင်ပြီး သာမန်ဖျားနာမှုခွင့်ကတော့ ယူဖို့ခက်ခဲသလိုမလွယ်ကူဘူးလို့သိရပြီး အလုပ်သမားတွေကို စံချိန်တွေမတရားတိုးချုပ်ခိုင်းကာ အချိန်ပိုအလကားဆင်းပေးနေတဲ့အပေါ် ဝိုင်းဝန်းဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားများကဆိုပါတယ်။ 

 

"သူတို့က အာဝါဒီနဲ့ပတ်သက်ပြီး အရမ်းများနေလို့မရနိုင်ရင်မရနိုင်တဲ့နှုန်းထားကို သူတို့ခေါင်းဆောင်ပိုင်းတွေက ညှိပေးရမှာကို မညှိပေးဘဲအချိန်ပိုအလကားဆင်းပြီးချုပ်ခိုင်းတယ်။ အဲလိုမှမပြီးရင် ပိတ်ရက်မှာထပ်ခေါ်ပြီး အလကားဆင်းချုပ်ခိုင်းတယ်။ သူတို့က၂၀ရနိုင်ရင်၂၅အဲ့လိုပိုတောင်းတယ်။ အဲ့ဒီ၂၅လုံးပြီးတယ်ဆိုရင် ကျွန်မတို့ကခြောက်ထောင်ပဲရတယ်။ သူတို့တောင်းတဲ့၂၅မရဘူးဆိုရင် အလုပ်ချိန်အချိပိုအလကားဆင်းပေးရတယ်။ ၀န်ထမ်းတွေကပြောတယ် မရရင်မယူဘူး မချုပ်နိုင်တာကြီးကိုတော့မယူဘူး။ သူတို့ကအဲလိုလည်းမဟုတ်ဘူး။ ညီမတို့ကခြောက်ထောင် လောက်ပဲရတာ သူတို့ကသုံးဆ ၁၈၀၀၀ ရတယ်။ သူတို့ကစူပါမို့ဘယ်လိုကြောင့်ဆင်းဆင်း ပိုက်ဆံရတယ်တဲ့ သူတို့ရုံးပိုင်းကပဲသိရတယ်။ဒါက သေချာမသေချာတော့ မသိဘူး"လို့ အလုပ်သမားကဆိုပါတယ်။ 

 

စက်ရုံအလုပ်သမားတွေဟာ စံချိန်မီရန်ကြိုးစားချုပ်လို့ ပြည့်မီပါကထပ်မံတိုးလာပြီးချုပ်ခိုင်းတာရှိသလို စံချိန်နာရီစောအလုပ်ပြီးလို့ မိမိတို့ဖယ်ရီပေါ်တက်ရောက်အနားယူပါက အနားယူ၍မရဘဲ ထပ်မံချုပ်ပေးရပြီး စံချိန်ထပ်တိုးတောင်းလို့မပြီးပါက မပြန်ရဘဲအချိန်ပိုဆင်းချုပ်ပေးရတာဖြစလို့ဆုကြေးခြောက်ထောင်ရဖို့အတွက် အချိန်ပိုနာရီပေါင်းများစွာ အလကားဆင်းပေးနေရတာကြောင့် အချိန်ပိုကြေးကိုသာ ရရှိလိုတယ်လို့ အလုပ်သမားတွေကဆိုပါတယ်။

 

အဲ့ဒီလိုအချိန်ပိုအလကားဆင်းပေး​ရေတာဟာ စံချိန်မပြီးလို့ဆင်းခိုင်းတယ်လို့ဆိုပေမဲ့ စံချိန်ပြည့်မီလည်းပဲ ထုံးစံအတိုင်းဆင်းနေကျအတိုင်းတစ်နာရီအချိန်ပိုဆင်းပေးနေရတာ​ကြောင့် အဲဒီလို အလကားဆင်းပေးနေရတဲ့အပေါ် ဖြေရှင်းပေးဖို့ WCC ကိုပြောပေမဲ့ ဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026