NEWS

New Plus အထည်ချုပ် ဆုကြေး ခွဲခြားပေး

CoverLogo
392 Views
 
New Plus အထည်ချုပ်စက်ရုံက ဆုကြေးတိုးပေးမယ်လို တရားဝင်ပြောဆိုပြီး လစာမှာတော့ တိုးပေးတာ မရှိဘူးလို အလုပ်သမားတွေက ပြောပါတယ်။ စက်ချုပ်မဟုတ်တဲ့ တခြားဌာနတွေကို ဆုကြေးတိုးပေးမယ်လို ပြောဆိုခဲ့တာဖြစ်ပြီး တကယ်တိုးပေးတာက ဌာနတခုနဲ့ လိုင်း အရည်အသွေးစစ် (QC) တချိုပဲ ဖြစ်တယ်လို သိရပါတယ်။
 
“စက်ရုံမှူး မိုက်နဲ့အော်ပြိး ပြောခဲ့တာကို ကြားတယ် ။ တခြားဌာနတွေကို တိုးပေးမယ်လို ပြောခဲ့တာ ။ ညီမတို သိရတာတော့ cutting ဌာန နဲ့ Line QC တွေပဲ တိုးသွားတယ်။ ကျန် sectionတွေကို တိုးပေးတယ်လို မကြား ရဘူး” လို စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံအတွင်းက စက်လိုင်းမဟုတ်တဲ့ တခြားဌာနတွေကို ပြီးခဲ့တဲ့ လထဲမှာ ဆုကြေးတိုးပေးတော့မယ်ဆိုပြီး အသံချဲ့စက်နဲ့ ကြေညာပြောဆိုခဲ့တာလို အလုပ်သမားတွေက ပြောပါတယ်။ စက်ချုပ်မဟုတ်တဲ့ တခြားဌာနမှာ Cutting ဌာန အပါအဝင် ဌာန ၃ ခုရှိပြီး လုပ်သားအရေအတွက်က စက်ချုပ်လုပ်သားဦးရေထက် လေးပုံတစ်ပုံလောက်သာ ရှိတယ်လို သိရပါတယ်။
 
“ညီမတိုကို စက်ရုံမှူးက ဆုကြေးတိုးပေးမယ်လို တရား၀င်ကြေညာပြီးသားပါ၊ လစာထုတ်တော့ ဆုကြေးက ပါတဲ့ ဌာနက ပါပြီး မပါတဲ့ ဌာနက မပါဘူး။ ညီမတိုက ပြောတော့လည်း အကြောင်းမျိုးမျိုးပြပါတယ်။ ညီမတို ခွဲခြားခံရတယ်။ စက်လိုင်းက တောင်းပြီဆို နှစ်ခါ မပြောရဘူး တခြားဌာနတွေက အကြောင်းကြောင်းမျိုးပြပြီး လုပ်မပေးဘူး။” လို ပြောပါတယ်။
 
ဆုကြေးရတဲ့ အလုပ်သမားနဲ့ မရတဲ့ အလုပ်သမားတွေကြား အနည်းဆုံး လေးသောင်းကွာခြားပြီး ဒီလိုကွာခြားမှုအတွက် တိုင်ကြားမှုတွေ ရှိခဲ့တယ်လို အလုပ်သမားတွေက ပြောပါတယ်။
 
“ပြီးခဲ့တဲ့ အပတ်က လာစစ်တယ်၊ တခြားဌာနတွေပဲ စစ်သွားတယ်။ ဒီနောက် တခြားဌာနတွေကို ဆုကြေး တိုးပေးမယ်ဆိုပြီး မိုက်နဲ့ အော်တာပဲ။ အထည်တွေ ထွက်တယ်ဆိုတာ စက်ချုပ်ဌာန တခုတည်းလုပ်လိုလည်း မဟုတ်ဘူး၊ Cutting တွေလုပ်နေလိုလည်း မဟုတ်ဘူး။ စက်ရုံထဲက ဌာနတွေ အားလုံးပေါင်းလုပ်လို ဖြစ်တာပါ။ ဆုကြေးဆိုလည်း မျှမျှတတနဲ့ အားလုံးမျှမျှတတ ရချင်ပါတယ်။ ” လို ပြောပါတယ်။
 
New Plus အထည်ချုပ်စက်ရုံက ရန်ကုန်မြို ၊ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်းမှာ ရှိပြီး လုပ်သား ၁၀၀၀ ကျော် လုပ်ကိုင်နေတယ်လို သိထားပါတယ်။

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026