NEWS

NEW HAND SOME INDUSTRY CO.LTD အလုပ်သမား ၂ဦးကို အလုပ်ထုတ်၊ ကျန် အလုပ်သမားများအား ခြိမ်းခြောက် လက်မှတ်ထိုးခိုင်း

CoverLogo
1.1K Views

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ မက္ခရာမင်းသားကြီးလမ်းက NEW HAND SOME INDUSTRY CO.LTD ပိုင် အထည်ချုပ်စက်ရုံမှာ ကုန်အမှတ်တံဆိပ်ကို အကူအညီတောင်းခဲ့တဲ့ လုပ်သက်ရင့် အလုပ်သမား ၂ ဦးကို အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ စက်ရုံအလုပ်သမားတွေက မြန်မာနိုင်ငံအထွေထွေ လုပ်သားများ သမဂ္ဂအဖွဲ့ချုပ်  FWGM ကို လာရောက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

NEW HAND SOME INDUSTRY CO.LTD အထည်ချုပ်စက်ရုံကတော တရုတ်နိုင်ငံသားပိုင် ဖြစ်ပြီး CMP ကုန်အမှတ်တံဆိပ် ချုပ်လုပ်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၅ ရက်က အတည်ချုပ်စက်ရုံမှာ အလုပ်သမားဝန်ထမ်းအားလုံးကို စက်ရုံမှူး မန်နေဂျာ စကားပြန်က တွေ့ဆုံပြီး အလုပ်သမားတွေကို အလုပ်ထုတ်မယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ စက်ရုံအလုပ်သမား တွေက ပြောပါတယ်။

“အလုပ်သမားတွေက အလုပ်ရှင်နဲ့ ညှိနှိုင်းကြပါတယ်။ အော်ဒါမရှိရင် စက်ရုံပိတ်လို့ရတယ်။ နစ်နာကြေး အပြည့်အဝပေးဖို့ ပြောခဲ့ပါတယ် ။ အလုပ်သမား ၂ ဦးက ကုန်အမှတ်တံဆိပ် ဘရန်းကို အကူအညီတောင်း တော့ အဲ့ဒီ၂ဦးကို နိုဝင်ဘာလ ၂ ရက်မှာ နစ်နာကြေး အပြည့်အဝမပေးပဲ အလုပ်က ထုတ်ပယ်ခဲ့ ပါတယ်” လို့ စက်ရုံအလုပ်သမားတွေက FWGM ကို ပြောပါတယ်။

အဲဒီနောက် စက်ရုံထဲက ကျန်အလုပ်သမားတွေကိုလည်း သက်ဆိုင်ရာကိုမှ မတိုင်ပါဘူးလို့ ဝမ်တိန် ထိုးပြီးမှ အလုပ် ဆက်လုပ်ရမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့လည်း အလုပ်သမားတွေက (FGWM)ကို ပြောကြားခဲ့ တာပါ။ 
"ပြီးခဲ့တဲ့လတည်းက တောက်လျှောက် အလုပ်သမားတွေကို အမျိုးမျိုးပြောပြီး အလုပ်ထုတ်မယ်ပြောလိုက် စက်ရုံပိတ်မယ်ပြောလိုက်နဲ့ အလုပ်သမားတွေက စိုးရိမ်နေကြပါတယ်။ လက်ရှိမှာ စက်ရုံကလဲ ပိတ်ထားတာ ။ အလုပ်ရှင်က နစ်နာကြေးမပေးပဲ ပြေးမှာလား၊ အလုပ်သမားတွေကို ဒီလိုပဲ ထားခဲ့ပြီး အခြားနေရာမှာ စက်ရုံ ဖွင့်မှာလား မသိရတော့ စိတ်ပူနေကြရပါတယ်။ ထိုအလုပ်သမားတွေမှာ ကိုယ်ဝန်ဆောင်တွေ နှစ်ကြီးသမား တွေလဲ ပါဝင်နေပါတယ်။” အလုပ်သမားတွေက ပြောကြားပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမား၂ဦးက မတရားအလုပ်ထုတ်ခံရတာနဲ့ လက်စက်ရုံက တာဝန်ယူမှု မရှိတာ ကို အများပြည်သူတွေသိရှိဖို့နဲ့  ချုပ်လုပ်နေတဲ့ ကုန်အမှတ်တံဆိပ်ကို တာဝန်ယူဖြေရှင်းပေးဖို့ FGWM ကို အကူအညီတောင်းခံခဲ့တာလို့လည်း သိရပါတယ်။

#FGWM 
#MyanmarLabourNews


Related posts

Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026