NEWS

New Fubon အထည်ချုပ် စက်ရုံ အချိန်ပို မဆင်းလို ရရှိပြီး ဆုကြေးများအား ဖြတ်တောက်

CoverLogo
250 Views
 
New Fubon Co.,Ltd ပိုင်အထည်ချုပ်စက်ရုံက အလုပ်ပိတ်ရက် အချိန်ပို မဆင်းလို ဆိုပြီး အလုပ်သမားတွေကို ရရှိထားတဲ့ ဆုကြေး ၁၀ ရက်အတွက် ဖြတ်တောက်ခဲ့တယ်လို မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှု လက်မှု အလုပ်သမားများ အဖွဲချုပ် (IWFM) ကို အလုပ်သမားတွေက ပြောကြားတယ်လို သိရပါတယ်။
 
“အဲ့ဒီ စက်ရုံမှာ အချိန်ပိုကို တစ်လလုံး ဆင်းခိုင်းထားတယ်။ အလုပ်သမားတွေ နားရက်မရ နဲ့ ၊ အိုတီချိန်တွေအများကြီး လုပ်နေကြရတယ်၊ ” လို IWFM တာဝန်ရှိသူက ပြောပါတယ်။
 
စက်ရုံဘက်က လုပ်ကိုင်ခိုင်းတဲ့ အချိန်ပိုတွေက ညနက်နဲ့ ညလုံးပေါက် လုပ်ကိုင်ပေးနေရတာဖြစ်ပြီး မဆင်းပါက လိုင်းခေါင်းဆောင် စူပါတွေက ဖိအားပေးပြောဆိုတယ်လို အလုပ်သမားတွေက ပြောပါတယ်။
 
“အိုတီတွေက ညလုံးပေါက် ဆင်းပေးနေတာ၊ အချိန်ပိုအိုတီမဆင်းတာနဲ့ စူပါက မဆင်းလို ခေါ် ပြောတယ်။ အချိန်ပို လက်မှတ် တွေလည်း အတင်းအကျပ် ထိုးခိုင်းတာ။ အလုပ်ပိက်ရက် အချိန်ပို မဆင်းတာနဲ့ ရထားပြီးသား ဆုကြေး ၁၀ ရက် အတွက် အဖြတ်ခံရတယ်။” လို ပြောပါတယ်။
 
စက်ရုံဘက်က အထည်စံချိန် တစ်ဖက်သတ် သတ်မှတ်တောင်းခံတာကြောင့် အထည် စံချိန်မပြည့်ပါက အချိန်ပို တွေကို နားရက်မရှိဆင်းပေးနေရတာလို ပြောပါတယ်။
 
“ စက်ရုံဘက်က တောင်းတဲ့ စံချိန်မရရင် အချိန်ပိုဆင်းခိုင်းတယ်။ ဒီကြားထဲ အောစူပါ၊စူပါ တွေက ဆဲတယ်၊ အများရှေ့မှာ အော်တယ်။ စံချိန်တွေ မတရားတောင်းလို ထမင်းစားချိန်မှာ ထမင်းမစားရဘဲ ချုပ်နေရတယ်။” လို အလုပ်သမားတဦးက Myanmar Labour News ကို ပြောပါတယ်။
 
စက်ချုပ်လုပ်သား ၂၀ ဝန်းကျင်ရှိ စက်လိုင်းတစ်လိုင်းကို အထည်စံချိန် တစ်နာရီ အထည် ၂၃၀ အထိ စက်ရုံဘက်ဘက် တောင်းခံတဘ်လို အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင် ၁၄၊၁၅၊၁၆နှစ်မရွယ် လူငယ်၊လူရွယ် အလုပ်သမားအများအပြားကို လူကြီးအလုပ်သမားတွေနဲ့ တန်းတူ အချိန်ပို ဆင်းခိုင်းတယ်လို အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမားတွေ အသုံးပြုနေတဲ့ အိမ်သာတွေမှာ ပျက်စီးနေသလို တခြားလိုအပ်ချက်တွေ အများအပြားရှိနေတယ်လို အလုပ်သမားတွေက ပြောပါတယ်။
 
“သောက်ရေသန့် ကို စက်ရုံဘက်က ထားမပေးဘူး။ ရေသန့်စက် ရေ သောက်ရတယ်။ ဆေးလည်း မလုံလောက်ဘူး။ အလုပ် လုပ်ရင်း မူးလဲလို ဆေးခန်းမှာ နားမရဘူး ၊ စက်ချုပ်နေရာမှာပဲ နားရတယ်။ ခွင့်လည်းမရဘူး၊ ဆေးခွင့်လည်းမပေးဘူး။ ပြီးရက်ပျက်ဆိုပြီး ဒေးကြေး၊ ရက်မှန်ကြေး၊ တခြားဟာတွေပါ ဖြတ်ခံရတယ်” လို အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
New Fubon Co.,Ltd စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပြီး ရန်ကုန်မြို ၊လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်းမှာ ဖွင့်လှစ်ထားပါတယ်။ စက်ရုံမှာ အလုပ်သမား ၃၅၀ ကျော် လုပ်ကိုင်နေပြီး လက်ရှိ Plus တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို သိရပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026