NEWS

Nadia Pacific Apparel Co.,Ltd ကြီးကြပ်ရေးမှူး ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ စက်ချုပ်လုပ်သား သုံးရက်ကြာ ကုသရ

CoverLogo
904 Views
 
ရန်ကုန်မြို့ ၊ လှိုင်သာမြို့နယ်၊ စက်မှုဇုန် ၂ ၊ ဦးထွန်းညိုလမ်းက ကိုရီးယားအမျိုးသားပိုင် Nadia Pacific Apparel Co.,Ltd စက်ရုံမှာ ကြီးကြပ်ရေးမှူး အောစူပါက စက်ချုပ်လုပ်သားတဦးကို ကပ်ကြေးနဲ့ ထိုးတာကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အဲဒီ လုပ်သားက ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူက အသက် ၂၂ အရွယ် အမျိုးသားတဦး ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာကြောင့် ၃ ရက်ကြာ ကုသမှု ခံခဲ့ရတယ်လို့ ပြောပါတယ်။
“ပယ်ထည်များတယ်၊ စံချိန်ဘယ်လို ပြည့်မှာလည်း ဆိုပြီး ၊နောက်ကနေ ငါးထိုးလိုက်ရမလားဆိုပြီး ထိုးလိုက် တာ၊ စက်ကို အာရုံစိုက်ပြီး ချုပ်နေတာတော့ နောက်ကနေထိုးတာ မသိလိုက်ဘူး ။ ကြည့်လိုက်တော့ သွေးထွက် နေတယ်။ နောက်တော့ အောင့်ပြီး နာလာတယ်။ တော်တော်လည်း ကြောက်နေတာ။ ဒါနဲ့ဘဲ ညနေ ၆ နာရီ စက်ရုံ ဆင်းတဲ့ အထိ ချုပ်ပေးလိုက်ပါတယ်။ စံချိန်လည်းပြည့်သွားတယ်။” လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စက်ချုပ် လုပ်သားက ပြောပါတယ်။
ဖေဖော်ဝါရီ ၃၁ ရက် နေ့လည် ၁၀ နာရီခွဲဝန်းကျင်မှာ ထိခိုက်ဒဏ်ရာရှိခဲ့တာဖြစ်ပြီး နောက်ရက်မှာ လူမှုဖူလုံရေး ဆေးခန်းဆီ သွားရောက် ကုသမှုခံယူခဲ့ရတယ်လို့ ပြောပါတယ်။ ကပ်ကြေးနဲ့ထိုးပြီး ဒဏ်ရာရှိအောင် ပြုလုပ်ခဲ့တဲ့ အောစူပါ ဆိုဟာ စက်လိုင်း ၆ နဲ့ ၇ ကို ကြီးကြပ်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။
“စက်ရုံမှာ လုပ်သက် နှစ်နှစ်ကျော်ရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရအောင် လုပ်တာ ဒါက ဒုတိယအကြိမ်ပါ ။ ပထမ တကြိမ်တုန်းက နားထင်(ဦးခေါင်း) ကို လက်နဲ့ ဖိထိုးတာ၊ ခေါင်းကို ခေါက်တယ်၊ လက်မောင်းကို ဆွဲလိမ်တယ် ၊ မိုက်နဲ့ နာမည်ကို အော်ပြောတယ်။ ကျွန်တော် အရမ်းလည်း ရှက်တယ် ။ အရမ်းကြောက်သွားလို့ ၊ တပတ်ကြာ အောင် အလုပ်မဆင်းနိုင်ဘူး ။ အလုပ်လုပ်ဖို့ ပြန်ခေါ်တော့လည်း သူတို့ပါပဲ ။ ဒုတိယအကြိမ်ဖြစ်ပြီးတော့ ပိုကြောက် နေပြီ ၊ အခု အလုပ်လည်း မသွားဖြစ်တော့ဘူး “ လို့ ဆက်ပြောပါတယ်။
အဲ့ဒီအောစူပါနဲ့ လိုင်းအမှတ် ၆ စူပါရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကြောင့် စက်ချုပ်လုပ်သား ၅၀ နီးပါး အလုပ်က ထွက်သွားကြတယ်လို့ ဆက်ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း အမျိုးသား၊ အမျိုးသမီးတွေရှိနေ ပေမဲ့ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုတဲ့ အပြင် ပါးရိုက်တာ၊ တွေ့ရာပစ္စည်းနဲ့ ပစ်ပေါက်တာ အပါအဝင် တခြား ကိုယ်ထိလက်ရောက် ကျူးလွန်တာကြောင့်လည်း စက်ချုပ်လုပ်သားတွေ အဲ့ဒီ စက်ရုံကနေ ထွက်သွားကြတာလို့ ပြောပါတယ်။
“ရှေ့မှာ ဖြစ်တဲ့ ပြဿနာတွေတုန်းက စက်ရုံတာဝန်ရှိသူတွေကို တိုင်ကြတယ်။ ဒါပေမဲ့ အောစူပါကို ဘာမှမပြောသလို ၊ ဘာမှ မလုပ်ကြဘူး ။ ဒါကြောင့် ကျွန်တော် တော်တော်ကြောက်တယ်။ ဒါကြောင့်လည်း စက်ရုံကို ဘာမှ မပြောဖြစ်တာ။ ကျွန်တော်ညီဆိုရင် လိမ်ဆွဲတာခံရတယ်။ သူလည်း ရှက်ပြီး အလုပ်ထွက် လိုက်တယ် ။” လို့ အဲဒီ စက်ချုပ်လုပ်သားက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရှိသူ စက်ချုပ်လုပ်သားဟာ စက်ချုပ်သက်တမ်း ၄ နှစ်ကျော်ရှိနေပြီး Nadia Pacific Apparel Co.,Ltd မှာ လုပ်ကိုင်နေတာ ၂ နှစ်ကျော် ရှိပြီလို့ ပြောပါတယ်။ စက်ရုံတာဝန်ရှိသူတွေက ကျူးလွန်သူတွေကို ထိန်းသိမ်းကြပ်မတ်ပြီး ထိုက်သင့်တဲ့ အရေးယူမှု ပြုလုပ်စေလိုတယ်လို့ မိသားစုဝင်တွေက ပြောကြားထား ပါတယ်။

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026