NEWS

Myanto အထည်ချုပ် ပယ်ထည် တခါကျ ကျပ် ထောင့်ငါးရာဖြတ်

CoverLogo
524 Views
 
Myanto Industrial Co.,Ltd အထည်ချုပ်စက်ရုံ ဝယ်လွန်ချုပ်ဌာနမှာ ပယ်ထည် တခါကျပါက ကျပ် ၁၅၀၀ အထိ ဖြတ်တောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊မြခေတ္တာလမ်းမှာရှိပြိး အလုပ်သမား ၆၀၀ ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
"စက်ရုံမှာ ဘောင်းဘီ၊ ဝယ်လွန်အထည်တွေ ချုပ်တာ များတယ်။ စက်သမားတစ်ယောက်ကို ၃ပွိုင့် ၄ပွိုင့် အထိ ချုပ်နေရတာ။ တောင်းတဲ့ အထည် စံချိန်မပြည့်တာနဲ့ အလုပ် သမားများကို အော်စူပါ၊ စူပါတွေက မီတင်ခေါ် ၊ အော်ဟစ်ပြောတော့တာပဲ။ ဆိုးတာကတော့ ဝယ်လွန်အခန်းမှာ ပဲထည် ကျရင် အလုပ်သမားတွေဆီက ပိုက်ဆံ ၁၅၀၀ ကောက်တော့တာပဲ။” လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောပါတယ်။
လက်ရှိ အထည်ချုပ်လုပ်သားတဦးရဲ့ တရက်လုပ်ခက ကျပ် ၄၈၀၀ ဖြစ်ပြီး ထောက်ပံကြေး ကျပ်နှစ်ထောင်ကို ပြီးခဲ့တဲ့ နှစ်က တိုးပေးတာကြောင့် စုစုပေါင်း တရက် ကျပ် ၆၈၀၀ သာ ရရှိနေတာဖြစ်ပါတယ်။
Myanto Industrial CO.Ltd စက်ရုံက တရုတ်နိုင်ငံသား ပိုင်ဆိုင်ပြီး October၊ AMISU၊ aero guard တံဆိပ် ဘောင်းဘီ၊ ဝယ်လွန်အင်္ကျီတွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။
စက်ရုံအတွင်း အလုပ်သမားတွေအပေါ် စူပါတချို့က ကိုယ်ဝန်ဆောင် အလုပ်သမားအပါအဝင် ခွဲခြားဆက်ဆံ၊ ပြောဆိုတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကို အလုပ်သမားတွေက ပြောဆိုပါတယ်။
“ အလုပ်ရှင်ကလည်း စာတိုးပေးတာကို စက်သမားပဲ တိုးပေးနိုင်မယ်၊ အခြားအလုပ်သမားတွေမပါဘူး ပြောတယ်။ စစ်အစိုးရက တိုး ပေးတာမဟုတ်ဘူး။ ငါတိုးပေးတာဆိုပြီး ပြောတယ်။ ခွဲခြားပြီးဆက်ဆံတာ။ လိုင်း ၇ က ကိုယ်ဝန်ဆောင်မိန်းခလေးကို ကိုယ်ဝန် ဘာလို့ရှိတာလဲ ဆိုပြိး မေးတယ်။ ကိုယ်ဝန်ရှိရင် စက် ရုံက အလုပ်မခန့်ဘူးလို့လည်း ပြောတယ်။
စက်ရုံကို ကုန်အမှတ်တံဆိပ်ဘက်က စစ်ဆေးရေးဝင်ရင်ရင် အောစူပါ၊ စူပါတွေ ကြို သင်ထားတဲ့ အလုပ်သမားတွေနဲ့ပဲ တွေ့ပေးတယ်၊ အလုပ်သမားတွေက အောစူပါတွေကို ကြောက်တော့ သင်ပေးတဲ့ အတိုင်းပဲ ဖြေရတာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံမှာ နေ့စားအလုပ်သမား အများအပြား ခိုင်းစေပြီး အကူလုပ်သား(Helper) တဦးကို ၇၈၀၀ ၊ အချိန်ပို ၁၄၀၀ သာ ပေးထားတယ်လို့ ပြောပါတယ်။ စက်ရုံ စစ်ဆေးရေးနဲ့ ဧည့်သည်တွေ လာပါက နေ့စားအလုပ်သမားတွေ အလုပ်လုပ်ခွင့်မရတဲ့ အပြင် ရှောင်တခင် ခွင့်မရတာ၊ ရက်ပျက်ပါက ဒေကြေး၊ တောက်ပံကြေး ရက်မှန်ကြေးတွေပါ ဖြတ်တောက်ခံရတယ်လို့ အလုပ်သမား အလုပ်သမားတွေက ပြောဆိုပါတယ်။
အထည်စံချိန်မပြည့်ပါက စနေနေ့မှာ ညနေ ၅ နာရီ ခွဲအထိ အလုပ်သမားတွေ အလုပ်ဆင်းပေးရတဲ့အပြင် တနင်္ဂနေ့ အပတ်တိုင်းလည်း အချိန်ပို လုပ်ကိုင်ပေးရတယ်လို့ သိရပါတယ်။ အမြဲတမ်း အချိန်ပို လုပ်ကိုင်ရလို့ မဆင်းနိုင်တဲ့ အကြောင်း ငြင်းဆန်ပါက နောက်နေ့ အလုပ်မလာတော့နဲ့လို့ ပြေဆိုပြီး ဖိအားပေး လုပ်ကိုင်ခိုင်းတယ်လို့လည်း အလုပ်သမားသမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026