NEWS

Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်

CoverLogo
263 Views
 
Myanto Industrial Co.Ltd ပိုင်အထည်ချုပ်စက်ရုံက အလုပ်သမားတချို့ကို အထည်ခိုးယူတယ်လို့ အတင်း အကျပ် ဝန်ခံခိုင်းပြီး အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“HR၊ အောစူပါ၊ စူပါတွေက အကွက်ချစီစဥ်ပြီး ရုံခန်းထဲခေါ်၊သူခိုးပါလို့ ဝန်ခံ ခိုင်းပြီးအလုပ်ထုတ်ခဲ့တယ်။ အလုပ်သမား ၅ ယောက်ကို သူခိုးလို့ စွပ်စွဲခဲ့တာ။ ခိုးယူတာကို မဟုတ်လို့ ဝန်မခံတဲ့ အလုပ်သမားတွေဆိုရင် အလုပ်ထုတ်စာပေးပြီး ထုတ်လိုက်တယ်။ ကြိုက်တဲ့နေရာသွားတိုင် ပြိးလည်း ခြိမ်းခြောက်ခဲ့တယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
၁၁ လ ပိုင်း ကနေ ၁၂လပိုင်းအတွင်း အလုပ်သမား ၅ ယောက် အထုတ်ခံခဲ့ရပြီး ဒီလို အထုတ်ခံရလို့ တိုင်းကြားသူ တွေကို အလုပ်သမားဓါတ်ပုံတွေ ဖြန့်ပြီးအရှက်ခွဲမဲ့ အပြင် ဖမ်းဆီးခိုင်းမယ်ဆိုပြီး အလုပ်ရှင်ဘက်က ခြိမ်းခြောက် ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အဲလို ခြိမ်းခြောက်ပြောတော့ အထည်မခိုးသလည်း တိုင်ကြားဖို့က မလုပ်ရဲတော့ဘူး။ ဒါတွေမဖြစ်ခဲ့ စက်ရုံ မီးခံသေတ္တာထဲက သိန်းထောင်ချီ ပျောက်လို့ အလုပ်သမားတချို့ ဖမ်းဆီးစစ်ဆေးခံရသေးတယ်။ ဒါတွေတွေးပြီး ကြောက်ကြတာ။ စက်ရုံ HR ကလည်း ဘယ်သူမှ ဂရုမစိုက်ဘူး။ သူဌေးက ငွေနဲ့ရှင်းမှာ။ ဘယ်ရုံးဖြစ်ဖြစ် ပိုက်ဆံပေး ရတယ်ဆိုပြီး အလုပ်သမားတွေကို ပြောနေတာ” လို့ ပြောပါတယ်။
 
စက်ရုံဘက်က အထည်စံချိန်ကို မမျှမတ တောင်းခံပြီး စံချိန်မရပါက ဆဲဆိုပြီး HR ကို တိုင်ကြားကာ လုပ်ငန်းခွင် ဖိနှိပ်မှုတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အထည်စံချိန်မရတာနဲ့ အောစူပါ၊ စူပါတွေကို အောဟစ်ဆဲဆိုတယ်။ ဒါတင်မဟုတ်ဘူး HR ရုံးခန်းကို တိုင်တယ်။ ၊ HRနဲ့ အောစူပါ ပေါင်းပြီး စံချိန်ကိုမရ ရအောင် ချုပ်ခိုင်းတယ်။ အလုပ်သမားတွေ မခံနိုင်လို့ ပြန်ပြောတော့ အငြိုးနဲ့ အပြစ်ရှာတယ်၊ နေရာပြောင်း လုပ်ခိုင်းတယ်။ အလုပ်သမား ဘယ်သွားသွားစောင့်ကြည့်တယ်၊ ပြီးတော့ သူခိုးလို့ စွပ်စွဲတော့တာပဲ” လို့ ပြောပါတယ်။
 
လူမှုဖူလုံရေးကြေးကိုလတိုင်း ပေးသွင်းရပြီး လူမှုဖူလုံရေးခွင့် မရရှိဘဲ့ တချို့ အလုပ်သမားတွေမှာ လူမှုဖူလုံ ရေးကြေးထည့်ဝင်ထားတဲ့ အထောက်အထား ကတ်မရတာ နှစ်နဲ့ ချီနေပြီလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ဥပဒေအရ သက်မပြည်တဲ့ အလုပ်သမားတွေ ခိုင်းစေပြီးလုပ်အားခ ခေါင်းပုံဖြတ်တာတွေ တွေ့ရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) တာဝန်ရှိသူက ပြောပါတယ်။
 
“ စက်ရုံထဲမှာ လုပ်သက် နှစ်နှစ်ကျော် အလုပ်သမားတချို့ လူမှုဖူလုံရေးကတ် မရဘူး။ ဆေးခွင့်လည်းမပေးဘူး။ တခြားခွင့်တွေဆို ရဖို့ ပိုခက်တာပေါ့။ ခွင့်မရလို့ တစ်ရက်ပျက်တာနဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာ ၈၀၀၀၀ ဝန်းကျင် အဖြတ်ခံရတယ်။ လုပ်ငန်းခွင်ထဲမှာ အသက်မပြည့်သေးတဲ့ ၁၄၊ ၁၅၊ ၁၆ အရွယ် ကလေး အလုပ်သမားတွေ အပေါ် လုပ်အားခ ခေါင်းပုံဖြတ်တာလည်း တွေ့ရတယ်” လို့ ပြောပါတယ်။
 
အသက်မပြည့်တဲ့ အလုပ်သမား ၅၀ကျော် ကို နေ့စားလုပ်သားအဖြစ် လူကြီး အလုပ်သမားနဲ့ တန်းတူစေခိုင်းပြီး ဒေးကြေးကို ၆၈၀၀ ကျပ်ဖြင့် ရှင်းပေးတဲ့ အပြင် လစားအဖြစ်ခန့်ထားပါ ဒေးကြေး ၇၈၀၀ နဲ့ရှင်းပြီး ခွဲခြား ခေါင်းပုံဖြတ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ် လုပ်ကိုင်တာ၊ ရေသောက်တာ၊ အိမ်သာသွားတာကစ စစအရာရာ အလုပ်ရှင်ဘက်က အမြဲစောင့် ကြည့်နေလို့ အကျဉ်းတောင်လို ခံစားရပြိး လုပ်ကိုင်ရတယ်လို့လည်း ပြောပါတယ်။
“အမြဲ စောင့်ကြည့်နေပြီး အလုပ်သမားများကို သူခိုးဆိုပြီစွတ်တယ်၊ ကျူးလွန်သူမဟုတ်ဘဲ့ နာမည်ပျက် စာရင်းသွင်းပြီး ဖြန့်ဝေတာက အလုပ်သမားတွေရဲ့ အခွင့်အရေးကို ပိတ်ပင်တာချိုးဖောက်တာ၊ အလုပ်သမားတွေ က အလုပ်ရှင်က အညှိုးနဲ့ လုပ်ကြံတာလို့ ပြောချင်ပါတယ်” လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) က ပြောထားပါတယ်။
 
Myanto Industrial Co.Ltd ပိုင်အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသားပိုင် ဖြစ်ပြီး ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြခေတ္တာလမ်းမှာ ဖွင့်လှစ်ထားပါတယ်။ စက်ရုံက SpringGfield, Lc Walklkl, aeroguard အမှတ် တံဆိပ်အထည်တွေကို အဓိက ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026