NEWS

Myanto Industrial စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်နေဟုဆို

CoverLogo
907 Views

လုပ်ငန်းခွင် အတွင်း ရာသီဥတုပူပြင်းမှုကြောင့် ရေမကြာမဏသောက်နေရတာတွေရှိပြီး သောက်သုံးရေကို အဆင်ပြေအောင် စီမံမပေးထားတွေအပါအဝင် လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်အရေးတွေချိုးဖောက်ခံနေရတယ်လို့ Myanto Industrial CO.Ltd စက်ရုံအလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန် မြခတ္တာလမ်းမှာ အလုပ်သမား ၆၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး OctoberAMISU စတဲ့အမှတ်တံဆိပ်အထည်တွေချုပ်လုပ်နေတာလို့ ဆိုပါတယ်။

အဆိုပါ လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။လုပ်ငန်းခွင်အတွင်းမှာ နေ့စားအလုပ်သမားတွေခန့်ထားတာရှိပြီး အကြောင်းပြချက်မရှိဘဲ လိုအပ်လျင် ပြန်လည်ခန့်ထားမည်ဟုပြောဆိုကာ မကြာခဏ အလုပ်ထုတ်မှုတွေကြောင့် နစ်နာမှုတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားကပြောပါတယ်။

"ချိုးဖောက်တာတွေအနေနဲ့ကတော့ အများကြီးပါပဲ အထည်စံချိန်တွေ မတရားတောင်းခံတာ ဆိုရင် စက်လိုင်းတလိုင်းကို လူ ၃၀ ကျော် ၊ ၄၀ ကျော်တွေရှိတယ် ဝယ်လွန်အထည်တွေကို တစ်နာရီ လိုင်းပေါက် အထည် ၃၀ ပေးရတယ် ရှပ်အင်္ကျီ ချုပ်တဲ့ လိုင်းဆို တနာရီ အထည် ၄၀ ပေးရတယ် အလုပ်ပျက်တဲ့လူတွေရှိရင်လည်း သူတို့ အစားပါ တခါတည်းမနုတ်ပေးဘဲ တောင်းတာ ဘယ်လိုဖြစ်လဲဆိုတော့ သူတို့ဘက်က တောင်းတာနဲ့ လူအားနဲ့ က မမျှတော့ အလုပ်သမားကမပေးနိုင်တော့ဘူး တချို့အထည်တွေဆိုလက်ဝင်တယ် ချုပ်ရတာခက်တယ်ပေါ့နော် အဲ့လိုမျိုးဆိုရင် အောစူပါနဲ့ စက်ရုံမှူးတရုတ်အမျိုးသမီးကနေ စက်လိုင်းထဲဝင်လာပြီး အော်ဟစ်ဆဲ ဆိုပြီး အထည်မရရအောင်ပေးရမယ်လို့ ပြောတယ် အထည်မပေးနိုင်တဲ့အလုပ်သမားကိုလည်း အောစူပါက လူကြားထဲ အော်ဟစ်ဆဲဆိုပြီး တောင်းတယ် သူတို့တောင်းတဲ့အထည်မပေးနိုင်ရင် အလုပ်ထဲက ထွက်သွားဆိုပြီးပြောတာ အလုပ်သမားတွေကို အလုပ်စလုပ်ထဲက အော်ဟစ်ဆဲဆိုပြီးတောင်းနေတာက လိုင်း ၄ စူပါ၊ လိုင်း ၆ စူပါဆိုရင် ကိုယ်ဝန်ဆောင်သည်တွေကိုပါ စက်ရုံအလုပ်လာလုပ်ရင် သူများတွေပေးတဲ့ စံချိန်အတိုင်းပေးရမယ်ဆိုပြီးပြောပါတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း ဥပဒေပါခံစားခွင့်တွေမရဘဲ အရေးပေါ်ကိစ္စရှောင်တခင်ခွင့်ယူပါက တာဝန်ရှိသူကို ဖုန်းဆက်တိုင်ကြားပေမဲ့ ခွင့်မရဘဲ ဖြတ်တောက်ခံရခြင်းကြောင့် အလုပ်တရက်ပျက်လျင် ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ၂၀၀၀၀ ကျပ်နှင့် ကျွမ်းကျင်ကြေး ပါ အဆင့်လိုက်ဖြတ်တောက်ခံရတာကြောင့် နစ်နာမှုရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်းရှိနေစဉ် နေမကောင်းဖြစ်ပြီး ဆေးခန်းပြရန် ဂိတ်ပက်တောင်းပါကလည်း ခွင့်ပြုမပေးလို့ လုပ်ငန်းခွင်ထဲက ထွက်မရဘဲ အလုပ်ဆက်လက်လုပ်ကိုင်နေရတာ တွေရှိတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်မှာ ကျွမ်းကျင်ကြေး A++ ၆၀၀၀၀၊ A+၅၀၀၀၀ ၊ A ၄၀၀၀၀၊ B ၃၀၀၀၀၊ C ၂၀၀၀၀ကျပ် သတ်မှတ်ပေးထားသော်လည်း အမှန်တကယ်ကျွမ်းကျင်သူတွေမရရှိဘဲ အနိမ့်ဆုံးအဆင့်ကိုသာရရှိတယ်လို့ အလုပ်သမားကပြောပါတယ်။

"အလုပ်ထဲမှာ ဆေးခန်းလည်းမရှိဘူး စစ်ဆေးရေးလာတဲ့အချိန်ကျရင်တော့ ဆေးခန်းဖွင့်ထားတယ် သောက်ရေဆိုလည်း ပြတ်တောက်နေတာ ရေသောက်ဖို့ကို စောင့်နေရတယ် ရာသီဥတုက အရမ်းပူတာ"လို့ အလုပ်သမားကပြောဆိုပါတယ်။

အထက်ပါ ချိုးဖောက်မှုတွေကို အမြန်ဆုံးဖြေရှင်းပေးစေလိုတယ်လို့အလုပ်သမားတွေကပြောပါတယ်။ လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေခံစားခွင့်ရသင့်တဲ့ ခွင့်တွေခံစားခွင့်ပေးဖို့ အောစူပါနဲ့ တရုတ်အမျိုးသမီးတို့မှ အလုပ်သမားတွေကို ဆဲဆို အော်ဟစ်ခြင်းမပြုဖို့ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာသတ်မှတ်တောင်းခံဖို့နဲ့ အလုပ်ပျက်သူတွေရဲ့ အထည်စံချိန်ကိုပါ ထည့်မတောင်းရန် ကျွမ်းကျင်အဆင့်သတ်မှတ်ရာမှာ အမှန်တကယ်ကျွမ်းကျင်သူတွေ ကို ကျွမ်းကျင်ကြေးများပေးရန် ရာသီဥတုပူပြင်းမှုကြောင့် လုပ်ငန်းခွင်အတွင်း သောက်ရေ မပြတ်အောင် စီမံပေးရန် စတဲ့အချက်တွေဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026