NEWS

Myanto အထည်ချုပ် EC စာချုပ် မချုပ်ဘဲ ခံဝန်ထိုးခိုင်း

CoverLogo
589 Views
 
Myanto Industrial Co.,Ltd အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်၊ အလုပ်သမားကြား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC)စာချုပ် မချုပ်ဘဲနဲ့ တစ်ဖက်သတ် စည်းကမ်းချက်တွေ ထုတ်ပြီး မလိုက်နာပါက ခံဝန် ထိုးခိုင်းနေတယ်လို စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
 
တရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ ဒီစက်ရုံက ရန်ကုန်မြို့၊ လှိင်သာယာမြိုနယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြခက်တာလမ်းမှာ ရှိပြီး လုပ်သားအင်အား (၆၀၀) ကျော်နဲ့ လုပ်ငန်း လုပ်ကိုင် နေပါတယ်။ October၊ AMISU တံဆိပ်နဲ့ အထည်တွေ ချုပ်လုပ်နေတာဖြစ်ပြီး သမဂ္ဂဖွဲစည်းမထားဘဲ ချိုးဖောက်မှုတွေ လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက ဖွင့်ထားတာ (၂) နှစ်ပြည့်တော့မယ်။ အခုထိ EC စာချုပ် မရှိပါဘူး။ အလုပ်ရှင်ဖက်က တစ်ဖက်သတ် စည်းကမ်းတွေ သတ်မှတ်တယ်။ မလိုက်နာနိုင်တဲ့ အလုပ်သမားတွေဆို ခံဝန်ထိုးခိုင်းတယ်။ လစာကဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး ၈၈၀၀ ၊ ရက်မှန်ကြေး ၂၀၀၀၀ ၊ ကျွမ်းကျင်ကြေး အမြင်ဆုံး ၆၀၀၀၀ အနည်းဆုံးက ၂၀၀၀၀ အစားစား ပေးထားတယ်။ ဒါပေမယ့် လစာထုတ်ရင် အထည်စံချိန်မပြည့်လိုဆိုပြီး ပိုက်ဆံဖြတ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာလည်း ဖိနှိပ်ဆက်ဆံတာတွေ လုပ်ပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
 
စက်လိုင်းတစ်လိုင်းမှာ လူ(၅၀)ကျော်ပဲ ရှိပေမယ့် အထည်စံချိန် တစ်နာရီ အထည် ၈၀၀ ကျော် စက်ရုံဘက်က တောင်းခံ နေတယ်လို့ ပြောပါတယ်။ အလုပ်သမား တစ်ဦး နှစ်ပွိင့်ကနေ သုံးပွိင့်အထိ ချုပ်ရပြီး အခက်အခဲတွေ ရှိနေတာလို့ ပြောပါတယ်။ ဒါ့အပြင် အထည်စံချိန်မပြည့်တာနဲ့ လိုင်းနံပါတ် (၉)က စူပါနဲ့ လီတာက ရိုင်းစိုင်းစွာ ပြောဆိုတယ်လို့ သိရ ပါတယ်။
 
“နေ့စားအလုပ်သမားတွေလည်း ရှိပါတယ်။ သူတိုကို အချိန်ပိုအိုတီတွေလည်း ခိုင်းနေပေမယ့် တစ်နေ့ကို (၈၅၀၀) ပဲ ပေးပါတယ်။ နောက်ပြီး သုံးလပြည့်ရင် လခစားခန့်မယ်ပြောပြီး တကယ်မခန့်ပါဘူး။ တောင်းတဲ့စံချိန်မပြည့်ရင် အလုပ်သမားတွေကို အော်စူပါတွေ၊ စူပါတွေက တနင်္ဂနွေနေ့တွေကိုပါ အချိန်ပိုခေါ်တယ်။ အပတ်တိုင်းကို ခေါ် ပါတယ်။ အချိန်ပိုမဆင်းနိုင်ရင် အလုပ်မလာနဲ့လို ပြောပါတယ်။ အခုဆို တနင်္ဂနွေတွေ အပတ်တိုင်း ဆင်းရတယ်။ ခွင့်တွေ ဘာမှမရပါဘူး။ ခွင့်တိုင်ပေမယ့် ရက်ပျက်ဆိုပြီး ဒေးကြေး၊ ထောက်ပံ့ကြး၊ ရက်မှန်ကြေးတွေ အကုန် အဖြတ်ခံရတယ်။ စက်ရုံဆေးခန်းမှာလည်း ဆေးမရှိဘူး။ ဆေးခန်းက သူနာပြုကို ချည်မွှေးညှပ်ခိုင်းတာ၊ မဆိုင်တာ ခိုင်းတော့ အဲ့သူနာပြု ဆရာမ အလုပ်ထွက်သွားပါတယ်။”လို အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
နစ်နာမှုတွေကို ကူညီဖြေရှင်းပေးဖို မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲချုပ် (IWFM) ဆီ စက်ရုံအလုပ်သမားတွေက အကူအညီ တောင်းခံထားပါတယ်။ အလုပ်သမားတွေက ချုပ်နိုင်တဲ့ အထည်စံချိန် တောင်းဖို့၊ အလုပ်မလာတဲ့သူတွေအတွက် အထည်စံချိန် ထည့်မတောင်းဖို့၊ ဥပဒေ ပါ ခွင့်ရက်တွေ ရဖို့၊ တနင်္ဂနွေ နားရက် အချိန်ပို မခေါ်ဖို့၊ EC စာချုပ် ချုပ်ပေးဖို့၊ တစ်ဖက်သတ် စည်းကမ်းနဲ့ ခံဝန်မထိုးခိုင်းဖို၊ အလုပ်သမားတွေ လိုအပ်တဲ့ ဆေးဝါးနဲ့ သူနာပြု ထားပေးဖို၊ ရပိုင်ခွင့် ကျွမ်းကျင်ကြေးကို မှန်မှန်ကန်ကန် ပေးဖို့ အလုပ်သမားတွေ တောင်းဆိုထား ပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026