NEWS

Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်

CoverLogo
434 Views
Myanmar Zande Garment စက်ရုံလုပ်သားတဦးကို အလုပ်သမားရုံးတိုင်ကြားလို့ ဆိုပြီး တာဝန်ရှိသူတွေက အလုပ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“ ပြီးခဲ့တဲ့ ၁၀ လပိုင်းမှာ အချိန်ပို အိုတီတွေ အရမ်းဆင်းရတော့ ။ အလုပ်သမားတွေ မခံနိုင်တဲ့အဆုံး အလုပ်သမား တစ်ဦးက လေဘာရုံးကို တိုင်ကြားလို့ ဆိုပြီး အလုပ်ရှင်က အဲ့အလုပ်သမားကို ရုံးခန်းထဲခေါ်ပြိး အလုပ် ထုတ်လိုက်တာ” လို့ ပြောပါတယ်။
 
လက်ရှိ Myanmar Zande Garment လုပ်ငန်းခွင် အတွင်း အလုပ်သမားတွေမှ, ဥပဒေအရ ခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်များခံစားခွင့်ကို အလုပ်ရှင်ဘက်က မပေးထားဘဲ နေထိုင်မကောင်းတာ၊ အရေးပေါ်ကိစ္စရှိလို့ ခွင့်တိုင်ကြားတာကို အောစူပါ၊စူပါတွေက ခွင့်မတင်ပေးဘဲ ခွင့်မဲ့ အဖြစ် သတ်မှတ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ခွင့်မပေးလို့ ခွင့်မဲ့ ဖြစ်ရင် အလုပ်တစ် ရက်ပျက်တာနဲ့ တရက် ကျပ် ၁၀၀,၀၀၀ အဖြတ်ခံရတယ်။ ဒေးကြေး၁ ၀၀၀၀ ကျပ်၊ ရက်မှန်ကြေး ၄၀၀၀၀ကျပ်နဲ့ ဂရိတ်ကြေးတွေ အားလုံး အဖြတ်ခံရတယ်။ ဒါတွေအားလုံးနစ်နစ်ရတယ်။ ဒေးကြေး ၁၀၀၀၀ ပဲ ပြောနေတာ၊ လုပ်သက်ခွင့်အတွက်ဆို တနှစ်ပြည့်တော့ ၆၀၀၀ နဲ့ပဲ ပေးတယ်” လို့ ပြောပါတယ်။
 
ဂရိတ်ကြေးကို စက်လိုင်းတွေကို ယှဉ်ပြိုင်ပြီး စံချိန်ပေး နိုင်တဲ့ စက်လိုင်းတွေပဲ သတ်မှတ် ဂရိတ်ကြေးပေးပြီး စံချိန်မပြည့်တဲ့ စက်လိုင်းတွေကို ဂရိတ်ကြေးလျှော့ပြီး ခွဲခြားဆက်ဆံတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံအတွင်း လစာ လာတိုးတောင်းတဲ့ အလုပ်သမားတွေကို တစ်ခါထဲ ထွက်စာတင်ပြီး အလုပ်ထွက်ရမယ်လို့ စက်ရုံ သူဌေး၊ အောစူပါ၊ စူပါတွေက ခြိမ်းခြောက်ပြောဆိုတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“ အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်တွေတောင်းတယ်။ ချုပ်ရတာက ဝယ်လွန်အထည် ဘဲမွှေးတွေ၊ စံချိန်ပြည့်ဖို့ တစ်ယောက်ကို နှစ်ပွိုင့်က သုံးပွိုင့်အထိ ချုပ်ပေးရတယ်။ စက်သား ၅၅ ယောက်ရှိရင် တစ်နာရီ အထည်၃၀ကျော်တောင်းတယ်။ အထည်စံချိန်မပြည့်တ နဲ့ အော်စူပါ၊ စူပါတွေ လက်ညှိုးထိုး ဆဲတာ။” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာဘဲ အသက်မပြည့်တဲ့ ၁၅./၁၆ အရွယ် နေ့စား အ လုပ်သမား ၂၀ ကျော်ကို ဆရာဝန်ရဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်မပါဘဲ အလုပ်ရှင်က ခိုင်းစေတာကို တွေ့ရတယ်လို့လည်း ပြောဆိုထားပါတယ်။
 
Myanmar Zande Garment စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး လုပ်သား ၁၀၀၀ ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၂၊ ဆိပ်ကမ်းသာလမ်းမှာရှိတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
 
 
 
 
 

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026