NEWS

Myanmar Yong Jia Garment Color Correction လုပ်ငန်းက အလုပ်သမား၇ ဦးအား အလုပ်ပြန်ခန့်

CoverLogo
509 Views

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာက Myanmar Yong Jia Garment Color Correction Co.,Ltd (ကာလာကွဲဆေးခြယ်) လုပ်ငန်းမှာ အချိန်ပိုမဆင်းလို့ဆိုပြီး အလုပ်ဖြုတ်ခံခဲ့ရတဲ့ အလုပ်သမား ၇ ဦးကို အလုပ်ပြန်ခန့် ပေးလိုက်တယ်လို့ သိရပါတယ်။  အဲဒီလုပ်ငန်းက အလုပ်သမား ၇ ဦးကို အချိန်ပိုမဆင်းလို့ ဆိုပြီးဖေဖော်ဝါရီ  ၂၀နဲ့  ၂၁ ရက်တွေမှာ  အလုပ်ရှင်က အလုပ်ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။   


“အလုပ်ရှင်က  အလုပ်သမား၇ယောက်လုံးကို အလုပ်ပြန်ခန့်ပေးလိုက်ရတယ်။ လုပ်ငန်းခွင်ထဲ ပြန်၀င်မယ်ဆိုတဲ့ အတွက် ပြန်ခန့်ပေးလိုက်တယ်။  အလုပ် ထုတ်ထားတဲ့ ကြားကာလနစ်နာကြေးကိုလည်း အလုပ်ရှင်ကပေးမယ်”လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ 


ဖေဖော်ဝါရီ ၂၀ရက် ညနေပိုင်းမှာ ည ၈ နာရီအထိ အချိန်ပိုဆင်းခိုင်းခဲ့ရာ လက်ရှိ အခြေအနေတွေအရ ညဘက် အချိန်ပို ဆင်းဖို့ အခက်အခဲရှိတာကို ပြောပြတဲ့ အလုပ်သမား ၅ ဦးကို အလုပ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါ ရီ  ၂၁ ရက်မှာလည်း အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေနဲ့ ဆက်နွယ်တဲ့ နောက်ထပ်အလုပ်သမား၂ ဦးကိုပါ ထုတ်ပယ်ခဲ့ပါတယ်။ 


"ပြောသည့်အတိုင်း မလိုက်နာတဲ့ ဝန်ထမ်းကို အလိုမရှိတဲ့ အကြောင်း၊ ဖေဖော်ဝါရီ ၂၄ ရက် ကြတော့ အလုပ်ရှင်က အလုပ်သမားတွေ အလုပ်ပြန်ဆင်းလိုရင် သူ့ကို တောင်းပန်ရမယ်၊ OT မဆင်းတဲ့  ဒဏ် ကြေး ၅၀၀၀၀ စီပေးရမယ်။ အလုပ်ပြန်ဝင်ချင်လည်း ဒီလအတွက်ကို ရက်(၂၀) အတွက်ပဲ လစာရမယ်"လို့ ဆိုပြီး အလုပ်ရှင်က ပြောဆိုခဲ့တဲ့လို့ သိရပါတယ်။ 


အလုပ် ထုတ်ခံထားရတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင် နောက်ထပ် ထပ်မံ ညှိနှိုင်းခဲ့ရမှာ  အလုပ်သမား၇ ဦးလုံး  လုပ်ငန်းခွင်ထဲ ပြန်၀င်ဖို့နဲ့ အလုပ်ထုတ်ခံရတဲ့ ကြားကာလနစ်နာကြေး ပေးဖို့ပါ ပြေလည်မှုရရှိခဲ့တာ ဖြစ်ပါတယ်။ 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026