NEWS

Myanmar Yong Jia Garment Color Correction လုပ်ငန်းက အလုပ်သမား၇ ဦးအား အလုပ်ပြန်ခန့်

CoverLogo
404 Views

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာက Myanmar Yong Jia Garment Color Correction Co.,Ltd (ကာလာကွဲဆေးခြယ်) လုပ်ငန်းမှာ အချိန်ပိုမဆင်းလို့ဆိုပြီး အလုပ်ဖြုတ်ခံခဲ့ရတဲ့ အလုပ်သမား ၇ ဦးကို အလုပ်ပြန်ခန့် ပေးလိုက်တယ်လို့ သိရပါတယ်။  အဲဒီလုပ်ငန်းက အလုပ်သမား ၇ ဦးကို အချိန်ပိုမဆင်းလို့ ဆိုပြီးဖေဖော်ဝါရီ  ၂၀နဲ့  ၂၁ ရက်တွေမှာ  အလုပ်ရှင်က အလုပ်ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။   


“အလုပ်ရှင်က  အလုပ်သမား၇ယောက်လုံးကို အလုပ်ပြန်ခန့်ပေးလိုက်ရတယ်။ လုပ်ငန်းခွင်ထဲ ပြန်၀င်မယ်ဆိုတဲ့ အတွက် ပြန်ခန့်ပေးလိုက်တယ်။  အလုပ် ထုတ်ထားတဲ့ ကြားကာလနစ်နာကြေးကိုလည်း အလုပ်ရှင်ကပေးမယ်”လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ 


ဖေဖော်ဝါရီ ၂၀ရက် ညနေပိုင်းမှာ ည ၈ နာရီအထိ အချိန်ပိုဆင်းခိုင်းခဲ့ရာ လက်ရှိ အခြေအနေတွေအရ ညဘက် အချိန်ပို ဆင်းဖို့ အခက်အခဲရှိတာကို ပြောပြတဲ့ အလုပ်သမား ၅ ဦးကို အလုပ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါ ရီ  ၂၁ ရက်မှာလည်း အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေနဲ့ ဆက်နွယ်တဲ့ နောက်ထပ်အလုပ်သမား၂ ဦးကိုပါ ထုတ်ပယ်ခဲ့ပါတယ်။ 


"ပြောသည့်အတိုင်း မလိုက်နာတဲ့ ဝန်ထမ်းကို အလိုမရှိတဲ့ အကြောင်း၊ ဖေဖော်ဝါရီ ၂၄ ရက် ကြတော့ အလုပ်ရှင်က အလုပ်သမားတွေ အလုပ်ပြန်ဆင်းလိုရင် သူ့ကို တောင်းပန်ရမယ်၊ OT မဆင်းတဲ့  ဒဏ် ကြေး ၅၀၀၀၀ စီပေးရမယ်။ အလုပ်ပြန်ဝင်ချင်လည်း ဒီလအတွက်ကို ရက်(၂၀) အတွက်ပဲ လစာရမယ်"လို့ ဆိုပြီး အလုပ်ရှင်က ပြောဆိုခဲ့တဲ့လို့ သိရပါတယ်။ 


အလုပ် ထုတ်ခံထားရတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင် နောက်ထပ် ထပ်မံ ညှိနှိုင်းခဲ့ရမှာ  အလုပ်သမား၇ ဦးလုံး  လုပ်ငန်းခွင်ထဲ ပြန်၀င်ဖို့နဲ့ အလုပ်ထုတ်ခံရတဲ့ ကြားကာလနစ်နာကြေး ပေးဖို့ပါ ပြေလည်မှုရရှိခဲ့တာ ဖြစ်ပါတယ်။ 


Related posts

Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025
Cover
TMA Co,. Ltd စက်ရုံ တစ်ကဒ်ကြေး ပွင့်လင်းမှုမရှိ၊ လာစစ်ပေမဲ့ အပြောင်းအလဲမရှိ ဆဲဆိုနေ
Sep 08, 2025
Cover
Ever Lead (Myanmar) အထည်ချုပ် စက်ရုံ တွင် သီတင်းကျွတ်အတွက် ပိုက်ဆံများကောက်ခံ
Sep 07, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို
Sep 05, 2025
Cover
Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်
Sep 05, 2025
Cover
Myanmar Best Fortune အထည်ချုပ် ညနက် အချိန်ပိုအပြင် နားရက်မရှိ အလုပ် ဆင်းခိုင်း
Sep 05, 2025