NEWS

Myanmar Yong Jia Garment Color Correction(ကာလာကွဲဆေးခြယ်) လုပ်ငန်းက လုပ်ခလစာနဲ့နစ်နာကြေးပြန်လည်ပေးချေ

CoverLogo
652 Views

လှိုင်သာယာ၊ နဝဒေးအိမ်ရာမှာ ဖွင့်လှစ်ထားတဲ့ Myanmar Yong Jia Garment Color Correction Co.,Ltd (ကာလာကွဲဆေးခြယ်) လုပ်ငန်းက တိမ်းရှောင်နေတဲ့လုပ်ငန်းရှင်ဟာ အလုပ်သမားတွေရဲ့လုပ်ခလစာနဲ့နစ်နာကြေးကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 

အခုလို အလုပ်ရှင် တိမ်း​ရှောင်သွားတဲ့ အတွက် အလုပ်သမား​တွေမှ အလရ၊ အလည၊ အလဆ အလုပ်သမားရုံး​တွေကို တိုင်စာ​ပေးပို့ တိုင်ကြားခဲ့ပြီး​၄ လပိုင်း ၅ ရက်​နေ့မှာ  လုပ်ငန်းရှင် ကိုယ်စား မှ လာရောက်ဖြေရှင်းခဲ့ပြီး လုပ်သက်နစ်နာကြေး+နိုတစ်ကြေး အဖြစ် ​ပေး​ချေခဲ့တာလို့ သိရပါတယ်။

" လုပ်သက်နစ်နာကြေး+နိုတစ်ကြေး အဖြစ်  မဇင်မာထွေး အား ၆၇၅၀၀၀၊ မဝတ်ရည်ဇော် အား ၆၇၅၀၀၀၊ ကိုပြည့်စုံအောင် အား ၂၆၀၀၀၀ ကျပ်တို့အား ပေးချေခဲ့ပါတယ် " လို့ အလုပ်သမားနဲ့နီးစပ်သူကဆိုပါတယ်။ 

ဆက်လက်ပြီး  ၆.၄.၂၀၂၄ ရက်နေ့တွင်   ပေးချေရန်ကျန်ရှိနေတဲ့ အချိန်ပိုကြေး (၃) ဦးပေါင်း ၅၄၇၅၀၀ ကျပ် အား အလုပ်ရုံတွင် ပေးချေရန် နှစ်ဖက် သဘောတူညီခဲ့ကာ စက်ရုံ Letter Head ဖြင့် စာချုပ်ချုပ်ဆို ပြီး ပေးချေခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါစက်ရုံကအလုပ်သမားဟာ အချိန်ပိုမဆင်းတဲ့အကြောင်းပြချက်နဲ့အလုပ်ထုတ်ခံရပြီး အငြင်းပွားမှုများဖြစ်ပွားခဲ့ရာ  ၂.၄.၂၀၂၄ နေ့ မနက် ၇နာရီခန့်တွင် လုပ်ငန်းရှင်၏ စကားပြန်ဖြစ်သူ မသူဇာလှိုင်က အလုပ်သမားများကို  စက်ရုံ ပတ်ဝန်းကျင် လမ်းဘေးတစ်နေရာ၌ မတ်လ၏ လုပ်ခလစာကိုပေးချေကာ အလုပ်ရှင်၏စကားပြန်ဖြစ်သူက  "သူဌေးမှ မတ်လ၏လုပ်ခလစာများကို ထုတ်ပေးရန်စေခိုင်းခဲ့ပြီး လစာငွေများပေးခဲ့သောကြောင့် ထုတ်ပေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းမှာ အပြီးပိတ်သိမ်းသွားပြီဖြစ်ကြောင်း၊ သူ့အနေဖြင့်လည်း ထိုအလုပ်မှ နှုတ်ထွက်ခဲ့ပြီဖြစ်ကြောင်း" ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ 

အဲ့ဒီလိုစက်ရုံပိတ်သိမ်းတာကြောင့် အလုပ်သမားများကို ဥပဒေ အရ ပေးရမည့် အလုပ်ထုတ်နစ်နာကြေး၊နို့တစ်ကြေးနှင့်အခြားသော ပေးရန်ကျန်သည့် လုပ်ခ ကျန်ငွေများကို ပေးချေရန် အလုပ်သမားများက STUM သို့အကူအညီလာရောက်တောင်းခံထားတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံကအလုပ်သမားများကို  အချိန်ပို မဆင်းလို့ဆိုကာ အလုပ်ရှင် သူဌေးမှ ၂၀.၂.၂၀၂၄ နေ့ ညနေ ၅နာရီ၃၀မိနစ်တွင် အလုပ်မှထုတ်ပယ်ခဲ့လို့ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးတွင် ညှိနှိုင်းရာ အလုပ်ရှင်ဘက်မှ ဝန်ထမ်းများအား အလုပ်ပြန်လည်ခန့်အပ်တဲ့အပြင် လုပ်ငန်းခွင်ထဲတွင် ခွဲခြားဆက်ဆံမှုမရှိဘဲ လုပ်ကိုင်စေမည်ဟု ကတိပြုခဲ့ပြီး သဘောတူညီမှုရခဲ့ပြီးမှ ယခုကဲ့သို့စက်ရုံပိတ်သိမ်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 

#yoonsat
#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026