NEWS

Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ

CoverLogo
45 Views
 
Myanmar Yangon Richang Apparel Co.,Ltd (Nisho)ပိုင် အထည်ချုပ်စက်ရုံမှာ တနင်္ဂနွေရက်တိုင်း အချိန်ပိုဆင်းနေရလို့ နားရက်မရှိ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံဘက်က အောလင်း၊ အောနိုက်အချိန်ပိုတွေ အများအပြား ခေါ်ခိုင်းနေတယ်လို့လည်း ပြောပါတယ်။
 
“ အလုပ်သမားတွေ အချိန်ပိုဆင်းရတာများတော့ ကျန်းမာရေးထိခိုက်တဲ့ အထိ ဖြစ်ရတယ်။ အချိန်ပို မဆင်းတော့ အောစူပါ၊ စူပါများက ဆဲဆိုတယ်။ အများရှေ့ အော်ဟစ်တယ်။ ဒါနဲ့ပဲ မဆင်းချင်လဲ ဆင်းပေးရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အချိန်ပိုတွေဆင်းရလို ကျန်းမာရေးထိခိုက်ပြီး ဆေးခွင့်တောင်းလည်း မပေးဘူးလို့ ပြောပါတယ်။ လက်ရှိ တနင်္ဂနွေနေ့တိုင်း အချိန်ပိုအိုတီ ဆင်းနေရဆဲဖြစ်ပြီး ကျန်းမာရေး မကောင်းလို့ အလုပ်တစ်ရက် ပျက်တဲ့ နေ့စား အလုပ်သမားတွေဆို အလုပ်က ထုတ်ပယ်ပြီး၊ လခစား အလုပ်သမားတွေကိုတော့ ဒေးကြေး၊ ရက်မှန်ကြေး အဖြတ်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အလုပ်တစ်ရက်ပျက်တာနဲ့ ဒေးကြေး၁၀၀၀၀ နဲ့ ရက်မှန်ကြေး ၄၀၀၀၀ ဖြတ်တယ်။ တခြားခံစားခွင့်တွေပါ ဖြတ်တာ။ နောက် မဖြစ်နိုင်တဲ့ အထည်စံချိန်တွေ တောင်းတယ်။ မရတော့ စူပါတွေက ဆဲတယ်” လို့လည်း ပြောပါတယ်။
 
ဥပဒေအရ အလုပ်သမားတွေ ခံစား ခွင့်ရှိတဲ့ ခွင့်ရက်တွေကို ခံစားခွင့်မပေးတဲ့ အပြင် စက်ရုံချိုးဖာက်မှု သတင်းတက် လာလို့ဆိုပြီး နေ့စားအလုပ်သမားတွေကို အလုပ်က ထုတ်ပယ်လိုက်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“လုပ်ငန်းခွင်ထဲ ချိုးဖောက်တဲ့ သတင်းတွေ အင်တာနက်မှာ တက်လာတယ်ဆိုပြီး နေ့စား အလုပ်သမားကို အလုပ် ထုတ်လိုက်တယ်။ အထည် အော်ဒါပေးတဲ့ဘက်က လာစစ်ပါတယ်။ ဒါပေမဲ စက်ရုံကဘက် နေ့စားတွေကို အလုပ်ထုတ် လိုက်တာပါပဲ။ သန့်စင်ခန်း အိမ်သာတွေလည်း သန့်ရှင်းမှုမရှိဘူး။ စက်ရုံက လူကြီးတွေလည်း သိတယ်၊ ဒါလည်း ဘာမှလည်း မလုပ်ဘူး” လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
နေ့စားအလုပ်သမားတွေကို အလုပ်ထုတ်တာက ဥပဒေချိုးဖောက်မှု ဖြစ်တယ်လို့ မြန်မာနိုင်ငံကုန် ထုတ်နှင့်စက်မှု လက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) တာဝန်ရှိသူက ပြောပါတယ်။
 
“အခုတော့ စက်ရုံတွေ အလုပ်ရှိရင် ခေါ်ခိုင်းတယ်၊မရှိရင်ထုတ်တယ်၊ အလုပ်အချိန်တွေ ဆို ခိုင်းချင်သလို ခိုင်းတယ်။ လုပ်ခတွေ ပေးချင်သလို ပေးတယ်၊ တနင်္ဂနွေနေ့တွေဆို လုပ်ခမရဘူး ၊ တကယ်က နေ့စားအလုပ်သမားလည်း အလုပ်သမားပဲ။ သူတို့ကို လုပ်သက် ၃ လပြည့်ရင် အလုပ်ခန့်ပေးရမယ်။” လို့ ပြောပါတယ်။
 
Myanmar Yangon Richang Apparel Co.,Ltd (Nisho) စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ဦးရေပေါလမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အလုပ်သမား ၈၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး လက်ရှိ American Holic, Calelf Clss တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။
 

Related posts

Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026
Cover
စက်ရုံ၊အလုပ်ရုံ ကြိုပို့ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များ ခိုင်လုံသည့် အထောက်အထားပါရှိမှ သာနေ့စဉ်ယာဉ်ပြေးဆွဲခွင့်ရမည်
Mar 07, 2026