NEWS

Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ

CoverLogo
259 Views
 
Myanmar Yangon Richang Apparel Co.,Ltd (Nisho) ပိုင် အထည်ချုပ်စက်ရုံမှာ ပုံမှန် အချိန်ပို အပြင် ညနက်နဲ့ မိုးလင်း အချိန်ပိုတွေပါ လုပ်ကိုင်ပေးနေရတယ်လို့ အလုပ်သမား တွေက မြန်မာနိုင်ငံကုန် ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကို ပြောပါတယ်။
 
“ အဲဒီ စက်ရုံမှာက တနေ့ အချိန်ပို ပုံမှန်က ၃ နာရီ၊ တနင်္လာကနေ သောကြာအထိက ည ၁၂ နာရီအထိ အချိန်ပို ဆင်းရတယ်။ ဒါ့အပြင် စနေနဲ့ တနင်္လာနေ့တွေမှာ မိုးအလင်း အချိန်ပိုတွေပါ ဆင်းနေရတာကို တွေ့ရတယ်။” လို့ IWFM တာဝန်ရှိသူက ပြောပါတယ်။
 
အချိန်ပိုတွေ မဖြစ်မနေဆင်းရပြီး ရက်လကြာလာသည်နှင့်အမျှ အလုပ်သမားတွေမှာ အိပ်ရေးမဝတာ ကျန်းမာရေး ချို့တဲ့ လာတယ်လို့ ပြောပါတယ်။ ဒီကျန်းမာရေးကိစ္စတွေဖြေရှင်းရလို့ ကုန်ကျစာရိတ်များပြားလို့ လုပ်ခလစာဝင်ငွေပါလျှော့ကျ နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပိုများတော့ ခေါင်းမကြည်ဘူး။ လန်းလန်းဆန်းဆန်းလည်း မဖြစ်ဘူး။ နေထိုင်မကောင်းတွေဖြစ်တယ်။ အိုတီခကလည်း ရတာနည်းတယ်။ ကျန်းမာရေးအတွက် အစားအသောက်ပြန်ဝယ်စားရနဲ့ ဘာမှမထူးဘူး.” လို့ အလုပ်သမားတဦးက Myanmar Labour News ကို ပြောပါတယ်။
 
လုပ်သင်ဆိုပြီး ၁၃/၁၄/၁၅ အရွယ် ကလေးလုပ်သားတွေ ခန့်ထားပြီး လုပ်သက်သုံးလပြည့်လည်း အတည်ပြုခန့်ထားမပေးဘဲ တခြားအလုပ်သမားနည်းတူ အချိန်ပိုတွေလုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သင်ဆိုပြီး ၁၃၊၁၄၊၁၅အရွယ် ကလေးလုပ်သားတွေလဲ အများကြီးခေါ်ခိုင်းနေတယ်။ နေ့စားအလုပ်သမား တွေရော ကလေးတွေရာ အချိန်ပိုဆင်းရတယ်။ မဆင်းလို့မရဘူး။ လုက်သက် သုံးလပြည့်လည်း နေ့စားပဲ လုပ်ရတယ်။ ဘာအခွင့်အရေးမှမရတာ.” လို့ ပြောပါတယ်။
 
ဥပဒေမှာ ပြဌာန်းထားတဲ့ ခွင့်ရက်တွေနဲ့ လူမှုဖူလုံရေး ဆေးခွင့်တွေမပါ မပေးတဲ့ အပြင် အလုပ်မလာနိုင်တဲ့ ရက်တွေကို ရက်ပျက်သတ်မှတ်ပြီး ခံစားခွင့်တွေကိုပါ ဖြတ်တောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ခွင့်လည်းမရ ၊ ရက်ပျက်ဆိုပြီး ဒေးကြေး ၁၁၀၀၀ ၊ ရက်မှန်ကြေး ၄၀၀၀၀ နဲ့ တခြားခံစားခွင့်တွေပါ အဖြတ်ခံရတယ်။ ဂိတ်ပတ်စ်ဆို ဘာလောက်အရေးကြီး မရဘူး။ အရေးပေါ်ဖြစ်လည်း မသိရဘူး။ အကုန်လုံးနစ်နာရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံ ထမင်းစားဆောင်မှာ ထမင်းစားခုံ အလုံအလောက် မရှိလို့ အောက်မှာထိုင် စားသောက်ပြီး စက်ရုံတာဝန်ရှိသူတွေဘက်က ပြင်ဆင်ဆောင်ရွက်ပေးတာမရှိဘူးလို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
 
Myanmar Yangon Richang Apparel Co.,Ltd (Nisho) စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်းဗန်း စက်မှုဇုန်၊ ဦးရေပေါလမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အလုပ်သမား ၈၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး လက်ရှိ American Holic, Calelf Class တံဆိပ်အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026