NEWS

Myanmar Xing He အထည်ချုပ် အာဇာနည်နေ့ အတင်းအကျပ် အချိန်ပိုဆင်းခိုင်း

CoverLogo
737 Views
 
Myanmar Xing He အထည်ချုပ်စက်ရုံက လာမဲ့ အာဇာနည်နေ့ အများပြည်သူ အလုပ်ပိတ်ရက်မှာ အချိန်ပို အလုပ်ဆင်းဖို့ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဇူလိုင် ၁၆ ရက်မှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အထည်တွေ အရေးကြီးလို့ ဆင်းရမယ်။ အာဇာနည်နေ့ ဆင်းခိုင်းပြီး အချိန်ပိုလုပ်ခကို နှစ်ဆမပေးဘူး။ မဆင်းရင် ရက်မှန်ကြေး ပြုတ်မယ်။ မဆင်းနိုင်တဲ့သူတွေကို စူပါနဲ့ အောစူပါက နာမည် မှတ်ထားတယ်။ “ လို့ အမျိုးသမီးလုပ်သားတဦးက ပြောပါတယ်။
 
အာဇာနည်နေ့အတွက် ရက်အစားကို လာမဲ့ ဇူလိုင် ၂၆ ရက်မှာ အစားထိုးပေးမယ်လို့ ပြောထားပေမဲ့ အများပြည်သူ အလုပ်ပိက်ရက် အတွက် လုပ်ခနှစ်ဆ မပေးဘဲ အလုပ်ဆင်းခိုင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
၂၀၂၂ ခုနှစ်အတွင်း အလုပ်သမားဥပဒေနှင့် အလုပ်ရုံ စစ်ဆေးရေးဦးစီးဌာနရဲ့ ညွှန်ကြားလွှာမှာ အချိန်ပို လုပ်ကိုင်နိုင်ဖို့ အလုပ်သမားတွေရဲ့ သဘောတူလက်မှန်ပါရှိရမှာဖြစ်ပြီး ခွင့်ပြုချက်တောင်းခံဖို့ လိုအပ်ပါတယ်။ အချိန်ပိုလုပ်ကိုင် နိုင်ဖို့ သက်ဆိုင်ရာအလုပ်သမားရုံမှာ တပတ်ကြိုတင် ခွင့်ပြုချက်တောင်းခံရမှာ ဖြစ်ပြီး ခွင့်ပြုတဲ့ အချိန်ပို အလုပ်ချိန်တိုင်း လုပ်ကိုင်ကြဖို့ အလုပ်ရှင်နဲ့ စက်ရုံတာဝန်ခံ မန်နေဂျာတွေက ဝန်ခံလက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။
 
“ရက်အစား ပိတ်ရက်ပေးမယ် ပြောတယ်။ ညီမတို့က ရက်အစားပိတ်တယ်ဆိုတာထက် အချိန်ပိုကြေး နှစ်ဆ ပေးဖို့ပဲ။ နောက် ဘောပြုတ်မယ်ပြောတယ်။ ဒါက လစာမှာ သုံးသောင်းနစ်နာမှာ။ မဆင်းနိုင်လို့ ပြောတော့ နာမည် မှတ်တယ်။ ဒီလို မှတ်ရင် ကိုယ့်ကို ဖိနှိပ်တော့တာ။ ဘာမှ မဟုတ်လည်း လူရှေ့သူရှေ့ အော်ဟစ်တော့တာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Myanmar Xing He အထည်ချုပ်စက်ရုံက ပြီးခဲ့တဲ့ မေလအတွင်း လုပ်ခလစာတိုးပေးဖို့ အလုပ်သမားတွေက စုဝေးတောင်းဆိုခဲ့စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ခဲ့ပါတယ်။ ညှိနှိုင်းမှုတွေ အပြီး လုပ်ခလစာ တိုးမြှင့်ရရှိခဲ့ပေမဲ့ အမျိုးသမီး အလုပ်သမားနှစ်ဦး အလုပ်က ထုတ်ပယ်ခံရပါတယ်။
 
Myanmar Xing He အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန် ၊အင်းဝလမ်းမှာ ရှိပြီး အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေပါတယ်။

Related posts

Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Tha Shu Myanmar အထည်ချုပ် လုပ်ငန်းခွင် ထိခိုက်မှုအား တာဝန်မယူဘဲ ဆေးခွင့်ပါ မပေး
Aug 10, 2026
Cover
RAINBOWTEC အထည်ချုပ် အမျိုးသားအလုပ်သမားများအား သုံးလတကြိမ် အလုပ်ထုတ်
Aug 10, 2026
Cover
SINOPROUND စက်ရုံ အထည်စံချိန် တောင်းလို့ နားချိန်မရဘဲ ချုပ်ပေးရ
Aug 10, 2026
Cover
Huayin TJ Denim Garment စက်ရုံ အပ်ချည်နဲ့ ချည်လုံးအတွက် တစ်ရက် ၁၂၀၀ ဖြတ်ယူ
Aug 10, 2026