NEWS

Myanmar Xiang He အထည်ချုပ် လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှုတွင် လက်နက်ကိုင် အဖွဲ့များ စက်ရုံအတွင်း နေရာယူပေမဲ့ စက်ရုံဘက်က လိုက်လျောမှု ပြုလုပ်

CoverLogo
388 Views
 
Myanmar Xiang He အထည်ချုပ် စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးရေး အတွက် အလုပ်ရပ် တောင်းဆိုခဲ့ ကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ တောင်းဆိုမှုက ဒီကနေ့ မေလ ၁၄ ရက် နေ့လည်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ တောင်းဆိုမှုမှာပါဝင်တဲ့ အလုပ်သမားတဦးက ပြောပါတယ်။
 
“နေလည် ထမင်းစားပြီး အလုပ်ထဲ ပြန်မဝင်တော့ဘဲ ၊ အလုပ်တွေ ရပ်ထားပြီး တောင်းဆိုခဲ့တာပါ။ ဒေးကြေး ၁၀၀၀၀ တောင်းတာပါ။ ဒေးကြေး ၈၀၀၀ ၊ အချိန်ပို ၂၀၀၀ ကနေ တိုးပေးဖို့ အလုပ်သမားတွေ စုပြီးတောင်းဆိုခဲ့တာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဝန်းအတွင်း စက်ရုံအသစ်နဲ့ စက်ရုံဟောင်း နှစ်ရုံက အလုပ်သမား ၅၀၀ ဝန်းကျင် တောင်းဆို မှုပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်နေမှုက ရရှိနေတဲ့ လုပ်ခလစာနဲ့ ကိုက်ညီမှု မရှိလို့ အခုလို တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ရတာလို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“ဆားနဲ့ စားမယ်ဆိုရင်တောင်၊ တထုတ် ၁၄၀၀ ပေးဝယ်ရတယ်။ ညီမတို့လည်း ငြင်းခုန်ပြီးမှ ရလာတာ ဆို မလိုချင်ဘူး။ ကုန်စျေးနှုန်းကို ကြည့်ပြီး စာနာစိတ်နဲ့ ၅၀၀ တိုးပေးရင်တောင် ကျေနပ်ပါတယ်။ အခုက လုံးဝ တိုးမပေးလို့ တောင်းဆိုရတာ။ ” လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
 
တောင်းဆိုမှုပြုချိန်အတွင်း စက်ရုံဟောင်းက အလုပ်သမားတွေ ပါဝင်နိုင်ဖို့ ခေါ်ယူချိန်မှာ စက်ရုံဘက်က လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို ခေါ်ယူခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေရောက်လာပြီး စက်ရုံအတွင်း ဝင်ရောက်နေရာယူခဲ့တာကို တွေ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စစ်သားတွေ သေနတ်တွေနဲ့ ရောက်လာတယ်။ ကားသေး နှစ်စီးနဲ့ပဲ။ စက်လိုင်းထဲမှာ ဝင်ထိုင်တယ်။ ဘာမှတော့ မပြောဘူး။ သူတို့ရောက်လာတော့ ယောက်ျားလေးတွေကို ခေါင်းဆောင်တွေက အထဲ ဝင်ခိုင်းထားတယ်။ မိန်းကလေးတွေကိုတော့ ထမင်းစား ဆောင်ထဲမှာ နေခိုင်းတယ်။ ညှိနှိုင်းမှုတွေကို ရုံးခန်းမှာ လုပ်တယ်။ စက်လိုင်းတလိုင်းဆီ အလုပ်သမားတဦးစီခေါ်ပြီး ညှိကြတယ်။ ညနေပိုင်းမှာ တော့ အဆင်ပြေသွားကြတယ်.”လို့ အလုပ်သမား တဦးက ပြောပါတယ်။
 
စက်ရုံနဲ့ အလုပ်သမားတွေကြား ဒေးကြေး ၉၀၀၀ ၊ အချိန်ပိုကြေး ၂၂၅၀ နဲ့ နှစ်ဖက် ညှိနှိုင်းသဘောတူခဲ့ကြလို့ မနက်ဖြန်မှာ ပုံမှန် အလုပ် ပြန်လုပ်ကြမှာ ဖြစ်တယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
 
Myanmar Xiang He အထည်ချုပ် စက်ရုံက ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန်၊ အင်းဝလမ်းမှာ ရှိပြီး စက်ရုံဝန်းအတွင်းမှာပဲ ရုံသစ်ရုံဟောင်းဆိုပြီး နှစ်ရုံ ခွဲ လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 

Related posts

Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ
Feb 17, 2026
Cover
Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
Feb 17, 2026
Cover
Golden & Five Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား မတရားအလုပ်ထုတ်
Feb 17, 2026
Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား ဥပဒေမဲ့ အရေးယူ
Feb 13, 2026
Cover
Victory Fishion အထည်ချုပ် အချိန်ပို တလ နာရီ ၁၀၀ ကျော် လုပ်ကိုင် ရ
Feb 13, 2026
Cover
Tha Shu (Myanmar) Glory Fashion စက်ရုံတွင် တပတ် အချိန်ပို အော်လင်းအောနိုက် ၄ ရက် ဆင်းနေရ
Feb 13, 2026