NEWS

Myanmar Xiang He စက်ရုံတွင် လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှုအပြီး အလုပ်သမားနှစ်ဦးအား အလုပ်ထုတ်

CoverLogo
626 Views
 
Myanmar Xiang He အထည်ချုပ် စက်ရုံမှာ လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ပြီး သတိပေးလက်မှတ်တိုးခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ မေ ၁၆ ရက် ညနေ ငါးနာရီ ဝန်းကျင်မှာ အမျိုးသမီးငယ် အလုပ်သမား ၂ ဦးကို အလုပ်ထုတ်ပြီး ၅ ဦးကို သတိပေးလက်မှတ်တွေ ထိုးခိုင်းခဲ့တာလို့ ပြောပါတယ်။
 
“တောင်းဆိုမှုလုပ်တော့ ရုံဟောင်းကလူတွေထွက်လာအောင်လို့ စက်ရုံတံခါးကို ထုတဲ့သူတွေကို အလုပ်ဖြုတ်တယ်။ တောင်းဆို အော်ဟစ်တဲ့ အလုပ်သမားတွေကိုလည်း ဝမ်တိန်ထိုးခိုင်းတယ်။ ပြောမယ်ဆို လုပ်သက်ရင့်တဲ့သူတွေ တော့ ချန်ထားပြီး လုပ်သက်နည်းတဲ့ ကလေး‌တွေ အလုပ်ထုတ်ခံရတာပါ။ ” လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
အလုပ်ထုတ်တာနဲ့ သတိပေးလက်မှတ်ထိုးခိုင်းတာတွေကို အလုပ်သမားရုံးတွေ ပိတ်ချိန် ညနေ ၅ နာရီကျော်မှ စက်ရုံဘက်က ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။
 
စက်ရုံ နှစ်ရုံပေါင်း တောင်းဆိုမှ လုပ်ခလစာတိုးပေးမယ်ဆိုပြီး စက်ရုံဘက်က သတင်းလွှင့်ခဲ့လို့ တောင်းဆိုမှုအတွင်း A ရုံ အလုပ်သမားတွေ ပါဝင်နိုင်ဖို့ Bရုံက အလုပ်သမားသွားခေါ် ခဲ့ရာမှာ A ရုံတာဝန်ရှိသူတွေက အဆောက်အအုံတံခါးကို ပိတ်တာခဲ့ကြောင့် တခါးတွေ ဖွင့်ပေးဖို့ Bရုံက အလုပ်သမားတချို့က ကြိုးစားခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
တောင်းဆိုမှုအတွင်း စက်ရုံပစ္စည်း တစုံတရာ ပျက်စီးတာ မရှိသလို မည်သူ တစ်ဦးတစ်ယောက်မှ ထိခိုက်တာ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် အော်ဟစ်တောင်းဆိုမှုကို စက်ရုံဘက်က မှတ်တမ်းဗွီဒီယိုတွေ ရိုက်ယူတာကြောင့် အလုပ်သမားတွေက လုံခြုံရေးအတွက် စိုးရိမ်ပြီး အပြန်အလှန် ပြောဆိုတာခဲ့လို့ ဆိုပါတယ်။ ဒီနောက်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင် တချို့ စက်ရုံအတွင်း ဝင်ရောက် နေရာယူခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် တောင်ဆိုမှုပြီးဆုံးချိန်မှာ စက်ရုံဘက်က ခေါင်းဆောင်တချို့နဲ့ တံခါးထုသူတချို့ကို စက်ရုံဘက်က သတိပေးလက်မှတ်ထိုးခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ တောင်းဆိုမှုအပြီး ညနေမှာ လက်မှတ်ထိုးခိုင်းတာ။ ခေါင်းဆောင်လို့ ထင်တဲ့သူတွေလည်း ပါတယ်။ ထင်ထင်ရှားရှားဖြစ်တဲ့သူတွေ၊ သူတို့ ဓါတ်ပုံတွေ ၊ ဗွီဒီယိုမှာ ပါတဲ့ သူတွေကို ခေါ်သွားပြီး ၊ လက်မှတ်ထိုးခိုင်းတာ။ နောက်တခါ တောင်းဆို ဆန္ဒပြရင် အခုလက်မှတ် ထိုးတဲ့သူတွေ တာဝန်ယူမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတာ။ အဲတုန်းကတော့ အလုပ် မထုတ်သေးဘူး။ နောက်ရက် မနက်မှာ သူဌေးရောက်လာတယ်၊ ညနေမှာ အလုပ်ထုတ်တာ ၊ ဝမ်တိန်ထိုးခိုင်းတာ။ နောက်တခါ တခုခုဆို အလုပ်ထုတ်လို့ ရတယ်ဆိုပြီးလည်း ပြောတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ မိန်းကလေး အလုပ်သမား ၂ ဦးထဲက တဦးက လုပ်သက် တနှစ်ဝန်းကျင်ရှိ စက်ချုပ်လုပ်သားတဦးဖြစ်ပြီး ကျန်တဦးကတော့ လုပ်သက် ၃ လဝန်းကျင်ရှိ အကူလုပ်သားဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က အလုပ်သမားနှစ်ဦးကို အလုပ်ထုတ်ခဲ့ရာမှာ ဥပဒေပါ ခံစားခွင့်တွေ မပေးခဲ့ဘူးလို့လည်း အလုပ်သမားတဦးက ပြောပါတယ်။
 
“ စက်ချုပ် မိန်းကလေးကို ၁၆ ရက်အတွက် ပေးပြီးထုတ်တယ်။ အကူမိန်းကလေးကိုလည်း ၅၀၀၀၀ ပေးတယ်။ ဥပဒေအတိုင်းဆို နို့တစ်ကြေး၊ လုပ်သက်နစ်နာကြေးတွေ ရဖို့ရှိတယ်ဆိုတာ ညီမတို့ သိတယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Myanmar Xiang He အထည်ချုပ် စက်ရုံက ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ စက်မှုဇုန်၊ အင်းဝလမ်းမှာ ရှိပြီး လုပ်ခလစာတိုးမြှင့်ပေးဖို့ နှစ်စဉ် စုဝေးတောင်းဆိုခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိ စက်ရုံနှစ်ရုံပေါင်း အလုပ်သမား ၁၀၀၀ ကျော် လုပ်ကိုင်နေပြီး နိုင်ငံပေါင်း ၃၅ နိုင်ငံကျော်ကို ရောင်းချနေတဲ့ တူရကီနိုင်ငံ အခြေစိုက် Mavi တံဆိပ်အထည်တွေ ချုပ်လုပ်နေပါတယ်။
 

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026