NEWS

MYANMAR TIANNAN GARMENT CO.LTD မှာ အလုပ်သမားအခွင့်အရေးများချိုးဖောက်ခံနေရ

CoverLogo
1.1K Views

ရွှေပြည်သာမြို့နယ် ဗန္ဗုလအိမ်ယာ သဘာဝမှတ်တိုင်အနီး မှာ ဖွင့်လှစ်ထားတဲ့ MYANMAR TIANNAN GARMENT CO.LTD မှာ အလုပ်သမား ၆၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမား အခွင့်အရေးတွေ မရရှိဘဲ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 

တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး COOLWORK ,IQ စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

MYANMAR TIANNAN GARMENT CO.LTD စက်ရုံမှာ အားကစားဝတ်စုံ ဝမ်းဆက်များချုပ်လုပ်တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လမှာ စတင်ဖွင့်လှစ်လုပ်ကိုင်နေတာဖြစ်ကာ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

 

လက်ရှိလုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေအနေနဲ့ ရှောင်တခင်ခွင့် ဆေးခွင့်တွေမရရှိဘဲ ခွင့် ၁ ရက်ယူပါက ဒေးကြေး ၄၈၀၀ ကျပ် ရက်မှန်ကြေး ၁၀၀၀၀ ကျပ် စုစုပေါင်း ၁၄၈၀၀ ကျပ်ဖြတ်တောက်ခံရတယ်လို့ ဆိုပါတယ်။

 

လုပ်ငန်းခွင်ထဲတွင် တရုတ်အမျိုးသမီး၊ အောစူပါမှ၊ အထည်စံချိန်များကို အလုပ်သမားတစ်ဦး မချုပ်လုပ်နိုင်သော မတရားတောင်းခံခြင်း၊ တစ်နာရီလျှင် အလုပ်သမားတစ်ဦးကို အထည်အရေအတွက် (၅၀)တောင်းခံခြင်း၊ တရုတ်အမျိုးသမီးနှင့် အောစူပါ၊ စူပါမှ တောင်းခံသောစံချိန်ကို မပေးနိုင်လျှင် အလုပ်ထွက်ဟု ဖိအားပေးခြင်း၊ ခြိမ်းခြောက်ပြောဆိုကာ အထည်ကိုချုပ်ခိုင်းတယ်လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

 

စက်ရုံမှနိုင်ငံခြားသားဖြစ်သော တရုတ်အမျိုးသမီးမှ တောင်းခံသည့်အထည်အရေအတွက် မပေးနိုင်လျှင် ဆဲဆိုကြိမ်းမောင်းပြီး အလုပ်ထုပ်ပယ်ခြင်းများ ပြုလုပ်ခြင်း အလုပ်သမားများမှာ အကြောင်းတစ်စုံတစ်ရာရှိလို့ အချိန်ပိုအိုတီမဆင်းလျှင် အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီမဆင်းသော အလုပ်သမားများကို ဆဲဆိုခြင်း၊ မခံနိုင်အောင်ပြောဆိုခြင်း၊ ခွဲခြားဆက်ဆံခြင်းများကို လုပ်ငန်းခွင်ထဲတွင် နေ့စဥ်နေ့တိုင်းခံနေရခြင်းဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။

 

လုပ်ငန်းခွင်ထဲတွင် EC စာချုပ်မရှိဘဲ ခန့်ထားတဲ့ နေ့စားအလုပ်သမား (၆၀)ခန့် ရှိပြီး နံနက် (၇:၃၀)မှ ညနေ (၄း၃၀) အထိအလုပ်ခိုင်းစေရာတွင် တစ်နာရီ (၅၀၀) ကျပ်ဖြင့်ခိုင်းစေခြင်း၊ အချိန်ပိုအိုတီကိုလည်း တစ်နာရီ (၅၀၀) ကျပ်ဖြင့်ခိုင်းစေကာ နေ့စားသမားတွေအနေနဲ့ လုပ်သက် ၄ လမှ ၆ လအထိ ရှိသော်လည်း အတည်ပြုခန့်အပ်ခြင်းမရှိဘဲ အနည်းဆုံး လုပ်ခ ၄၈၀၀ ကျပ်ပင်မရရှိဘဲ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

 

စက်ရုံလုပ်ငန်းခွင်ထဲတွင် တရုတ်အမျိုးသမီးနှင့် အောစူပါတို့မှ ကိစ္စတစ်စုံတရာ ဖြစ်ပါက အလုပ်သမားများကို ဝမ်တိမ်လက်မှတ်အမြဲထိုးခိုင်းခြင်း၊ လုပ်ငန်းခွင်ထဲတွင် အလုပ်လုပ်ရင်း ထိခိုက်မှုရှိလျှင် အလုပ်သမားများမှ ပိုက်ဆံစု ဝယ်ပြီး အသုံးပြုနေရခြင်းများရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

 

အလုပ်သမားတွေအနေနဲ့ အလုပ်သမား ခံစားခွင်ရှိသော ခွင့်ရက်များကို ခံစားခွင့်ပေးရန်၊ အလုပ်သမားတစ်ဦး ချုပ်လုပ်နိုင်သောစံချိန်ကိုသာ တောင်းခံရန်နှင့် စံချိန်တောင်းခံလျှင် ဆဲဆိုခြင်း၊ အလုပ်မှထုတ်ပယ်ခြင်း မပြုလုပ်ရန်၊ ၃လပြည့်ပြီးသော အလုပ်သမားများကို အတည်ပြုဝန်ထမ်း ခန့်အပ်ရန်နှင့် အနိမ့်ဆုံးလုပ်ခလစာ (၄၈၀၀) ကျပ်အပြည့်အဝပေးရန်၊ လုပ်ငန်းခွင်ထဲတွင် ထိခိုက်မှုတစ်စုံတစ်ရာရှိလျှင် အသုံပြုနိုင်ရန် ပလာစတာ၊ အရက်ပြန်၊ ဂွမ်းစသည့်များ ထားရှိပေးရန်၊ အလုပ်သမားများ စည်းကမ်းချိုးဖောက်ခြင်းမရှိဘဲ ဝမ်တိမ်ထိုးခိုင်းခြင်း မပြုလုပ်ရန် တောင်းဆိုလိုတယ်လို့ အလုပ်သမား တွေထံကသိရပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026