NEWS

MYANMAR SYNERGY GARMENT စက်ရုံ    အထည်စံချိန်အလွန်အကျွံတောင်းခံနေဟုဆို

CoverLogo
953 Views

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဒီပဲယင်းဝန်ထောက်ဦးမြဲလမ်းမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် MYANMAR SYNERGY အထည်ချုပ်စက်ရုံမှာ အထည်ချုပ်လုပ်သားတွေထံက အထည်စံချိန်အလွန်အကျွံတောင်းခံနေတာနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာအလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေပြီး  Sinsay ၊ FBSISTER စတဲ့အမှတ်တံဆိပ် ဂါဝန်နဲ့ ဘောင်းဘီအထည်တွေချုပ်လုပ်တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်ချိန်ဟာ နံနက် ၇ နာရီ ၃၀ ကနေ ညနေ ၄ နာရီ ၃၀ ဖြစ်ပြီး အချိန်ပိုရှိပါက ည ၆ နာရီ ၃၀ ထိ လုပ်ကိုင်ရပြီး ရရှိသော အခကြေးငွေနှုန်းထားမှာ ဒေးကြေး ၄၈၀၀ ကျပ် ထောက်ပံ့ကြေး ၁၀၀၀ ကျပ် အချိန်ပိုကြေး တစ်နာရီ ၁၂၀၀ ကျပ် ရက်မှန်ကြေး ၁၅၀၀၀ ကျပ်သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုအနေနဲ့ အထည်စံချိန်တွေကို အလုပ်သမားတွေချုပ်လုပ်နိုင်တာထက် အလွန်အကျွံသတ်မှတ်တောင်းခံနေပြီး တနာရီမှာ  Sinsay အမှတ်တံဆိပ် ဂါဝန်အထည် ၃၀ နှုန်း အလုပ်ချိန် ၁၀ နာရီမှာ အထည် ၃၀၀ နှုန်းနဲ့ ဘောင်းဘီအထည်တွေကို တော့ အလုပ်ချိန် ၁၀ နာရီမှာ အထည် ၂၄၀ ကနေ ၃၀၀ အထိ ချုပ်လုပ်ပေးနေရပြီး သတ်မှတ်စံချိန် ပြည့်မီခြင်းမရှိပါက စူပါများမှ အော်ဟစ်ဆဲဆိုတာတွေပြုလုပ်တောင်းခံလျက်ရှိတယ်လို့ အလုပ်သမားကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုလုပ်ဆောင်နေပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိသလို လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီ ကလည်း လုပ်ငန်းခွင်ဆိုင်ရာ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုတွေကို ဖြေရှင်းပေးတာမျိုးမရှိဘူးလို့ သိရပါတယ်။

"စက်ရုံတွင်လုပ်ငန်းခွင် (WCC)ရွေးချယ်မှုမှာလည်း အလုပ်သမားသဘောဆန္ဒနဲ့ မရွေးချယ်ရပဲ မန်နေဂျာပေးထားတဲ့ လူကိုပဲမဲပေးဖို့ ဖိအားပေးတာတွေ လုပ်ပါတယ်။ စက်ရုံမှာစကားပြန်လည်းမရှိဘူး နိုင်ငံခြားသားတွေကနေ အလုပ်သမားတွေကို တိုက်ရိုက်ဝင်ပြော အော်ဟစ်တာတွေလုပ်တယ် ပြီးတော့ ပိတ်ရက်တွေမှာအချိန်ပိုခေါ်တာတွေကို အလုပ်သမားတွေရဲ့ သဘောဆန္ဒကို တောင်းခံတာ မရှိဘူး မဖြစ်မနေဆင်းရတယ် မဆင်းရင် အပြောအဆိုခံရတယ် အလုပ်လုပ်နေချိန်မှာ အလုပ်သမားတွေရဲ့ ဖုန်းတွေကိုလည်းစူပါတွေက သိမ်းထားတာတွေလုပ်တယ် "လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ ခွင့်ခံစားခွင့်မရဘဲ ခွင့်ယူပါက ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေးတွေဖြတ်တောက်ခံရတယ်လို့ ဆိုပါတယ်။ 

အလုပ်သမားတွေရဲ့တောင်းဆိုချက်အနေနဲ့ လုပ်ငန်းခွင်အတွင်း နိုင်ငံခြားသားများတိုက်ရိုတ်အုပ်ချုပ်ခြင်းမပြုလုပ်ရန် တရုတ်စကားပြန်များခန့်ထားပေးရန် အလုပ်သမားများသဘောဆန္ဒဖြင့်အချိန်ပိုခေါ်ယူရန် ဥပဒေအရခံစားခွင့်များဖြင့်ခွင့်ယူပါက၊ ရက်မှန်ကြေးနှင့်ကျွမ်းကျင်ကြေးများမဖြတ်ရန် အလုပ်သမားများထုတ်လုပ်နိုင်သောစံချိန်သာတောင်းခံရန် စူပါများအော်ဟစ်ပြောဆိုခြင်းမပြုလုပ်ရန် လုပ်ငန်းခွင်(WCC)အားအလုပ်သမားသဘောဆန္ဒဖြင့်ရွေးချယ်ရန်စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026