NEWS

Myanmar Sunway Shoes ဖိနပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်နေ

CoverLogo
2.1K Views

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်းပိုင်း)၊ တိုးချဲ့စက်မှုဇုန်၊ကျန်စစ်သားလမ်း ၊မြေတိုင်းရပ်ကွက် ရှိ Myanmar Sunway Shoes ဖိနပ်စက်ရုံက  အလုပ်သမားတွေဟာ ခွဲခြားဆက်ဆံမှုတွေနဲ့အတူ  အလုပ်သမားအခွင့်အရေးတွေဆုံးရှုံးနေတယ်လို့  သိရပါတယ်။  

အဆိုပါစက်ရုံဟာ  အလုပ်သမား ၂၀၀ ခန့်နဲ့လည်ပတ်နေတာဖြစ်ပြီး All super ဆိုသူဟာ အလုပ်သမားများအပေါ်  ခွဲခြားဆက်ဆံမှုတွေပြုလုပ်လေ့ရှိပြီး  အလုပ်သမားများဆေးခွင့်ယူလျှင် ဆေးခွင့်နားနေချိန်ကာလအတွင်း အလုပ်သို့ လာဆင်းရန် ဖုန်းဆက်၍ အတင်းကြပ် အကြိမ်ကြိမ်ခေါ်ယူခဲ့ပြီး  မလာပါကအလုပ်ထုတ်မည်ဆိုကာ  အတင်းအကြပ်ခိုင်းစေခြင်းရှိသလို  လုပ်သက်ခွင့်တွေရရယူရာမှာလည်း လစာဖြတ်တောက်မှုတွေပြုလုပ်တယ်လို့ဆိုပါတယ်။

“ခွင့်ယူရတာက အကုန်လုံးကိုပါပဲ။ အလုပ်သမားတစ်ယောက်ကိုတစ်နှစ်ကို၁၀ရက် လုပ်သက်ခွင့်ပြည့်ပြီဆို ရင် ခံစားရမှာပဲ။ နှစ်တွေကျော်သွားပြီးမနားရဘူး။  ဆေးဖိုးတွေကောက်ခံလို့တိုင်တန်းလိုက်မှလုပ်သက်ခွင့် တွေကျလာတယ်။ ဒါတောင်သူတို့ကနောက်တစ်ကြော့တောင်နားရတော့မှာ။ အလုပ်သမားကနားချင်ပါ တယ်ဆိုလည်း မနားရဘူး အဲ့ဒါဆိုခွင့်ပေးလူမှုရေးကိစ္စတွေသွားဖို့လာဖို့တွေရှိတယ်ဆိုလည်း  မဟုတ်ဘူး။ ပိုက်ဆံဖြတ်တယ်။ ရှောင်တခင်ခွင့်တွေဆိုလည်းပျောက်နေတယ်”လို့ အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက ဆိုပါတယ်။

၎င်းစက်ရုံတွင် LABEL -JSK/(ဂျက်စီကာ)/PAH/MUJI/ဖန်ပု/H&M စသော အမှတ်တံဆိပ်များ ချုပ်လုပ်နေသော စက်ရုံဖြစ်ပြီး  လုပ်ငန်းခွင်အတွင်း စူပါများက ဆဲဆိုခြင်း ၊စောင်းမြောင်းခြင်း ၊ခွဲခြားဆက်ဆံခြင်းကို ခံရသလို အလုပ်သမားမှ လုပ်သက်ခွင့် ၊ဆေးခွင့်နှင့် ပတ်သက်၍ ခွင့်ယူရာတွင် ငွေကြေးဖြတ်တောက်မှုရှိခြင်း ဆေးခွင့်နားနေချိန်ကာလ အတွင်း အလုပ်ကို အတင်းကြပ်လာရောက်ခိုင်းစေခြင်း၊ လစာဖြတ်တောက်မှု မရှင်းသည်များ ပြန်လည်မေးရာတွင်လည်း မန်နေဂျာဖြစ်သူ ဒေါ်ခင်မြတ်သူသည် ဆဲရေးတိုင်းထွာခြင်းကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားများက လုပ်သက်ခွင့် ဖြတ်တောက်ခြင်းကို သွားရောက်တောင်းဆိုရာမှစ၍ all super နှင့် cutting super တို့က ဌာနအလိုက် ဆိုးရွားစွာ ခိုင်းစေနေသလို  လုပ်သက်ခွင့်ဖြတ်တောက်မှုအပေါ်  ပြန်လည်ဖြေရှင်းပေးဖို့တောင်းဆိုတဲ့ အလုပ်သမားများအားခွဲခြားဆက်ဆံပြီး  စောင်းမြောင်းပြောဆိုမှုတွေနဲ့အတူ  အပြစ်ရှာကာဖိအားပေးပြောဆိုမှုတွေ ပြုမူလျှက်ရှိတယ်လို့ အလုပ်သမားများက ဆိုပါတယ်။

“အခုဖြစ်နေတာက လိုင်းခန်းထဲမှာအလုပ်သမားတစ်ယောက် အလုပ်တာ၀န်မထမ်းနိုင်လို့ဖြစ်နေတာလည်း မဟုတ်ဘူး။ စံချိန်မပေးနိုင်လို့ဖြစ်နေတာလည်းမဟုတ်ဘူး။ သက်သက်မဲ့ဒီအလုပ်သမားတစ်ယောက်ကို ဖိအားပေးပြီး စိတ်ညစ်ပြီးမထွက်ထွက်အောင် စောင်းမြောင်းပြောဆိုပြီး သူ့နည်းသူ့ဟာသူထွက်သွားအောင် ဖိအားတွေပေးနေတာ။”လို့ အလုပ်သမားကပြောပါတယ်။

စက်ရုံသည် ဥပဒေပါခွင့်များဖြစ်သော လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်ရက်များကို လုပ်ငန်းပိုင်ရှင် (သို့)စီမံခန့်ခွဲသူများ အနေဖြင့် ခံစားခွင့်မပေးဘဲ  ခွင့်ယူရမည့် နည်းလမ်းနှင့် ပတ်သက်ပြီး စက်ရုံဘက်မှ အလုပ်သမားများကို နားလည်အောင် ရှင်းပြထားခြင်းလည်းမရှိသလို  ခွင့်တိုင်ကြားလို့ရပါကလည်း ငွေကြေးဖြတ်တောက်ခြင်း ခံရသည်ဟု ၎င်းစက်ရုံတွင်အလုပ်နေသော အလုပ်သမားတစ်ဦးထံမှသိရပါတယ်။

စက်ရုံအနေနဲ့ အလုပ်သမားများအတွက် ဆေးပေးခန်းနှင့် သူနာပြု စီစဉ်ထားပေးခြင်းမရှိသဖြင့် အ လုပ်သမားများက မိမိတို့ငွေကြေးဖြင့် စုပြီး ဆေးပစ္စည်းဝယ်သုံးရသလို  အလုပ်သမားများထံမှ  ဆေးဖိုးကောက်ယူမှုတွေရှိလို့ တိုင်တန်းရာမှဆေးဖိုးပြန်လည်ထုတ်ပေးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။  

အဲ့ဒီလိုဖြစ်ပွားနေတာတွေကြောင့် ၎င်းစက်ရုံတွင် အလုပ် လုပ်နေသောအလုပ်သမားများအနေဖြင့် ဥပဒေပါခွင့်များနှင့် ပတ်သက်ပြီး ခွင့်ယူရမည့် နည်းလမ်းများကိုပြောပြပေးရန်နှင့် ဥပဒေပါခွင့်များ ခံစားခွင့်ပေးရန်၊ မန်နေဂျာ၊ စူပါ /အောစူပါများမှ ခွဲခြားဆက်ဆံခြင်း၊ ရိုင်းစိုင်းစွာစောင်းမြောင်းပြောဆို ဆက်ဆံခြင်းမပြုလုပ်ရန် ဆေးပေးခန်းနှင့် သူနာပြုထားရှိပေးပြီး ဆေးပစ္စည်းစုံလင်စွာထားရှိပေးရန်တို့ကို စက်ရုံလုပ်ငန်းပိုင်ရှင်ထံသို့ တောင်းဆိုခြင်းဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026