NEWS

Myanmar Sunview(solamoda 2)အထည်ချုပ်စက်ရုံမှ အလုပ်သမားများနစ်နာကြေးများရရှိရေး ဆက်လက်တောင်းဆိုမည်

CoverLogo
1.2K Views

Myanmar Sunview(solamoda 2)အထည်ချုပ်စက်ရုံမှ အလုပ်သမားများ၏ အလုပ်ထုတ်နစ်နာကြေးနှင့် ကြားကာလနစ်နာကြေးများ ရရှိရေးအတွက် ဆက်လက်တောင်းဆိုသွားဖို့ရှိနေတယ်လို့ ယင်းအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ STUM အလုပ်သမားအဖွဲ့မှ တာ၀န်ရှိသူကပြောဆိုပါတယ်။

''ဆိုလာမိုဒါရဲ့ အလုပ်သမား၁၂၀၀ မှာ  ဒုက္ခတွေအရမ်းရောက်သွားတာတွေအထိရှိတယ်။ကျွန်မတို့တောင်းဆိုထားတဲ့ငွေကြေးကို brandကနေ ညှိလိုက်လို့ ရသွားရင်တော်သေးတယ်။ ခုကလုံးဝမညှိဘဲ တာဝန်ယူမှုမရှိဘဲ  နေတဲ့အတွက် ဒါကိုနောက်ဆုံးအထိ တောင်းဆိုခွင့်ရှိတယ် နောက်ဆုံးသူတို့ဘက်က 50% 75% လုပ်ပေးလိုက်တယ်ဆိုရင် ငါကျေနပ်တယ်ဆိုတော့ သူတို့ဘက်ကလည်း ဒါကိုနောက်ဆုံးအထိတောင်းဆိုမယ်ပြောတယ်'' ဟု ယင်းကပြောပါတယ်။

အလုပ်သမားများတောင်းဆိုထားသည့် ​ တောင်းဆိုချက်များထဲမှ  လတစ်ဝက်စာကို နစ်နာကြေးအဖြစ် ခုံကောင်စီဆုံးဖြတ်ချက်ဖြင့် ရရှိထားကြောင်း၊ ယင်းလဝက်စာကိုပင်  ခုံသမာဓိကောင်စီဆုံးဖြတ်ချက်ဖြင့်သာရရှိထားခြင်းဖြစ်ပြီး Brand အနေဖြင့် ညှိနှိုင်းဖြေရှင်းခြင်းမရှိဘဲ လစ်လျူရှု့ထားခြင်းဖြစ်ကြောင်း၊ စက်ရုံလုပ်သားတစ်ထောင်ကျော်မှာ  ၂၀၂၁ မတ်လက မီးလောင်ပြီး ၈လခန့်အကြာအထိအခက်အခဲများစွာဖြင့်နေလာပြီး 
စက်ရုံမဖွင့်တော့ဘူးဆိုလာသည့်အတွက် အလုပ်ထုတ်နစ်နာကြေးနှင့်  ကြားကာလနစ်နာကြေးတောင်းဆိုရခြင်းဖြစ်ကြောင်း အလုပ်ထုတ်နစ်နာကြေးနှင့်ကြားကာလနစ်နာကြေးမှာ အလုပ်သမားတစ်ဦးချင်းစီ၏ လုပ်သက်ကာလအလိုက် ရရှိရမည်ဖြစ်ကြောင်း နှင့်ယင်းအလုပ်သများ၏ နစ်နာကြေးများကို လုပ်ငန်းရှင်နှင့် brand မှတာဝန်ယူဖြေရှင်းပေးရန် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ကူညိပေးမည်ဖြစ်ကြောင်း 
သိရပါတယ်။

အဆိုပါစက်ရုံ Solamoda 2 သည် ၂၀၂၁ခု မတ်လက မီးလောင်ခဲ့ခြင်းဖြစ်ပြီး လှိုင်သာယာဆိုလာမိုဒါ ၁ ရွှေပြည်သာ ၂၊ ပဲခူး၃ စသဖြင့် စက်ရုံ၃ရုံရှိကြောင်း သိရပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026