NEWS

Myanmar Sunny ဖိနပ်စက်ရုံ ဒေးကြေးတိုးပေးဖို့ ၃ ရက်မြောက်နေ့ အဖြစ် ဆက်လက်တောင်းဆို

CoverLogo
1.8K Views

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၂)၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်း၊ ရှိ ဂျပန်နိုင်ငံသား ပိုင်ဆိုင်တဲ့ Myanmar Sunny  ဖိနပ်စက်ရုံက အလုပ်သမားတွေဟာ တစ်နေ့လုပ်ခ ဒေးကြေး တိုးမြှင့်ပေးဖို့ ဇွန်လ၂၀ရက်နေ့က စတင်တောင်းဆိုနေတယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံဟာ ၂၀၀၀ ခုနှစ် ဇွန် ၁၄ ရက်နေ့မှ စတင်လုပ်ငန်း လည်ပတ်ခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ အလုပ်သမား ၁၂၀၀ နဲ့  လည်ပတ်လုပ်ကိုင်နေတယ်လို့  သိရပါတယ်။

လက်ရှိပေးချေနေတဲ့ နှုန်းထားအရ ဒေးကြေး ၅၂၀၀ ကျပ် ဖြစ်ပြီး တစ်နာရီလုပ်ခလစာ ၆၅၀ ကျပ်ဖြစ်တာကြောင့်  ပျမ်းမျှအားဖြင့် တစ်လလျင် ကျပ် ၂၁၀၀၀၀ ဝန်းကျင်သာရရှိနေပြီး စားဝတ်နေရေးအတွက် ဖူလုံမှုမရှိဘဲ အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမား က ဆိုပါတယ်။

တောင်းဆိုမှုပြုလုပ်ရာမှာ အလုပ်သမား လုပ်ခလစာတိုးမြှင့်ပေးရန် အတွက် "ဒေးကြေး ၆၀၀၀)ကျပ်ပေးရန်နဲ့စက်ရုံပိုင်ရှင်မှ  စက်ရုံပိတ်သိမ်းမည်ကို တိကျသော အဖြေပေးရန်” ဆိုတဲ့ တောင်းဆိုချက် အချက် (၂)ချက်ကို ရရှိဖို့ အလုပ်လုပ်ကိုင်ခြင်းမရှိဘဲ စက်ရုံရှိ စက်လိုင်းနေရာများ၌ ထိုင်ကာ တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် သင့်တင့်တဲ့ လုပ်ခလစာတိုးပေးဖို့ အလုပ်သမား ၁၂၀၀ ကျော်လုပ်ငန်းခွင်မဝင်ဘဲ အခုလို လုပ်ငန်းခွင်ထဲမှာ အလုပ်ရပ်နားပြီး တောင်းဆိုမှုပြုလုပ်နေတာဖြစ်တယ်လို့သိရပါတယ်။

အလုပ်သမားတွေ တောင်းဆိုထားတဲ့အချက်အလက်တွေအရ တစ်နာရီလျင် လုပ်ခလစာ ၇၅၀ ကျပ်နှုန်းတိုးပေးဖို့ အလုပ်ထွက်သွားသော အလုပ်သမားတွေနေရာမှာ အစားထိုးပေးဖို့ နှစ်အလိုက် လုပ်သက်ကြေးခွဲခြားပေးဖို့ နဲ့ စက်ရုံ ပိတ်မယ်ဆိုပါက ပိတ်မည့်ရက်အား တိကျစွာပြောဖို့ စတဲ့အချက်တွေပါဝင်တယ်လို့ သိရပါတယ်။

နောက်ဆုံးသိရတဲ့ အချက်အလက်တွေအရ စက်ရုံပိတ်သိမ်းဖို့မရှိဘူးလို့ စက်ရုံဘက်ကအသိပေးပြောဆိုတာရှိပြီး ဒေးကြေး တိုးမြှင့်ပေးမဲ့ကိစ္စကိုတော့ ပြောဆိုခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Myanmar Sunny ဖိနပ်စက်ရုံမှာ Hawkins Premium အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်ပြီး နိုင်ငံတကာကိုတင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားများအား တောင်းဆိုမှုများနှင့် ပတ်သက်လို့  စက်ရုံအနေဖြင့် ယခုလ ဇွန် ၂၃ နေ့မှာ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးမှာဖြစ်တယ်လို့လည်း သက်ဆိုင်ရာ သတင်းရင်းမြစ်တခုကသိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026