NEWS

Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း

CoverLogo
413 Views
 
Myanmar Sport အထည်ချုပ်စက်ရုံက တရားဝင်ရုံးပိတ်ရက်ကို မပိတ်ဟုဆိုကာ အလုပ် ဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက အလုပ်ရှင်၊ HR မန်နေဂျာ နှင့် ခေါင်းဆောင် All Super တွေ ပူးပေါင်းလိမ်လည်ပြီး နိုင်ငံအတွင်း သတ်မှတ်ထား တရားဝင်ရုံး ပိတ်ရက်ကို စက်ရုံ မပိတ်ဟုဆိုကာ လုပ်ငန်းခွင်တွင်း ညွှန်ကြားထားတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ရှင်ကနေ အောစူပါကို ဒီဇင်ဘာ ၂၆ ရက်ကို ပိတ်ရက်မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ဒီ၂၁ ရက် တနင်္ဂနွေနေ့ကိုလည်း ရက်အစား ဆင်းခိုင်းခဲ့တယ်။ အလုပ်မဆင်းရင် ရက်မှန်ကြေးဖြတ်မယ်၊ ဒီဇင်ဘာ ၂၇ ရက်ကို ၂၀ ရက်နေ့ (စနေနေ့) ကို ရက်အစားဆင်းဖို့ ခေါင်းဆောင်တွေကို All Super က ပြောခဲ့တယ်” လို့ ရွှေပြည်သာမြို့နယ် ၊ အထည်ချုပ် အလုပ်သမား အဖွဲအစည်း တာဝန်ရှိသူက ပြောပါတယ်။
 
အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနရဲ့ အများပြည်သူ အလုပ်ပိတ်ရက် ညွှန်ကြားစာမှာတော့ ဒီဇင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၂၈ ရက်ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။
 
Myanmar Sport အထည်ချုပ် စက်ရုံကလိမ်လည်ခိုင်းစေတာတွေကို ဒီတကြိမ်မဟုတ်ဘဲ အရင် ပိတ်ရက်တွေမှာလည်း အခုလို ခိုင်းစေခဲ့တယ်လို့ အလုပ်သမားတွေက ရွှေပြည်သာမြိုနယ်၊ အထည်ချုပ် အလုပ်သမား အဖွဲအစည်းကို ပြောကြားထားတယ်လို့ သိရပါတယ်။
 
Myanmar Sport Co, Ltd အထည်ချုပ် စက်ရုံu ရန်ကုန်မြို့၊ ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန်၊ ဥဿဖရားလမ်းမှာ ဖွင့်လှစ်ထားပြီး ဂျပန်နိုင်ငံ အခြေစိုက် Burtle Co., Ltd ရဲ့ အမှတ်တံဆိပ် B aircraft ကို ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026