NEWS

Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း

CoverLogo
17 Views
 
Myanmar Sport အထည်ချုပ်စက်ရုံက တရားဝင်ရုံးပိတ်ရက်ကို မပိတ်ဟုဆိုကာ အလုပ် ဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက အလုပ်ရှင်၊ HR မန်နေဂျာ နှင့် ခေါင်းဆောင် All Super တွေ ပူးပေါင်းလိမ်လည်ပြီး နိုင်ငံအတွင်း သတ်မှတ်ထား တရားဝင်ရုံး ပိတ်ရက်ကို စက်ရုံ မပိတ်ဟုဆိုကာ လုပ်ငန်းခွင်တွင်း ညွှန်ကြားထားတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ရှင်ကနေ အောစူပါကို ဒီဇင်ဘာ ၂၆ ရက်ကို ပိတ်ရက်မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ဒီ၂၁ ရက် တနင်္ဂနွေနေ့ကိုလည်း ရက်အစား ဆင်းခိုင်းခဲ့တယ်။ အလုပ်မဆင်းရင် ရက်မှန်ကြေးဖြတ်မယ်၊ ဒီဇင်ဘာ ၂၇ ရက်ကို ၂၀ ရက်နေ့ (စနေနေ့) ကို ရက်အစားဆင်းဖို့ ခေါင်းဆောင်တွေကို All Super က ပြောခဲ့တယ်” လို့ ရွှေပြည်သာမြို့နယ် ၊ အထည်ချုပ် အလုပ်သမား အဖွဲအစည်း တာဝန်ရှိသူက ပြောပါတယ်။
 
အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနရဲ့ အများပြည်သူ အလုပ်ပိတ်ရက် ညွှန်ကြားစာမှာတော့ ဒီဇင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၂၈ ရက်ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။
 
Myanmar Sport အထည်ချုပ် စက်ရုံကလိမ်လည်ခိုင်းစေတာတွေကို ဒီတကြိမ်မဟုတ်ဘဲ အရင် ပိတ်ရက်တွေမှာလည်း အခုလို ခိုင်းစေခဲ့တယ်လို့ အလုပ်သမားတွေက ရွှေပြည်သာမြိုနယ်၊ အထည်ချုပ် အလုပ်သမား အဖွဲအစည်းကို ပြောကြားထားတယ်လို့ သိရပါတယ်။
 
Myanmar Sport Co, Ltd အထည်ချုပ် စက်ရုံu ရန်ကုန်မြို့၊ ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန်၊ ဥဿဖရားလမ်းမှာ ဖွင့်လှစ်ထားပြီး ဂျပန်နိုင်ငံ အခြေစိုက် Burtle Co., Ltd ရဲ့ အမှတ်တံဆိပ် B aircraft ကို ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025
Cover
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ
Dec 18, 2025
Cover
Myanto Garment လစာအတွက် ဘဏ်ကတ် အတင်းအကျပ် လုပ်ခိုင်း
Dec 18, 2025
Cover
Saifeom International Garment Myanmar အထည်ချုပ်စက်ရုံ ပိတ်ရက်မရှိ လုပ်ကိုင်ခိုင်း
Dec 18, 2025
Cover
Myanmar LNY (2) ဦးထုတ်စက်ရုံက ဌာနပြောင်း လစာလျှော့ချမှုတွေ ပြုလုပ်နေ
Dec 16, 2025
Cover
Win Land Co,.Ltdစက်ရုံ မန်နေဂျာမှာ အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆို
Dec 16, 2025
Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025