NEWS

Myanmar S.Flamingo Garment ကြီးကြပ်ရေးမှူးများ ငွေကြေးတောင်းယူနေ

CoverLogo
449 Views
 
Myanmar S.Flamingo Garment Co.,Ltd အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ လစာငွေတချို့ကို ခေါင်းဆောင်ကြီးကြပ်သူတွေ(စူပါ) က တောင်းယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အိုတီ အချိန်ပို မဆင်းရင်ပိုက်ဆံဖြတ်ပါတယ်။ တခါဖြတ်ရ င်၃သောင်း၊ ၅သောင်းပါ။ လစာထုတ်တာနဲ့ စူပါတွေကို ပေးရတာ။” လို့ ပြောပါတယ်။
 
တနင်္ဂနွေ ပိတ်ရက်နဲ့ ညလုံးပေါက် အချိန်ပိုတွေ လုပ်ကိုခိုင်းပြီး မဆင်းနိုင်တဲ့ အလုပ်သမားတွေဆီက ကျပ် ငါးသောင်း
အထိ တောင်းပြီး မကျေနပ်ရင် အလုပ်ထွက် ဖို့အထိ ခြိမ်းခြောက် ပြောဆိုတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ညီမတို့ တစ်နေ့ ရတဲ့ လုပ်ခလစာက တစ်သောင်းမကျော်ပါဘူး။ တခါဖြတ်ရင် သုံးသောင်း၊ ငါးသောင်း အဖြတ်ခံရတာပါ။ HR ကနေ ဖြတ်တာမျိုးလည်း မဟုတ်ဘူး၊ လစာထုပ်တဲ့အချိန်မှ စူပါကို ပေးရတာပါ။” လို့ ပြောပါတယ်။
 
အခုလို ဖြတ်တောက်တောင်းယူတာကို HR ဌာန သိ မသိ ၊ မသိရဘဲ ဒီလို လုပ်ရပ်ကတော့ အလုပ်သမား ဥပဒေကို ကျော်လွန်ပြီး အလုပ်သမားတွေ အပေါ် ခေါင်းပုံဖြတ်တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လစာထုတ်ရင် ခေါင်းဆောင်ကိုပေးရတယ်။ အပြစ်ရှိတယ်ဆိုလည်း သတိပေး လက်မှတ်ထိုးခိုင်းတာမျိုးလို အလုပ်သမားဥပဒေအတိုင်း လုပ်ပါ။ အခုက ငါးသောင်းဆိုတာ များတယ်။ တရုတ်စကားလေး နည်းနည်း တတ်တာနဲ့ မတရားခေါင်းပုံဖြတ်နေတာပါ။” လို့ ပြောပါတယ်။
 
Myanmar S.Flamingo Garment Co.,Ltd စက်ရုံကို နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်းနဲ့ တည်ထောင် ထားပြီး CMP အမျိုးအစား လုပ်ငန်းဖြစ်ပါတယ်။ နိုင်ငံခြားလုပ်သားအပါအဝင် အလုပ်သမား ၉၀၀ ကျော် က လုံခြုံရေးသုံး အဝတ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။
 
စက်ရုံကတော့ ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ အရှေ့ဒဂုံ စက်မှုဇုန်၊ ဦးရွှေဘင်လမ်း မှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026