NEWS

Myanmar San He စက်ရုံ EC စာချုပ်ချိုးဖောက်

CoverLogo
595 Views
 
အလုပ်သမားတွေကို ကြိုပို့ယာဉ် စီစဉ်မပေးဘဲ ကားခစာရိတ် ကျပ် ၂၀၀၀၀ ပေးမယ်ဆိုပြီး အဲဒီကားခကို စက်ရုံဘက်က အမှန်တကယ်မပေးဘူးလို့ Myanmar San He ဆေးဆိုးပန်းရိုက်စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံနဲ့ အလုပ်သမားတွေကြား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် EC ချုပ်ဆိုထားပေမဲ့ စာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်ခံရတာလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေ အလုပ်ခန့်တုန်းကတော့ ဖယ်ရီစီစဉ်မပေးပဲ ကားခ တစ်ဦး ၂၀၀၀၀ ပေးမယ်လို ပြောထား တယ်။အဲဒီ စာရိတ်က အလုပ်သမားတွေ မရကြဘူး။ သူတို့ ပေးချင်တာသူတွေကိုတော့ ပေးပါတယ်။ အများစု မရကြဘူး။ ဒါထက်ဆိုးတာက ပိုင်ရှင်က စကားပြန်ရှိနေတာကို ရိုင်းရိုင်းစိုင်းစိုင်း ပြောပြီး ခိုင်းနေတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Myanmar Labour News က ဖတ်ရှုရတဲ့ Myanmar San He စက်ရုံ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၂ မှာ ကြိုပို့ယာဉ် စီစဉ်ပေးမှုကို ဖော်ပြထားပြီး အပိုဒ် ၁၇ (၂) မှာတော့ စက်ရုံပိုင်ရှင်တွေအနေနဲ့ အလုပ်သမားတွေရဲ့ ယဉ်ကျေးမှုဓလေ့တွေကို လေးစားလိုက်နာဖို့ ရေးထားပါတယ်။ စက်ရုံမှာ အလုပ်သမား ၈၀ ဝန်းကျင်လုပ်ကိုင်နေပြီး လုပ်အားခတွေကို အပြည်အဝမရတာလည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အလုပ်သမားတွေကို လုပ်အားခရှင်းလို့ တစ်သောင်း၊ နှစ်သောင်း လိုလို့ သွားပြောရင် မရတော့ဘူး ။ နင်တို့ ဖြတ်ယူပြီး မပြည့်ဘူး လာပြောတာ မဟုတ်လားဆိုပြီး ပြန်မပေးတော့ဘူး။ စက်ရုံမှာ ကလေးလုပ်သားတွေ ခိုင်းတယ်။ ဆေးဆိုးပန်းရိုက်လုပ်ငန်းဆိုတော့ အပူလောင်တာ၊ အရေပြားထိခိုက်တာတွေ ဖြစ်တယ်။ အဲလိုဖြစ်ရင် စက်ရုံ တာဝန်ယူတာမရှိဘူး။ ကိုယ့်အစီအစဥ်နဲ့ ဆေးခန်းသွားရတယ်။ ဆေးခန်းကြာချိန် လုပ်အားခတွေ ဖြတ်ပြန်တယ်။”လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်နဲ့ မပတ်သက်တဲ့ ပန်းကန်ဆေး၊ ခွေးစာကျွေး၊ ခွေးရေချိုး၊ ခြံသန့်ရှင်းရေးနဲ့ သန့်စင်ခန်း သန့်ရှင်းရေး စတဲ့ အလုပ်တွေကို စက်ရုံပိုင်ရှင်က ခိုင်းစေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုမဆင်းနိုင်တဲ့ အလုပ်သမားတွေကိုလည်း နောက်ရက်တွေမှာ အလုပ် မဆင်းခိုင်းတော့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ တနင်္ဂနွေ ပိတ်ရက်တွေ အချိန်ပိုကို ည ၇ နာရီ အထိ ခိုင်းတယ်။ တနင်္ဂနွေ အချိန်ပိုမဆင်းတာနဲ့ တနင်္လာနေ့ စက်ရုံကို မလာခိုင်းတော့ဘူး။ အလုပ်သွားခဲ့ရင်လည်း စက်ရုံထဲ ပေးမဝင်ဘူး” လို့ ပြောပါတယ်။
 
Myanmar San He စက်ရုံ ဆေးဆိုးပန်းရိုက် စက်ရုံကို တရုတ်နိုင်ငံသား ပိုင်ဆိုင်ပြီး လှိုင်သာယာမြို့နယ် မွေးမြူရေးဇုန် (၅) ၊ ရွှေရင်အေးကျောင်းလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026