NEWS

MYANMAR RUTAI ELECTRONICS CO,LTD စက်ရုံ နေ့စားလုပ်သား ၂၀၀ ကျော်အား အတည်ပြုဝန်ထမ်း မခန့်ဘဲ ခိုင်းစေ

CoverLogo
664 Views

ပဲခူးမြို့နယ်၊ အဝိုင်းကျေးရွာအုပ်စု၊ အဝိုင်းအရှေ့ကွင်းက MYANMAR RUTAI ELECTRONICS CO,LTD စက်ရုံမှာ လုပ်သား ၃၀၀ လောက်ရှိပြီး အဲဒီထဲက နေ့စားလုပ်သား ၂၀၀ ကျော်ကို အတည်ပြုဝန်ထမ်းအဖြစ် ခန့်ထားတာမရှိတာကြောင့် နစ်နာမှုတွေရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

ဒါ့အပြင် အလုပ်ရှင်အလုပ်သမား နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုတာ မရှိတဲ့ အပြင် လုပ်သက် တစ်နှစ်ကျော် နှစ်နှစ်နီးပါးရှိ နေ့စား အလုပ်သမားများကိုလည်း အတည်ပြုဝန်ထမ်းမခန့် အပ်ဘူးလို့ ဆိုပါတယ်။ အလုပ် လျှောက်ရာမှာ တခြား စာရွက်စာတမ်း မပေးရဘဲ ရဲစခန်းထောက်ခံစာ တခုတည်း ပေးရပြီး အလုပ်ဝင် ရတာလို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

 

“စက်ရုံ အလုပ်သမားတွေမှာ ခွင့်ရက်လည်းမရဘူး။ ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ လုပ်သက်ခွင့်ဆိုတာ ဘာမှန်းတောင်မသိကြဘူး။ အလုပ်ပျက်တာနဲ့ တရက် ၅၀၀ ဖြတ်သေးတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

 

ထုတ်ကုန်စံချိန်တွေကို ပိုပြီး တောင်းခံတဲ့အပြင် လုပ်ကိုင်ရတာခက်ခဲပေမဲ့ အလုပ်သမား မလုပ်နိုင်တဲ့အထိ တောင်းခံတာ အရည်သွေးစစ်ဌာနက အလုပ်သမားတွေမှာလည်း မနားတမ်းစစ်ဆေးမှု ပြုလုပ်နေရတာတွေ ကြောင့် ပုံမှန်အလုပ်ချိန် အရေအတွက်မပြည့်ဘဲ အနားပေးချိန်တွေမှာပါ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

“အလုပ်သမား ထမင်းစားချိန် ၁ နာရီနဲ့ တခြားသော နားချိန်တွေရှိတယ်။ ဒါပေမဲ့ တောင်းတဲ့ စံချိန် ပြည့်ဖို့ ထမင်းလည်း အမြန်းစာခိုင်းတယ်။ နားချိန်တောင်မနားရဘဲ လုပ်နေရတာပါ။” လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

စက်ရုံသည်အလုပ်သမားတွေအတွက် ကြိုပို့ဖယ်ရီစီစဥ်ပေးတာမရှိသလို နေ့စားအလုပ်သမားတွေအတွက် စနေနေ့ လုပ်ခရှင်းတဲ့အခါ လမ်းစရိတ်၊ ထမင်းစရိတ်ဆိုပြီး ကျပ် ၁၂၀၀ ပေးပေမဲ့ လုံလောက်မှုမရှိဘဲ အလုပ်သမားတွေရဲ့ လုပ်ခထဲက စိုက်ထုတ် သုံးစွဲနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  

 

တနှစ်ကျော် နေ့စားလုပ်သမားတွေကို အတည်ပြုဝန်ထမ်းခန့်အပ်ဖို့ ၊ ဥပဒေပါ ခွင့်ရက်တွေကို ခံစားခွင့်ပေးဖို့၊ ထမင်းစားချိန်၊ နားချိန်တွေမှာ အလုပ်မခိုင်းပဲ နားချိန်အပြည့်အဝပေးဖို့ ပေးဖို့၊ ထုတ်လုပ်နိုင်စွမ်းထက် ပိုပြီးစံချိန်တွေ မတောင်းဖို့ နဲ့ ဖယ်ရီ ဒါမှဟုတ် ခရီးစာရိတ်၊ ထမင်းစာရိတ် လုံလောက်အောင် တိုးပေးဖို့ကို MYANMAR RUTAI ELECTRONICS CO,LTD စက်ရုံ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။ 

 

MYANMAR RUTAI ELECTRONICS CO,LTDစက်ရုံကို တရုတ်အမျိုးသား ပိုင်ဆိုင်ပြီး ကြိုနားကြပ်၊ နားအုပ် နားကြပ်တွေ ထုတ်လုပ်နေတယ်လို့ သိထားရပါတယ်။ 

 

 #MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026