NEWS

Myanmar QI Yuan Garment အချိန်ပို အတင်းအကျပ် ခိုင်းစေနေ

CoverLogo
539 Views

လှိုင်သာယာစက်မှုဇုန်က Myanmar QI Yuan Garment (ရုံ ၂)  စက်ရုံမှာ အချိန်ပိုတွေ အတင်းအကျပ် လုပ်ကိုင်ခိုင်း နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လမှာဘဲ ညနက် အချိန်ပို  ၂၉ နာရီ (ခြောက်ရက် ဝန်းကျင်) လုပ်ခိုင်း ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ပုံမှန် နေတိုင်း တနေ့ နှစ်နာရီ လုပ်ပေးရတယ်။  ညနက် အချိန်ပိုက ၁၂ နာရီအထိက ငါးနာရီလုပ်ပေးရတယ်။ အခု လုံခြုံရေးအခြေအနေကိူ အိမ်က မိသားစုတွေ၊ မိဘတွေက စိုးရိမ်ကြတယ်။ အမျိုးသမီးတွေဆိုတော့ ပိုစိုးရိမ် ကြတာ ။ အချိန်ပိုကို မဆင်းချင်ကြဘူး။ အိမ်က စိတ်မချဘူးလို့  ပြောတော့လဲ နောက်နေ့ အလုပ်မလာနဲ့တော့ ဆိုပြီး စူပါတွေက ပြောတယ်။” လို့ အမျိုးသမီးလုပ်သားတစ်ဦးက ပြောပါတယ်။

အချိန်ပိုလုပ်ကိုင်ဖို့ တလ နာရီ ၈၀  ခွင့်ပြုထားပေမဲ့ အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ အတင်းအကျပ် မခိုင်းဖို့ ဥပဒေမှာ ထားမြစ်ထားတာဖြစ်ပါတယ်။ စက်ရုံ အလုပ်ချိန်က မနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲအထိ ဖြစ်ပေမဲ့ အချိန်ပို ၂ နာရီကို နေ့စဉ် လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါပေမဲ့ နေ့လယ်စာ စားပြီးကတည်းက အချိန်ပို ပြီးဆုံးတဲ့ ည ၆ နာရီခွဲအထိ နားချိန်မပေးဘဲ ဆက်တိုက် လုပ်ကိုင်ပေးရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

“အလုပ်ကိုင်ကို ခြိမ်းခြောက်ပြောတော့ အလုပ်သမားတွေက မျက်ရည် နဲ့ မျက်ခွက်ပေါ့၊ ဆင်းနေရတယ်။ ဆဲဆို တာတွေ တော့ မလုပ်တော့ဘူး။ တချို့စက်လိုင်းတွေ၊ ဌာနတွေကတော့ နာရီ ၈၀ မက လုပ်ရတယ်။ စနေနေ့လို့ဆို ၄ ခွဲအထိ ဆိုပေမဲ့ ဆက်ဆင်းရတဲ့ ဌာနတွေ၊စက်လိုင်းတွေ ရှိပါတယ်။ ပတ်ကင်လို အပြီးသတ်ပိုင်း လုပ်ရတဲ့ ဌာနက အလုပ်သမားတွေဆို ပိန်ပိန်လေးတွေ ဖြစ်နေတယ်။” လို့ ပြောပါတယ်။ 

ဒီဇင်ဘာ ၃၁  ရက်မှာ ညနက်အထိ အလုပ်ဆင်းခဲ့ရပြီး ဇန်နဝါရီ ၁ ရက် စနေနေ့မှာတော့ ည ၈ နာရီအထိ လုပ်ကိုင်ပေး ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဇန်နဝါရီ ၄ ရက်နဲ့ ၆ ရက်မှာ ညနက်အချိန်ပိုတွေ လုပ်ကိုင်ထားရပြီး သင်္ကြန်ကာလအထိ အချိန်ပိုတွေ ဆက်တိုက် လုပ်ကိုင်ခိုင်းမယ်ဆိုပြီး တာဝန်ရှိသူတွေက ပြောဆိုတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

“အချိန်ပိုတွေဆက်ခေါ်မယ်လို့ စူပါတွေက ပြောနေတယ်။ စက်ရုံဘက်လည်း မီတင်တွေ ခဏခဏလုပ်ပြီး သူများ ထမင်းအိုး ထုတ်နဲ့ မထိုးဖို့တို့၊ အချိန်ပိုခေါ်ရင် မတိုင်ဖို့တို့ ပြောနေတယ်။ အခုဆို မဆင်းရင် မရဘူး ဆိုတဲ့ ပုံစံတွေ ဖြစ်လာတယ်။ ကိုယ်ကမဆင်းလို့ တခြားသူဆင်းခိုင်းရင် ပယ်ထည်ကျရင် မဆင်းတဲ့သူကို တာဝန်ယူမလား ဆိုပြီး ပြောလာတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အချိန်ပိုတွေ လုပ်ကိုင်ရပေမဲ့ ခွင့်အမျိုးအစားတွေ ခွင့်ပြုတာမျိုး မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်က Myanmar QI Yuan Garment စက်ရုံက အမျိုးသား အလုပ်သမားတွေ ခွဲခြားဆက်ဆံခံရတဲ့ သတင်းဖော်ပြပြီးနောက်မှာတော့ မြို့နယ် အလုပ်သမားရုံးက လာရောက်စစ်ဆေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အဲလို လာစစ်တော့ ခွဲခြားဆက်ဆံတာတွေ ဆဲဆိုတာတွေ မရှိတော့ဘူး။ ကလေးလုပ်သားတွေလည်း ထုတ် လိုက်တယ်။ အသက်ပြည့်တဲ့ Helper တွေကို ပြန်ခန့်တာတွေ့ရတယ်။ ဒါပေမဲ့ ပန်အဟောင်းတွေပြန််တပ်၊ ပြုပြင်ပေးထားပေမဲ့ ပြန်မကောင်းဘူး၊ ပူတဲ့ဒဏ်လည်း ခံနေရတယ်။ အိမ်သာဆပ်ပြာလည်း ပေးတရက် မပေးတရက်ဘဲ။” လို့ အမျိုးသမီး အလုပ်သမားတစ်ဦးက ပြောကြားပါတယ်။

Myanmar QI Yuan Garment Co.,Ltd ကို တရုတ်နိုင်ငံသားတဦးပိုင်ဆိုင်ပြီး ရန်ကုန်မြို့ ၊ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ စက်မှုဇုန် ၁ သံချက်ဝန်ဦးညွန့်လမ်းမှာ လုပ်သား အင်အား ၆၀၀ လောက်နဲ့ လုပ်ကိုင်နေတယ် လို့ အလုပ်သမားတွေက ပြောပါတယ်။  စက်ရုံမှာ WCC အဖွဲ့ကို စက်ရုံဘက်က ဖွဲ့စည်းထားပြီး ဝယ်လွန် အထည်တွေ ချုပ်လုပ်နေတယ်လို့ ပြောဆိုထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026