NEWS

Myanmar QI Yuan Garment တွင် အမျိုးသားလုပ်သားများ ခွဲခြားဆက်ဆံခံရ

CoverLogo
729 Views

Myanmar QI Yuan Garment စက်ရုံက အမျိုးသားလုပ်သားတွေ ဆဲဆိုခိုင်းစေခံရပြီး လစားလုပ်သားအဖြစ် ခန့်ထားတာ မရှိဘူးလို့ သိရပါတယ်။ စက်ရုံအတွင်းက အမျိုးသားလုပ်သားတွေဟာ စက်ချုပ်လုပ်ငန်းအပြင် မတ်တပ်ရပ် လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။

“ အောစူပါကရော လိုင်းစူပါတွေကရော ယောက်ျားလေး ၊ မိန်းကလေး ခွဲမနေတော့ဘူး။ ေ-ာက်တွေနဲ့ နိုင်း အော်ဟစ် ပြောဆိုနေတာ၊ ယောက်ျားလေးတွေဆိုတော့ မိန်းကလေးတွေရှေ့မှာ ပြောဆိုတာခံရတာတော့ ။ ရှက်ကြတာပေါ့။ အဲဒါနဲ့ ပဲ အလုပ်ကနေ ထွက်သွားကြတာ၊ တကယ်ဆို အထည်ချုပ်စက်ရုံမှာ ယောက်ျားလေး တွေရဲ့ အင်အားမပါဘဲလည်း အလုပ်တွေ မပြီးပါဘူး” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။

ဒေကြေးနဲ့ တခြားခံစားခွင့်တွေတူညီပေမဲ့  အမျိုးသားလုပ်သားတွေရဲ့ ဂရိတ်ကြေး သတ်မှတ်ချက်ကို အနိမ့်ဆုံး သတ်မှတ်ပြီး လစာရှင်းပေးတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အမြဲတန်းခန့် လခစား အလုပ်သမား မဟုတ်လို့ ဆိုပြီး လုပ်သက်နှစ်ကြေးလည်း စက်ရုံဘက်က မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ယောက်ျားလေးလုပ်သားတွေဆို ဂရိတ်ကို C ထက်မပိုဘူး။ ဒါတောင် ရှားရှားပါးပါးရကြတာ။ နှစ်ကြေးကြတော့ တနှစ်တခါပေးတာပါ။ သူတို့ကြတော့ နေ့စားဆိုပြီး နှစ်ကြေးမပေးပြန်ဘူး။ ဒါပေမဲ့ ဖူလုံရေးကြေးတွေကတော့ ဖြတ်ယူပါတယ်” လို့ အမျိုးသမီးလုပ်သားတဦးက ပြောပါတယ်။

ဖူလုံရေးကြေးကို လစဉ် ဖြတ်တောက်နေပေမဲ့ ကတ်ထုတ််ပေးတာ၊ ပြုလုပ်ပေးတာ မရှိတာကြောင့် အကျိုး ခံစားခွင့်တွေ ဆုံးရှုံးနေတယ်လို့ ပြောပါတယ်။ Myanmar QI Yuan Garment မှာ ပြီးခဲ့ ဇွန်လက စပြီး စက်တင်ဘာလကုန်အထိ အောနိုက် (ည  ၁၂ နာရီ အထိ) တရက်ခြား လုပ်ကိုင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ 

“အောနိုက်ဆင်းပြီးလည်း အိမ်ပြန်လို့မရဘူး။ စက်ရုံထဲ ဖြစ်သလို အိပ်၊ အနီရောင်ရေတွေ သုံးရတယ်။ ချိုးရတယ်။ နောက် အိမ်သာသုံးဖို့ ဆပ်ပြာ သေးသေးလေး နှစ်ခု ပေးတယ်။ အလုပ်သမားတွေက စုပြီး ဆပ်ပြာဝယ်သုံး ရတယ် ။ ဆေးခန်းလည်း မရှိဘူး။ ဆေးသွားတောင်းရင် အဖြေကျော်လို ဗမာဆေးပေးတယ်။ လိုင်းက အလုပ်သမားတွေ  ကလိုအပ်တဲ့ ဆေးကို ပိုက်ဆံစုပြီး ဝယ်ထားရတာ” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။

အောနိုက်ဆင်းရတဲ့နေ့ ထမင်းဖိုးဆိုပြီး ကျပ်တထောင်သာ ထုတ်ပေးလို့ လောက်ငှမှုမရှိတာကြောင့် အလုပ်သမား တွေက စက်တင်ဘာလမှာ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ တောင်းဆိုမှုကြောင့် ကျပ် နှစ်ထောင် တိုးမြှင့်ရခဲ့ပြီး အခုအောက်တိုဘာလမှာတေ့ အောနိုက်အချိန်ပို ခေါ်ယူတာ မရှိတော့ဘူးလို့ သိရပါတယ်။  

“အောက်နိုက်မရှိတော့ဘူး။ ဒါပေမဲ့ ပြီးခဲ့အပတ်ထဲက စပြီး ည ၇ နာရီအထိ ပြန်လုပ်ပေးနေရတယ်။ အဲထဲက တနာရီကို ပိတ်ရက်အတွက် ရက်စားဆိုပြီး အိုတီဆင်းခိုင်းပြီး ဖြတ်နေတာ။ ပိတ်ရက်ကတော့ နိုဝင်ဘာ ၁၊ ၂၊ ၃ ရက်လို့တော့ ပြောတယ်။ သီတင်းကျွတ်ပိတ်ရက်တုန်းလည်း အဲ့လိုတွေ လုပ်ပါတယ် ” လို့ အလုပ်သမားတဦးက ပြောပါတယ်။

အထည် ပယ်ထည်ကျလို့ဆိုပြီး စက်ရုံဘက်က ဒဏ်ကြေးဆိုပြိး တထည်ကို ငါးရာ နှုန်းနဲ့ လက်ငင်း  ကောက်ခံ တယ်လို့လည်း ဆက်ပြောပါတယ်။ ဒီဒဏ်ကြေးကို အတင်းအကျပ်ကောက်ခံတဲ့ အပြင် ဘယ်နေရာ အသုံးပြု တယ်ဆိုတာ မသိရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။  

“ ဂိတ်ပတ်စ်ယူရင် ရက်မှန်ကြေး ၅၀၀၀၀၊ ဂရိတ်ကြေး၊ ဒေကြေးတွေ အကုန်အဖြတ်ခံရတယ်။ နေ့လည် နှစ်နာရီနောက်ပိုင်း ဂိတ်ပတ်စ် ယူရင် ၅၀ ရာခိုင်နှုန်း၊ ညနေ ၄ နာရီနောက်ပိုင်းဆို အားလုံးဖြတ်တာ။ ဖြတ်ရင် စုစုပေါင်း တသိန်းလောက် အဖြတ်ခံရတယ်။ နောက်ဂိတ်ပတ်ယူလို့ မရအောင် အဆင့်ဆင့်တွေ လုပ်ထားတယ်” လို့ Myanmar QI Yuan Garment CO.LTD အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ရုံအတွင်း အသက်မပြည့်တဲ့ အလုပ်သမား မိန်းကလေး၊ ယောက်ျားတွေကို နေ့စား လုပ်ကိုင်ခိုင်းပြီး အချိန်ပို ပြီးဆုံးချိန်အထိ အနားမရဘဲ ဆက်တိုက်လုပ်ကိုင်နေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

“ နားချိန်မပြောနဲ့ အိမ်သာ အပေါ့အပါးတောင် လွယ်လွယ်ကူကူ မရဘူး။ သွားမိလို့ စံချိန် တထည်နှစ်ထည် လိုရင်တောင် စူပါတွေက လာအော်တာပဲ။ပြန်ပြောရင် အငြိုးထားပြီး ဆက်ဆံတော့တာပဲ။ အောနိုက်ဆင်းလည်း နားချိန်မရဘူး။ ည ခုနှစ်နာရီခွဲ နားပြီးတာနဲ့ အချိန်ပိုပြီးတဲ့ အထိ ဆက်တိုက်ချုပ်ရတာ” လို့ ပြောပါတယ်။ 

စက်ရုံအတွင်း ပန်ကာတွေ အများစု အသုံးပြုမရတာကြောင့် အပူဒဏ် ခံစားရတဲ့အပြင် အရေးပေါ် လျှောက်လမ်း မှာ လည်း အသုံးပြုမရအောင် ပစ္စည်းတွေ စုပုံထားတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

Myanmar QI Yuan Garment CO.LTD (ရုံ ၂) ကို တရုတ်နိုင်ငံသားတဦးပိုင်ဆိုင်ပြီး  ရန်ကုန်မြို့ ၊ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊  စက်မှုဇုန်  ၁  သံချက်ဝန်ဦးညွန့်လမ်းမှာ လုပ်သား အင်အား ၆၀၀ လောက်နဲ့ လုပ်ကိုင်နေ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံ ၁ ကတော့  ပန်းလှိုင်ဂေါက်ကွင်း လမ်း၊ ညောင်ရပ်ကွက်၊ စက်မှုဇုန် ၁ မှာရှိပါတယ်။  

 #MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026