NEWS

Myanmar Postarion စက်ရုံလုပ်သားများ တောင်းဆိုမှု ဆက်လက် ပြုလုပ်

CoverLogo
111 Views
 
Myanmar Postarion အထည်ချုပ်စက်ရုံလုပ်သားတွေက ဒီကနေ့ ဇွန်လ ၄ ရက်မှာ လုပ်ခလစာ ဒေးကြေး တိုးပေးဖို့ တောင်းဆိုမှု ဆက်လုပ် ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒေးကြေး ကျပ် ၁၃,၀၀၀ တိုးပေးဖို့ကို ဒုတိယမြောက်နေ့အဖြစ် တောင်းဆိုနေတယ်လို့ သွေးစည်းညီညွတ် သော အလုပ်သမားများ သမဂ္ဂများအဖွဲ့ချုပ် STUM ကို အလုပ်သမားတွေက ပြောပါတယ်။
 
ဒေးကြေး ၁၃၀၀၀၊ အချိန်ပို တနာရီ ၂၅၀၀ နဲ့ ရက်မှန်ကြေးကျပ် ၆၀၀၀၀ ပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေတာ ဖြစ်ပါတယ်။ ပထမနေ့မှာ အလုပ်သမား ၅၀၀ ကျော်က အလုပ်ရပ် တောင်းဆိုခဲ့ပြီး စက်ရုံလုပ်သား တစ်ဝက်ကျော် ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။
 
ဒုတိယနေ့ ဆက်လက်တောင်းဆိုမှုမှာ စက်ရုံက အလုပ်သမားအားလုံးက ပါဝင်တောင်းဆိုနေပြီး ပထမနေ့ တောင်းဆိုမှုမှာ စက်ရုံဘက်က ညှိနှိုင်းတာမရှိခဲ့လို့ ဆက်လက်တောင်းဆိုနေတာလို့လည်း အလုပ်သမားတွေ က ပြောပါတယ်။
 
Myanmar Postarion အထည်ချုပ်စက်ရုံက အရင် Red Stone အထည်ချုပ် အမည်နဲ့ စက်ရုံဖွင့်လှစ်ခဲ့ဖူးပြီး ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၁) ၊ စက်မှု (၃) လမ်းမှာ အလုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့ လုပ်ကိုင် နေပါတယ်။
Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ ၊ ရွှေ့ပြောင်းအလုပ်သမားအရေး သတင်း နဲ့ ဒေသတွင်း သတင်းတွေကို

Related posts

Cover
ETEC နှင့် EI အီလက်ထရောနှစ်စက်ရုံ အလုပ်သမားများ ဆက်လက်တောင်းဆိုနေ
Jun 06, 2025
Cover
ILO ရဲ့ အရေးယူမယ့်ဆုံးဖြတ်ချက်အပေါ် မစိုးရိမ်ကြဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနတုန့်ပြန်
Jun 06, 2025
Cover
Joy Time Garment စက်ရုံလုပ်သားများ တောင်းဆိုမှု ပြေလည်မှုရ
Jun 06, 2025
Cover
J&F Myanmar LNY Caps စက်ရုံ အချိန်ပို တစ်လ နာရီ ၉၀ ကျော် လုပ်ခိုင်း
Jun 06, 2025
Cover
မြန်မာကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။
Jun 06, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူ
Jun 05, 2025
Cover
Myanmar Postarion စက်ရုံ နှင့် အလုပ်သမားများ သဘောတူညီမှုရရှိ
Jun 05, 2025
Cover
Myanmar Postarion စက်ရုံလုပ်သားများ လုပ်ခလစာတိုးမြှင့်ရေး တတိယမြောက်နေ့တောင်းဆို”
Jun 05, 2025