NEWS

Myanmar Postarion စက်ရုံ နှင့် အလုပ်သမားများ သဘောတူညီမှုရရှိ

CoverLogo
278 Views
 
Myanmar Postarion အထည်ချုပ်စက်ရုံနဲ့ တောင်းဆိုမှုပြုလုပ်နေတဲ့ အလုပ်သမားတွေကြား ဒီကနေ့ ဇွန်လ ၅ ရက်မှာ သဘောတူညီမှု ရရှိခဲ့တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM က ထုတ်ပြန်ထားပါတယ်။
 
စက်ရုံဘက်က ဒေးကြေး ကျပ် ၁၁,၀၀၀ တိုးမြှင့်ပေးပြီး နှစ်ဖက် သဘောတူညီမှု ရရှိခဲ့တာလို့ သိရပါတယ်။ အလုပ်သမားတွေက နေ့တွက် ဒေးကြေး ကျပ် ၁၃,၀၀၀ ၊ ရက်မှန်ကြေး ၆၀,၀၀၀နဲ့ အချိန်ပိုကြေး တစ်နာရီ ကျပ် ၂,၅၀၀ တိုးမြှင့်ပေးဖို့ ၃ ရက်ကြာတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
 
Myanmar Postarion စက်ရုံက အရင် Red Stone အမည်နဲ့ အထည်ချုပ် စက်ရုံ ဖွင့်ခဲ့ပြီး လက်ရှိ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၁) ၊ စက်မှု (၃) လမ်းမှာ ဖွင့်လှစ်ထားပါတယ်။ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုမှုပြုလုပ်ခဲ့ရာမှာ စက်ရုံလုပ်သား အားလုံးပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ
Oct 09, 2025
Cover
မဲဆောက် တွင် ဈေးရောင်းနေသည့် မြန်မာများ အဖမ်းခံရ
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ
Oct 09, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ
Oct 08, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ (ရုပ်သံ သတင်း)
Oct 08, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ (ရုပ်သံသတင်း)
Oct 07, 2025