NEWS

Myanmar Postarion စက်ရုံလုပ်သားများ တောင်းဆိုမှု ဆက်လက် ပြုလုပ်

CoverLogo
581 Views
 
Myanmar Postarion အထည်ချုပ်စက်ရုံလုပ်သားတွေက ဒီကနေ့ ဇွန်လ ၄ ရက်မှာ လုပ်ခလစာ ဒေးကြေး တိုးပေးဖို့ တောင်းဆိုမှု ဆက်လုပ် ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒေးကြေး ကျပ် ၁၃,၀၀၀ တိုးပေးဖို့ကို ဒုတိယမြောက်နေ့အဖြစ် တောင်းဆိုနေတယ်လို့ သွေးစည်းညီညွတ် သော အလုပ်သမားများ သမဂ္ဂများအဖွဲ့ချုပ် STUM ကို အလုပ်သမားတွေက ပြောပါတယ်။
 
ဒေးကြေး ၁၃၀၀၀၊ အချိန်ပို တနာရီ ၂၅၀၀ နဲ့ ရက်မှန်ကြေးကျပ် ၆၀၀၀၀ ပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေတာ ဖြစ်ပါတယ်။ ပထမနေ့မှာ အလုပ်သမား ၅၀၀ ကျော်က အလုပ်ရပ် တောင်းဆိုခဲ့ပြီး စက်ရုံလုပ်သား တစ်ဝက်ကျော် ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။
 
ဒုတိယနေ့ ဆက်လက်တောင်းဆိုမှုမှာ စက်ရုံက အလုပ်သမားအားလုံးက ပါဝင်တောင်းဆိုနေပြီး ပထမနေ့ တောင်းဆိုမှုမှာ စက်ရုံဘက်က ညှိနှိုင်းတာမရှိခဲ့လို့ ဆက်လက်တောင်းဆိုနေတာလို့လည်း အလုပ်သမားတွေ က ပြောပါတယ်။
 
Myanmar Postarion အထည်ချုပ်စက်ရုံက အရင် Red Stone အထည်ချုပ် အမည်နဲ့ စက်ရုံဖွင့်လှစ်ခဲ့ဖူးပြီး ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၁) ၊ စက်မှု (၃) လမ်းမှာ အလုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့ လုပ်ကိုင် နေပါတယ်။
Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ ၊ ရွှေ့ပြောင်းအလုပ်သမားအရေး သတင်း နဲ့ ဒေသတွင်း သတင်းတွေကို

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026