NEWS

Myanmar LUXURY GROUP အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုများဖြေရှင်းပေးခြင်းမရှိဟုဆို

CoverLogo
857 Views

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဘုန်းကြီးကျောင်းမှတ်တိုင်းအနီး ဖွင့်လှစ်ထားတဲ့ Myanmar LUXURY GROUP စက်ရုံ မှာ လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်အရေးများချိုးဖောက်မှုရှိနေပြီး ဖြေရှင်းပေးတာမရှိလို့ အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံဖွင့်လှစ်လည်ပတ်တာ ၅ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိမှာ PROMOD, CALLIOPE စတဲ့အမှတ်တံဆိပ် အမျိုးသမီးဝတ် အထည်တွေကို အလုပ်သမား ၆၀၀ ကျော်နဲ့ ချုပ်လုပ်ပြီး တရုတ်နိုင်ငံကိုတင်ပို့ နေတာလို့ သိရပါတယ်။

 

အဲ့ဒီလုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မီတီ WCC ဖွဲ့စည်းထားပြီး လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှုတွေကိုတော့ထိရောက်စွာ ညှိနှိုင်းဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

 

ချိုးဖောက်မှု အနေနဲ့ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့တွေမှာပါ အချိန်ပိုဆင်းရတာ ည ၁၂ နာရီအထိ ဆင်းရတာ ဖြစ်ပြီး အလုပ်သမားတွေရဲ့ သဘောဆန္ဒကိုမေးမြန်းတာမရှိဘဲ ကြီးကြပ်သူတွေရွေးချယ်တဲ့ အလုပ်သမားတိုင်း မဖြစ်မနေဆင်းရတာ ကြောင့် ငြင်းဆန်ခွင့်မရှိဘဲ ဖိအားပေးခိုင်းစေတာခံနေရတာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။ 

 

ပုံမှန်အလုပ်ချိန်ဟာ မနက် ၇ နာရီ ၃၀ ကနေ ည ၈ နာရီ ၃၀ ထိ တရုံလုံးဆင်းရတာဖြစ်ပြီး တနင်္ဂနွေနေ့တွေမှာပါ နားရက်မရှိဆင်းနေရပြီး အလုပ်ပြန်ချိန်ခက်ခဲတာကြောင့်လည်းစိုးရိမ်မှုတွေရှိနေတယ်လို့အလုပ်သမားကပြောဆိုပါတယ်။

 

"တနင်္ဂနွေ အချိန်ပို မဆင်းချင်းဘူးလို့ ပြောတဲ့ အလုပ်သမားတွေဆို စူပါလီတာတွေက ပြောဆိုတာတွေရှိပါတယ်။ တစ်လကို တနင်္ဂနွေပိတ်ရက် (၄) ရက်မှာ (၁) ရက်ပဲ နားရတယ်။ တခါတလေ တစ်ရက်မှ မနားရဘဲ အနင်္ဂနွေနေ့တိုင်း အချိန်ပို ဆင်းရတာတွေရှိပါတယ်။ အချိန်ပိုတွေခေါ်လို့ ညဘက် ပြန်တဲ့အခါ ဖယ်ရီစီစဥ်ပေးတာမရှိပါဘူး။ အိမ်ပြန်ရင် ကိုယ်အစီစဥ်နဲ့ ကိုယ်ပြန်ကြရပါတယ်။ ဖယ်ရီစီစဥ်ပေးမှုတွေ မရှိတာကြောင့် အိမ်ပြန်လမ်းမှာ အရမ်းကိုခက်ခဲပြီး နိုင်ငံရေးအခြေအနေတွေကြောင့်လည်း ညဘက် အိမ်ပြန်လမ်းမှာ စိုးရိမ်နေရပါတယ်"လို့အလုပ်သမားကပြောဆိုပါတယ်။

 

စက်ရုံရှိ အလုပ်သမား ၆၀၀ ကျော်အနက် ၁၀၀ ကျော်က နေ့စားအလုပ်သမားတွေဖြစ်ပြီး တပတ်တခါ လုပ်ခရှင်းပေးပြီး နေ့စားအလုပ်သမားတွေ စနေနေ့ ၈ နာရီလုပ်ကိုင်ရပါက ၅၈၀၀ ကျပ်သာရရှိပြီး အချိန်ပိုကြေးရရှိခြင်းမရှိဘဲ ခွင့်ခံစားခွင့် တွေ မရတာ၊ လုပ်သက် ၃ လမှ ၁ နှစ်ကျော် ရှိပေမဲ့ အမြဲတမ်း၀န်ထမ်းခန့်အပ်တာမရှိတဲ့အပြင် ဥပဒေမဲ့ အလုပ်ထုတ်တာတွေပါ ပြုလုပ်နေတာလို့အလုပ်သမားကပြောပါတယ်။

နောက်ထပ် ချိုးဖောက်မှုအနေနဲ့ အထည်စံချိန်ကို ချုပ်လုပ်နိုင်တာထက် အဆမတန် ပိုမိုတောင်းခံပြီး ဖိအားပေးမှုကြောင့် အလုပ်သမားအနေနဲ့ အလုပ်ချိန် အတွင်းရေသောက်ချိန် အပေါ့အပါးသွားချိန် နည်းပါးစွာနဲ့ လုပ်ကိုင်နေရတာကြောင့် အခက်အခဲကြုံရတယ်လို့ ပြောဆိုပါတယ်။

"အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ကို လုပ်သက်တစ်နှစ်ပြည့်မှ စာချုပ်ချုပ်တယ်။ စာချုပ်တွေကို အလုပ်ရှင်က လက်မှတ်ထိုးခိုင်းပြီး အားလုံးကို ယူထားပါတယ်။အလုပ်သမားအခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဘယ်သူကမှ မတောင်းဆိုရဲကြ ပါဘူး"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အချိန်ပိုလုပ်ကိုင်ရမယ်ဆိုပါက အလုပ်သမားများသဘောဆန္ဒယူပြီးမှသာခေါ်ရန်။ ညဘက် (၁၂) နာရီအထိမခေါ်ရန်၊ နေ့စားအလုပ်သမားများကို အမြဲဝန်ထမ်းခန့်ပေးရန်။ အချိန်ပိုကြေးများကို ဘက်ဒိတ်ဖြင့် ပြန်လည်တွက်ချက်ပေးရန်၊ အထည်စံချိန်များကို အလုပ်သမားချုပ်လုပ်နိုင်သည် အထည်စံချိန်ကိုသာ ညှိနှိုင်း‌တောင်းခံရန်၊ တာဝန်ရှိသူများနှင့် စူပါများမှ အော်ဟစ်ပြောဆိုခြင်းများကို အရေးယူပေးရန်၊ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်များကို သတ်မှတ်ရက်တွင် ချုပ်ဆိုရန်နှင့် အလုပ်သမားများကို EC စာအုပ် ပေးထားရန်စတဲ့အချက်တွေ တောင်းဆိုလိုတယ်လို့ သိရပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026