NEWS

Myanmar Ju Chuan ဖိနပ်စက်ရုံ နားချိန်မပေးဘဲ တဆက်တည်း အိုတီခိုင်း

CoverLogo
339 Views
 
မြန်မာကျွိချွမ်း Myanmar Ju Chuan ဖိနပ်စက်ရုံပါဗျ။ရွှေသံလွင်စက်မှုဇုန် မင်းဧရာလမ်းပါဗျ။
စက်ရုံမှာ ပြဿနာ အမျိုးမျိုးကြုံတွေ့နေရလို့ပါဗျ။
 
အလုပ်သမားတွေက တိုင်ချင်ကြပေမယ့် တိုင်လည်း ဘာမှ ပြောင်းလဲမသွားဘူးဆိုပြီး ငြီးကြပါတယ်။
ပြောင်းလဲတာ မပြောင်းလဲတာက အဓိကမကျပါဘူးဗျ။
 
ကျွန်တော်တို့ စက်ရုံမှာက ပြဿနာအများကြီးပါ။ သောက်ရေလုံး၀ အဆင်မပြေပါဘူး။
ရုံဟောင်းက ရေ သောက်လို့မရပါဘူး၊ ရုံသစ်ကရေတော့ သောက်လို့ရတယ်။
 
အိမ်သာအနံ့သက် မကောင်းပါဘူး။ တံခါးတွေလည်း စုတ်ပြတ်သပ်နေပါတယ်။
ယောက်ျားလေးအိမ်သာ သွားရင် မိန်းကလေး အိမ်သာရှေ့က ဖြတ်ရပါတယ်။
 
အနံ့သက် အရမ်းဆိုး ပါတယ်။ တံခါးတွေလည်း ပျက်ပါတယ်။မြင်မကောင်းပါဘူး။
အိုတီ တစ်ပတ်လုံး ည ၇ နာရီအထိ ဆင်းရတယ်။ အဆင်ပြေပါတယ်။
 
စနေနေ့ကိုတော့ ခြောက်နာရီထိ ဆင်းရပါတယ်ဗျ။ မဆင်းလို့ မရဘူး အတင်းကျပ် ဖိအားပေး ပါတယ်ဗျ။ အလုပ်မလာနဲ့တော့ အထိ အပြောခံရပါတယ်။
တနင်္ဂနွေကို လိုင်းတချို့ အလုပ်ဆင်းရပြန်တယ်။
 
အလုပ်သမားတွေ ပင်ပန်းကြ ပါတယ်။ နားချင်ပေမယ့် မနားကြရပါဘူး။
တနဂ်နွေပိတ်ရက် အိုတီကို လဲမဆင်းလို့ မရပါဘူးတဲ့ဗျ။
တခါတလေ ခြိမ်းခြောက်ပါတယ်။
 
စက်ရုံတိုင်းက စနေနေ့လေးနာရီထိပဲ လုပ်ကိုင်ရမယ်လို့ သတ်မှတ်ထားတယ် ကျနော်တို့ ပါတယ်။
စနေနေ့ကို ခြောက်နာရီ၊ ခုနစ်နာရီထိ ခိုင်း’နေတာက ဥပဒေနဲ့ ညီလားဗျ။ ခေါ်လို့ ရလား ခိုင်းလို့ရော ရလားဗျ။
ကျွန်တော်တို့စက်ရုံက အိုတီခြောက်နာရီနောက်ပိုင်းထိခေါ်ရင် မုန့်ပေးပါတယ်ဗျ။
 
ဒါပေမဲ့ ပေးတဲ့မုန့်တွေက Date ကုန်တွေ ပါဗျ။ အလုပ်သမာေးတွက မုန့် dateကုန်တာကို ကုန်တယ်ပြောတာကို လက်မခံပါဘူး။ အခု မုန့်မပေးတော့ပါဘူး။ မုန့်အစား တစ်နေ့ငါးရာပဲပေးပါတယ်ဗျ။
ဖယ်ရီကား စီစဉ်ပေးတာလည်း ညံ့ပါတယ်။
 
အလုပ်သမားတွေက လက်ဗွေနှိပ်ဖို့ သုံးမိနစ်၊ ငါးမိနစ်လောက် စောနှိပ်ချင်ကြပါတယ်။ ပြဿနာက ဖယ်ရီကားတွေက မစောင့်ကြလို့ပါဗျ။
 
ည ခုနစ်နာရီထိ အိုတီ ဆင်းရတဲ့နေ့ ဆို တချို့ ဖယ်ရီကားမစီးရဘဲ ကျန်ခဲ့လို့ လမ်းလျှောက် ပြန်ရပါတယ်။
တချို့ကြိုပို့ကားတွေက ည ရှစ်နာရီမှ စက်ရုံကိုရောက်ပါတယ်ဗျ။
အလုပ်သမားတွေအတွက် ဒါတွေက လုံး၀ကို အဆင်မပြေဖြစ်ပါတယ်ဗျ။
 
မနက်အသွားဖယ်ရီတွေလဲဆို တခါတလေ ၇ နာရီခွဲအထိ ဖယ်ရီကားက မလာသေးတာမျိုး ရှိပါတယ်ဗျ။ အလုပ်စချိန်က ၇ နာရီခွဲပါ။
 
မနက်ပိုင်း စက်ရုံအလာမှာ အလုပ်သမားတွေ မုန့်စားရ ပါတယ်။ နေ့လည်ထမင်းစား နားချိန် အပြင် ထွက်ခွင့်မပေးပါဘူး။ ည ခုနစ်နာရီထိ ဆင်းရတာဖြစ်တဲ့အတွက် အဆာပြေ စားချင်ကြပါတယ်။
 
ဒါပေမဲ့ အပြင်ထွက်ခွင့်မပေးဘူး။
မုန့်လည်း စားမရပါဘူးဗျ။
အလုပ်က ၇ ခွဲစပေမယ့်။
စက်ရုံက ၇ နာရီ ၁၅ လောက်ဆို စက်နှိုးပါတယ်။
 
အလုပ်သမားတွေ အလုပ်ဝင်ရပါတယ်။ ပြောချင်တာ ၇နာရီ မခွဲသေးဘဲ အလုပ် လုပ်ရတာမျိုး ရှိပါတယ်ဗျ။ အဲလို စောပြီး အလုပ်စပေမဲ့ အပြန် ငါးမိနစ်အလိုလောက် ထရင် အော်ပါတယ်၊ ဆူပါတယ်။
 
အခုလာမဲ့ ၁၂ လပိုင်းမှ, ပိတ်ရင်တွေများတယ် ။ အဲ့ပိတ်ရင်တွေမှာ အိုတီအတင်းကျပ် ခေါ်လို့ ရလားဗျ။ အဲလို ဆင်းခိုင်းခဲ့ရင် အလုပ်သမားတွေကို မဆင်းဘဲ နေလို့ရလားဗျ။
စက်ရုံ ၀မ်တိန်နဲ့ ခြိမ်းခြောက်ပြီး ဆင်းခိုင်းတာမျိုး ရှိပါတယ်။
 
အလုပ်သမားတွေ လက်မခံ သဘောမကျဆုံးကတော့ စနေနေ့ ခြောက်နာရီအထိ ဆင်းပေးရတာနဲ့ တနင်္ဂနွေ နေ့ အိုတီ အတင်းအကျပ် ဆင်းခိုင်းတာပါဗျ။
 
အလုပ်သမာတွေကို ဖိနပ်အရံရေ ဆုကြေးအပြည့်မရဘူးတို့၊ မဆင်းလို့ မရဘူးတို့၊ ၀မ်တိန်ထိုးရမယ် ဆိုတဲ့ အတင်းကျပ်တွေ ဖိအားပေးတာတွေလည်း ရှိနေတာပါဗျ။
 
အိုတီတွေ ဆင်းနေကြတယ်ဆိုတာ အောစူပါတွေ စူပါတွေ ဖိအားကြောင့် ဆင်းနေရတာပါဗျ၊ မဆင်းချင်ဘဲ ဆင်းနေရတဲ့တာပါဗျ။
 
အိုတီ မဆင်းချင်လို့ ပြန်ရတဲ့ အလုပ်သမားလို့ မရှိပါဘူးဗျ။
အချိန်ပိုတွေအတွက် တိုင်ဖူးပါတယ်။ အဲလိုဆို နှစ်ပတ်လောက် အိုတီ မခေါ်တော့ဘူး။ အလုပ်သမာေးတွ ငြိမ်ပြီဆို ပြန်ခေါ်တော့တာပါပဲ။
 
ထမင်းစား ပြီး၊ အိုတီ ပြီးတဲ့ အထိ နားချိန် ပေးလားဆိုရင် နားချိန် လုံး၀ကို မပေးတာပါဗျ။
အိုတီဆင်းရင် မုန့်ပေးတယ်နော်။ အဲ့မုန့်ကိုတောင် စားချိန်မပေးပါဘူး ဗျ ။
 

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026