NEWS

Myanmar Jiale Fashion စက်ရုံအလုပ်သမား‌များ အဖြတ်ခံရသည့်ငွေများ ပြန်ပေးရန်ဝန်ကြီးဌာနညွှန်ကြားပေမယ့် ရရှိမှုမရှိသေး

CoverLogo
923 Views

လှိုင်သာယာမြို့နယ် ဗန်းမော်အတွင်းဝန်လမ်း အမှတ်(၄၄) ရှိ Myanmar Jiale Fashion Co.,Ltd စက်ရုံအမှတ် (၂)က အလုပ်သမား‌တွေဆီက ဖြတ်တောက်ခံရတဲ့ငွေတွေ ပြန်လည်ပေးအပ်ဖို့ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက စက်ရုံတာဝန်ရှိသူတွေကို ညွှန်ကြားထားပေမယ့် ဒီကနေ့အထိပေးချေတာမရှိသေးဘူးလို့ သိရပါတယ်။ 

ဒီစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမား‌ေတွရဲ့ Factory Bonus ကို အခုနှစ်မတ်လကစတင်ပြီး ဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဒီBonus တွေကို စက်တင်ဘာလ ၆ ရက်နေ့ နောက်ဆုံးထား ပြီး ပြန်လည်ပေးအပ်ဖို့  လှိုင်သာယာအနောက်ပိုင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက သြဂုတ်လ ၂၉ ရက်နေ့ ကတည်းက ညွှန်ကြားခဲ့တာပါ။ဒါပေမယ့် အောက်တိုဘာလရောက်တဲ့အထိ စက်ရုံဘက်က ပြန်ထုတ်ပေးတာ မရှိသေးဘူးလို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၃ ရက်နေ့မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက စက်ရုံကို ဝင်ရောက်စစ်ဆေးခဲ့ပေမယ့် စက်ရုံဘက်က တာဝန်ယူမှု မရှိသေးတာဖြစ်ပါတယ်။

အလုပ်သမားတွေကို စက်တင်ဘာလ ၆ ရက်နေ့နောက်ဆုံးထားပေးအပ်ဖို့ညွှန်ကြားပေမယ့် မရသေးတာကြောင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနကို ထပ်မံဆက်သွယ်ခဲ့ရမှာလည်း အလုပ်ရှင်ကို အရေးယူတာမရှိဘဲ   အပေါ်ကို စာတင်ထားတယ်လို့သာ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး လှိုင်သာယာ အနောက်ပိုင်းမြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန 
အနေဖြင့် ဌာနရဲ့အမိန့် ညွှန်ကြားချက်ကို မလိုက်နာဘဲ ပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့  Myanmar Jiale Fashion2 အထည်ချုပ်လုပ်ငန်းရှင်ကို  အရေးယူအပြစ်ပေးဖို့ ပျက်ကွက်နေတာ ဖြစ်တယ်လို​့ STUM က သုံးသပ်ထားပါတယ်။ 

စက်ရုံက အလုပ်သမား‌တွေ ရရှိရမယ့် Factory Bonus ကို ၂၀၂၄ ခုနှစ် မတ်လ မှ စတင်ကာ ဖျောက်ဖျက်လိုက်တာကြောင့် အလုပ်သမားတွေရဲ့လုပ်ခတစ်ရက်လျှင် ၁၀၀၀ ကျပ်နှုန်းစီဖြင့်  နစ်နာနေတာဟာ ခြောက်လခန့်ရှိပြီ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံသားပိုင် စက်ရုံဟာ အလုပ်သမား ၅၀၀ ခန့်နဲ့ DUB နှင့် SHISKY စတဲ့ ကုန်အမှတ်တံဆိပ်နှစ်မျိုးကို ချုပ်လုပ်‌‌နေတာ ဖြစ်ပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026