NEWS

Myanmar Jiale Fashion  စက်ရုံ လစာမပေးနိုင်၍ လုပ်ငန်းခွင် ရပ်တန့်နေ

CoverLogo
823 Views

Myanmar Jiale Fashion  က မေ ၅  ရက်မှာ လုပ်ခလစာ မပေးတာကြောင့် လုပ်ငန်းခွင် ရပ်တန့်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 

လှိုင်သာယာမြို့နယ်၊ အလယ်ရွာမှတ်တိုင်အနီး၊ ဗန်းမော်အတွင်းဝန်လမ်း၊ ခြံအမှတ် ၄၄ က တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး လုပ်သား ၅၀၀  ဝန်းကျင်လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 

“လုပ်စာထုတ်မဲ့ ၅ ရက်နေ့မှာ အလုပ်သမားတွေကို ခေါ်ပြီးပြောတယ်။ သူဌေးကမတွေ့တော့ဘူး ဆိုပြီး စက်ရုံတာဝန်ခံ ကေဗင်ဆိုတဲ့သူက စကားပြန်နဲ့ ပြောတယ်။ လစာတွေကို ဒီနေ့ ၆ ရက်မှာ တစ်သိန်းခွဲ ပေးမယ်၊ ၈ ရက်နေ့မှာ ကျန်တာပေးမယ်။ ၈ ရက်နေ့ပေးမယ်ဆိုတာလည်း သေချာပေါက် မဟုတ်တော့ အလုပ်သမားတွေက လုပ်မခံဘူး” လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။

 

ဧပြီလအတွက်  ရရှိရမဲ့ လုပ်ခလစာက အလုပ်သမား တဦးကို အနည်းဆုံး လေးသိန်းဝန်းကျင်ကနေ အများဆုံး ကျပ် ခြောက်သိန်းဝန်းကျင် အထိ ရှိတယ်လို့လည်း ပြောပါတယ်။  စက်ရုံ မန်နေဂျာ၊ စက်ရုံမှူးတွေကလည်း လုပ်ခလစာရရှိဖို့ အာမခံတာမရှိတာကြောင့် မြို့နယ် အလုပ်သမားရုံးကို တိုင်ကြားခဲ့ပေမဲ့ အဲ့ဒီနေ့မှာ လာရောက်ဖြေရှင်းပေးတာ မရှိခဲ့ဘူးလို့ အလုပ်သမား တွေက ပြောပါတယ်။ 

 

ဒီကနေ့ မေ ၆ ရက်မှာ အလုပ်သမားအားလုံးက လစာမရတာကြောင့် အလုပ်ရပ်တောင်းဆိုခဲ့လို့ အလုပ်သမားရုံးက လာရောက်ဖြေရှင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 

“ဒီကနေ့ ပေးမယ်ဆိုတဲ့ တစ်သိန်းခွဲလည်း ခေါ်ပေးတာမရှိဘူး။ အလုပ်တွေအားလုံးရပ်ထားပြီး လုပ်ငန်းခွင်ထဲမှာပဲ ထိုင်နေကြတယ်။ အပြင်မှာလည်း ရှိတယ်။ အလုပ်သမားရုံးက စက်ရုံနဲ့ ညှိတာလည်း အဆင်မပြေဘူး။ စက်ရုံထဲက ချုပ်စက်တွေနဲ့ တခြားပစ္စည်းတွေကို စာရင်းနဲ့ မှတ်သွားတယ်။ အလုပ်သမားတွေကတော့ တအား ဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။ 

 

အလုပ်သမားတွေအနေနဲ့ လစာထုတ်ရက်တိုင်း လစာရမှ အဆောင်ခ၊ အိမ်ငှားခ၊ စားသောက်စရိတ်၊ ချေးငွေတွေကို ကတိအတိုင်းပေးနိုင်မှာ ဖြစ်ပြီး လက်ရှိမှာတော့ လူမှုဒုက္ခတွေနဲ့ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။ 


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026