NEWS

Myanmar Jiale Fashion စက်ရုံတွင် လ ၂၀ စာဖြတ်တောက်ထားတဲ့ လစာ ၁၅ ရာခိုင်နှုန်းကို ပြန်လည်ရရှိလိုဟု အလုပ်သမားတွေတောင်းဆို

CoverLogo
921 Views

Myanmar Jiale Fashion  အထည်ချုပ်စက်ရုံမှာ အာဏာသိမ်းကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် မေလမှာ အလုပ်သမားတွေရဲ့ လစာ ၁၅ ရာခိုင်နှုန်းကို ဖြတ်တောက်ခဲ့ပြီး ၂၀၂၃ ဧပြီလမှာ ပြန်လည် တွက်ချက်ပေးရာမှာ အလုပ်ထွက်သွားတဲ့ အလုပ်သမားတွေအတွက် ပြန်လည်ပေးချေတာမရှိတဲ့ အတွက် ရရှိလိုတယ်လို့ အလုပ်သမားဟောင်းတွေက ပြောဆိုပါတယ်။ 
မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှုအခြေအနေကြောင့် အော်ဒါဖြတ်တောက်မှုကို ရင်ဆိုင်ရတဲ့အတွက် လုပ်ငန်းလည်ပတ်ရန် အခက်အခဲကြုံနေရတာကြောင့် ဟုဆိုကာ ၂၀၂၁ မေလမှ စတင်ကာ တစ်ကတ်ကြေး ကို ၄၀ ရာခိုင်နှုန်း ပုဒ်ပြတ်လစာကို ၁၅ ရာခိုင်နှုန်းထိလျှော့ချခဲ့တာလို့ သိရပါတယ်။ 
စုစုပေါင်း လ ၂၀ စာ ဖြတ်တောက်ခံခဲ့ရပြီး ၂၀၂၃ ဧပြီလမှာ ဖြတ်တောက်ထားတဲ့ အခကြေးငွေကို ဘတ်ဒိတ်ဖြင့်ပြန်လည် တွက်ချက်ပေးခဲ့တာဖြစ်ပြီး အဆိုပါ လုပ်ငန်းခွင်ကနေ အလုပ်ထွက်သွားတဲ့ အလုပ်သမားတွေကိုတော့ ပေးချေတာမရှိဘူးလို့ ဆိုပါတယ်။ 


"ညီမတို့ကို ၂၀၂၀ ခုနှစ်  ၅ လပိုင်းကနေပြီးတော့ အလုပ်သမားရဲ့ လစာ ၁၅ ရာခိုင်နှုန်းကို ဖြတ်တောက်ပါတယ်။ အခု ၂၀၂၃ မှာ ဝန်ထမ်းတွေကို ၁၅ ရာခိုင်နှုန်း ဘတ်ဒိတ်နဲ့ပြန်ပေးတဲ့အခါမှာ လက်ရှိ စက်ရုံထဲက ဝန်ထမ်းတွေကတော့ ၄ လပိုင်းမှာ ပြန်ရပြီးတော့ ထွက်သွားတဲ့ဝန်ထမ်းတွေကို အခုချိန်ထိမပေးသေးဘူးပေါ့နော် စက်ရုံကို မေးတဲ့အခါမှာလည်း ထွက်သွားတဲ့ အလုပ်သမားတွေကို ဘယ်ရက်ကိုပေးမယ်ဆိုတာ သူတို့ မပြောဘူး မေးလို့လည်း မရဘူး အဲ့တဒါ ကြောင့် ထွက်သွားတဲ့ဝန်ထမ်းတွေကိုမပေးသေးလို့ အခက်တွေ့နေပါတယ်"လို့ အလုပ်သမားဟောင်းက ပြောဆိုပါတယ်။ 

အလုပ်ထွက်သွားတဲ့ အလုပ်သမား ဦးရေဟာ ပျမ်းမျှအားဖြင့် ၁၀၀ ဝန်းကျင်ရှိပြီးတော့ လက်ရှိမှာ အနည်းဆုံး အယောက် ၃၀ နီးပါးက သူတို့ ရဲ့ လုပ်အားခတွေကို ပြန်လည် တွက်ချက်ပေးစေလိုတယ်လို့ ဆိုပါတယ်။ 
အလုပ်သမားတွေအနေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တာ လုပ်ခလစာနည်းပါးတာ မိသားစုအခက်အခဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ထွက်သွားခဲ့ကြတာဖြစ်ပြီး ၎င်းတို့ ရဲ့ ဖြတ်တောက်ခံခဲ့ရတဲ့ လစာ ၁၅ ရာခိုင်နှုန်းကို ပြန်လိုချင်တယ်လို့ ဆိုပါတယ်။ 
"ထွက်သွားတဲ့ အလုပ်သမားက များတယ် အများကြီးတော့ မသိဘူး ရာကျော်တယ် တောင်းဆိုချင်တာက ထွက်သွားတဲ့ လူတွေအတွက် လစာ ၁၅ ရာခိုင်နှုန်းကို ပြန်လိုချင်တယ် ပေးဖို့လိုတဲ့ ငွေကြေးကိုပေါ့ အခက်အခဲတွေလည်းဖြစ်နေတော့ ပြန်လိုချင်ပါတယ်" လို့ အလုပ်သမားဟောင်းက ဆိုပါတယ်။ 


"ဒေးကြေး သက်သက် အိုတီကြေးသက်သက် ရှိပါတယ်။  အာဏာမသိမ်းခင်က အထည်ကြေး အလုပ်သမား ၅၅ ရာခိုင်နှုန်း အလုပ်ရှင်က ၄၅ ရာခိုင်နှုန်း သတ်မှတ်ထားတယ် ၁ သိန်းဖိုးချုပ်နိုင်ရင် အလုပ်သမားက ၅၅ ရာခိုင်နှုန်း  အလုပ်ရှင်က ၄၅ ရာခိုင်နှုန်းရတယ်  အာဏာသိမ်းပြီးနောက်ပိုင်း ၅ လပိုင်းမှာ အလုပ်သမား သဘောတူတူမတူတူ အလုပ်သမားက ၄၀ ရာခိုင်နှုန်း အလုပ်ရှင်က ၆၀ ယူလိုက်တာ အဲ့လိုမျိုးပါ  အတိအကျကတော့ ၂၀၂၁၊  ၅ လပိုင်း ကနေ ၂၀၂၂ ၁၂ လပိုင်းအထိ ပေါ့ ဝန်ထမ်းတွေကို ၂၀၂၃၊  ၄ လပိုင်းမှာပြန်ပေးတယ် အော်ဒါတွေက တောက်လျှောက်ပဲ  နိုင်ငံတကာအမှတ်တံဆိပ်တွေကို ပဲ ချုပ်နေတာ"လို့ ယင်းကပြောဆိုပါတယ်။ 


အလုပ်သမား ဟောင်းတွေအနေနဲ့ ရရှိမယ့် လ ၂၀ စာကို ပြန်လည်ရရှိလိုပြီး သက်ဆိုင်ရာအလုပ်သမားရုံးတွေကို သွားရောက် တိုင်ကြားတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ 
"၂၀၂၂  နှစ်ကုန်ပိုင်းမှာ အလုပ်ထွက် လိုက်တာပါ ၊ အလုပ်သမားရုံးတွေကိုတော့ သွားတာမရှိသေးဘူး အလုပ်ရှင်ဘက်က ပြောတာက အလုပ်သမားရုံးက ဖြတ်တောက်လို့ ရတယ်ပြောလို့ ဖြတ်တာလို့ ပြောတယ် ဖြတ်တုန်းက အလုပ်သမားသဘောတူတူ မတူတူ ဖြတ်မယ် သဘောမတူ ရင် ဆန္ဒပြမယ်ဆိုရင် အလုပ်ကို ယာယီပိတ်လိုက်မယ် အဲ့လိုခြိမ်းခြောက်ပြီ‌းတော့ ဖြတ်ခဲ့တာ" လို့ အလုပ်သမားကဆိုပါတယ်။ 


"အလုပ်သမားဆိုတာက ၁ သောင်းဆိုလဲ သိသာတယ် ၂ သောင်းဆိုလည်း သိသာတယ် ကုန်ဈေးနှုန်းက လည်း တက်နေတာဆိုတော့ ပိုက်ဆံချေးရင်တောင် ၂၀ တိုးလောက်ပေးရတယ် ဆန်ဈေးဆို သိန်းချီနေတာ လုပ်သက် ၅ နှစ်မှာ ထွက်လိုက်တာပါ။ လုပ်သက်ရင့် အလုပ်သမားတွေ လည်းပါတယ်။ တချို့ ဆို နိုင်ငံခြားရောက်နေကြပြီ" လို့အလုပ်သမားပြောပါတယ်။ 
အလုပ်ထွက်သွားတဲ့အလုပ်သမားတွေအနေနဲ့ မိမိတို့ ရရှိလိုတဲ့ လစာ ၁၅ ရာခိုင်နှုန်းကို ရရှိဖို့ မျှော်လင့်နေကြပြီး စက်ရုံဘက်ကို ဆက်သွယ်မေးမြန်းရာမှာ တစုံတရာ အကြောင်းပြန်ကြားတာမရှိဘဲ HR မန်နေဂျာကို ဖုန်းဆက်မေးမြန်းရာမှာလည်း အကြောင်းတစုံတရာ ပြန်လည် ပြောဆိုတာမရှိဘူးလို့ ဆိုပါတယ်။ 
#MyanmarLabourNews


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026