NEWS

Myanmar Huasheng Kefu အထည်ချုပ် တစ်လ အချိန်ပို နာရီ ၁၀၀ ကျော် လုပ်ကိုင်ခိုင်း

CoverLogo
449 Views
 
Myanmar Huasheng Kefu Fashion Co.,ltd ပိုင်အထည်ချုပ်စက်ရုံက တစ်လ အချိန်ပို နာရီ ၁၂၀ ဝန်းကျင် လုပ်ကိုင်ခိုင်းနေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM)
က ပြောပါတယ်။
 
“ဒါက ဥပဒေကို ထင်ထင်းရှားရှင်းချိုးဖောက်တာပါ။ မြန်မာ အလုပ်သမားဥပေဒအရာ အလုပ်သမားတွေကို အချိန်ပို တပတ် နာရီ ၂၀ ၊ တစ်လ နာရီ ၈၀ ထက်ပိုပြီး အချိန်ပို လုပ်ကိုင်ခိုင်းဖို့ ခွင့်မပြုထားဘူး။ ခိုင်းလို့ မရသလို၊ လုပ်ချင်လို့လည်း မရဘူး.” လို့ ပြောပါတယ်။
 
Myanmar Huasheng Kefu စက်ရုံမှာ တစ်ပတ် ၄ ရက် ညနက် ၁၂ နာရီအထိ အချိန်ပို အိုတီ ဆင်းပေးရပြီး အိပ်ရေးပျက်တာများလို့ မဆင်းပေးရင်လဲ စက်ရုံတာဝန်ရှိသူတွေ ပြောဆိုတာ ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“နင်တို့ပဲ ကွက်ပြီး ပင်ပန်းနေတာလားလို့ ပြောတယ်။ အချိန်ပိုတွေကို ဖိအားဆင်းခိုင်းတယ်။ တစ်လကို အချိန်ပို အိုတီနာရီကြီးဘဲ နာရီပေါင်း၁၀၀ကျော်မှ ၁၂၀အထိလောက် ဆင်းထားရတယ်။ တနင်္ဂနွေပိတ်ရက်ကိုလဲ နားရက်မပေးဘဲ ရက်စားဆိုပြီး အချိန်ပို ဆင်းရပြန်တယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ရက်အစား ဆင်းခိုင်းတဲ့ နေ့ရက်တွေက တရားဝင် ရုံးပိတ်ရက်တွေဖြစ်ပြီး အလုပ်သမားတွေရဲ့ ဆန္ဒကို မေးမြန်းတာတာမရှိဘဲ ဆင်းခိုင်းခဲ့တာလို့ ပြောပါတယ်။
 
“အဆိုးဆုံးကတော့ အချိန်ပိုအိုတီကို ခေါ်ချင်သလို ခေါ်နေတာပဲ၊ သူတို့က အလုပ်သမားတွေကို ဘာမှမေးမြန်းမနေဘူး၊ အတင်းအကျပ်ဆင်းခိုင်းပြီး လုပ်ငန်းခွင်ကို စစ်ဆေးရေး လာခါနီးမှ အလုပ်သမားတွေ လက်မှတ် အသဲ အသန် ထိုးခိုင်းတယ်၊ အခု ရက်စားဆင်းရတဲ့ ရက်တွေက တရားဝင်ရုံးပိတ်ရက်ဆိုပြီး အလုပ်သမားဝန်ကြီးဌာနက တရားဝင် ကြေညာထားတာ။ စက်ရုံက မလိုက်နာတာပဲ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
မြန်မာအလုပ်သမားဥပဒေနဲ့ အလုပ်သမား ဥပဒေနဲ့ အလုပ်ရုံစစ်ဆေးရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်မှာတော့ အချိန်ပိုလုပ်ကိုင်ဖို့ တစ်ပတ်ကြိုတင် ခွင့်ပြုချက်ရယူဖို့လိုအပ်ပြီး အချိန်ပို ဆင်းဖို့ကတော့ အလုပ်သမားတွေရဲ့ သဘောဆန္ဒအတိုင်းလို့ ဖော်ပြထားပါတယ်။
 
“အချိန်ပိုဆင်း၊ မဆင်းက အလုပ်သမားဆန္ဒအတိုင်းပဲ။ အလုပ်ရုံစက်ရုံက အိုတီလက်မှတ်ထိုးထားလို့ ဆင်းရမယ်ဆိုပြီး ပြောလို့မရဘူး။ လက်မှတ်ထိုးပြီးလည်း မဆင်းဘဲ ပြန်လာလို့ရတယ်။ ဒီလိုမှ မဟုတ်ရင် အဓမ္မခိုင်းစေတာမျိုး ဖြစ်နေတယ်” လို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
 
အချိန်ပို အလွန်အကျွံ လုပ်ကိုင်ပေးရလို့ စက်ရုံ အလုပ်သမားတွေမှာ ကျန်းမာရေးထိ ခိုက် မှုတွေ ရှိနေပေမဲ့ ရှောင်တခွင့် ၊ ဆေးခွင့် ယူခွင့်လည်း မရဘူးလို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“အချိန်ပိုအိုတီ မတရားဆင်းရလို့ နေထိုင်မကောင်းဖြစ်လို့ ခွင့်တိုင်လည်း မရဘူး။ ရှောင်တခင်ခွင့်၊ ဆေးခွင့် ဘာမှမရတာ။ ရက်ပျက်တာနဲ့ ဒေးကြေး သုံးသေားခွဲကျော် အဖြတ်ခံရတယ်။ အရေးပေါ်တာဆို ဂိတ်ပတ် ရက်မှန်ကြေးကနေ ၅၀၀၀ အဖြတ်ခံရတယ်။ အိုတီဆက်တိုက်ဆင်းလို့ ဗိုက်စာရင် စားဖို့ မုန့်ဆောင်တာကိုတောင် အလုပ်က တန်းထုတ်တာ။ EC စာချုပ် လည်း မလိုက်နာဘူး” လို့ ပြောပါတယ်။
 
ချုပ်သမား ၄၀ ဝန်းကျင် စက်လိုင်းတစ်လိုင်းကို တနာရီ အထည်စံချိန် အင်္ကျီ ၅၀အထိ တောင်းခံနေပြီး မရပါက အောစူပါ၊ စူပါတွေက ဆဲဆို လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ဆဲနေတာက နေတိုင်းဆဲနေတာ၊ မရတာကလည်း အလုပ်သမား လုပ်နိုင်တဲ့ ပမာဏထက် အများကြီးကျော်နေပြီ။ အရင်က ဒါမျိုးဆို ၃၅ ထည်လောက်ပဲ ချုပ်ရတာပါ။ အခု ဖိအားပေးပြီး အတင်းခိုင်းနေတာ” လို့ ပြောပါတယ်။
စက်ရု့လုပ်ငန်းခွင်ထဲ စစ်ဆေးရေးလာတဲ့နေ့၊ လုပ်ငန်းခွင်ချိုးဖောက်မှုသတင်း ဖော်ပြခံရတဲ့ နေ့တွေမှာလည်း မိုးအလင်း အချိန်ပိုဆင်းခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ရှင်ဘက်က ဘယ်လိုဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံပါ။ ဥပဒေလည်း ချိုးဖောက်၊ ဘယ်ရုံးမှလည်း ဂရုမစိုက် ဖြစ်နေပါတယ်။ အလုပ်သမားတွေက ဘာကို အားကိုးရမှန်းမသိဘူး ။ ” လို့ ပြောပါတယ်။
 
Myanmar Huasheng Kefu Fashion Co.,ltd ပိုင် အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန်၊ မြခေတ္တာလမ်းမှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ ပြောပါတယ်။ စက်ရုံမှာ အလုပ်သမား ၈၀၀ကျော် လုပ်ကိုင်နေပြီး Terranova, Calliope, တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026