NEWS

Myanmar Huasheng Kefu Fashion Co.,ltd အချိန်ပိုဖိအားဆင်းခိုင်းပြီး ဥပဒေမဲ့ အလုပ်ထုတ်

CoverLogo
451 Views
 
Myanmar Huasheng Kefu Fashion Co.,ltd အချိန်ပိုဆင်းခိုင်းပြီး ဥပဒေမဲ့ အလုပ်ထုတ်လို့ နေ့စဉ်နှင့်အမျှ အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။ အလုပ်ရှင်ဘက်မှ အချိန်ပို (OT) တွေကို အမြဲလိုလို ခေါ်ယူနေပြီး၊ အလုပ်သမားတွေက မဆင်းချင်ပေမဲ့ ဖိအားပေးမှုကြောင့် ဆင်းပေးနေရတာလို့ သိရပါတယ်။
 
"သီတင်းကျွတ်ပိတ်ရက်တောင် အချိန်ပို ခေါ်တယ်။ သီတင်းကျွတ်မပိတ်ခင် စနေနေ့ဆိုလည်း ညနေ ၄ ခွဲအထိ အချိန်ပို ဆင်းပေးရတယ်၊ အလုပ်ပိတ်ရက်မို့ ရွာပြန်မဲ့လူတွေ အချိန်မီပြန်ချင်ကြတယ်။ အချိန်ပို မဆင်းချင်တာကို အတင်းအကြပ် ဖိအားပေး ဆင်းခိုင်းပါတယ်"လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အချိန်ပိုဆင်းရန်အတွက် လက်မှတ်အတင်းအကျပ် ထိုးခိုင်းခြင်းများလည်း ရှိခဲ့ပြီး၊ အချိန်ပို မဆင်းနိုင်ပါက လက်ရှိဌာနကနေ ပြောင်းရွှေ့မယ်ဆိုပြီး တရုတ်လူမျိုး Finishing ဆရာတစ်ဦးက အစည်းအဝေးခေါ် ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲ မုန့်၊ ဆေးလိပ် ပါလာလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်သမား ၁၅ ဦးကို သတိပေး လက်မှတ်ထိုးခိုင်းတာတွေ မလုပ်ဘဲ အလုပ်က ထုတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။
 
"မုန့်က စားနေတာမဟုတ်ဘူး။ ဆေးလိပ်ကလဲ သောက်နေတာ မဟုတ်ဘူး။ နားချိန်မှ မုန့်စား၊ ဆေးလိပ်သောက်ဖို့ ယူလာတာ။ ကြီးလေးတဲ့ပြစ်မှုလဲ မဟုတ်ဘဲ အလုပ်မှ ထုတ်ပစ်ပါတယ်" လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်သမားတွေရဲ့ ဥပဒေပါ ရှောင်တခင်ခွင့်၊ ဆေးခွင့် စတဲ့ ခံစားခွင့်တွေကို အလုပ်ရှင်ဘက်က လုံးဝနီးပါး ခွင့်မပြုဘဲ ရက်ပျက်ပါက ဖြတ်တောက်မှုတွေ ပြုလုပ်တယ်လို့အလုပ်သမားတွေက ပြောပါတယ်။ အလုပ် တစ်ရက် ပျက်ပါက ဒေးကြေး ထောက်ပံ့ကြေး ၁၁၀၀၀ ၊ ရက်မှန်ကြေး ၂၅၀၀၀ ဖြတ်တောက်ခံရပြီး၊ နှစ်ရက် ပျက်ကွက်ပါက ရက်မှန်ကြေး ၅၀၀၀၀ လုံးဝ အဖြတ်ခံရတယ်လို့ သိရပါတယ်။
 
" ရှောင်တစ်ခင်ခွင့်၊ ဆေးခွင့်ကို အလုပ်ရှင်ဘက်က ခွင့်မပေးဘူး၊ ခွင့်ခံစားခွင့်မရလို့ တိုင်ကြားလည်း ဘာမှ ထူးမလာဘူး။ ဂိတ်ပါတ်စ်တွေ၊ ခွင့်တွေကတော့ ဘယ်လောက်တိုင်တိုင် မမှုဘူးဆိုတဲ့ ပုံမျိုးပဲ၊ နေမကောင်းလဲ ကြိတ်မှိတ်ပြီး အလုပ်ဆင်းနေရတာ” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အသက် ၁၅၊ ၁၆ အရွယ် လူငယ်၊ လူရွယ်အလုပ်သမား ၅၀ ကျော် ဆေးထောက်ခံချက် မပါဘဲ အလုပ်ရှင်ဘက်က ခန့်ထားပြီး လူကြီးအလုပ်သမားများနှင့် တန်းတူ စေခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
Myanmar Huasheng Kefu Fashion Co.,ltd အထည်ချုပ်စက်ရုံက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန် မြခေတ္တာလမ်းမှာ ဖွင့်လှစ် ထားပြီး အလုပ်သမား ၈၀၀ကျော် လုပ်ကိုင်နေပါတယ်။ တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး Sinsay တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။
 

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026