NEWS

Myanmar Huasheng Kefu Fashion အထည်ချုပ် အလုပ်ခန့် လစာ မပေးသည့်အပြင် ပိတ်ရက်ဒေးကြေးလျှော့ပေး

CoverLogo
599 Views
 
Myanmar Huasheng Kefu Fashion အထည်ချုပ်စက်ရုံက သတ်မှတ်ထားတဲ့ အလုပ်ခန့်လစာ မပေးဘဲ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက Sinsay၊ TRN ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေပြီး လုပ်သား ၆၀၀ ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
 
“စက်ရုံက အလုပ်ခေါ်ရင် လစာဘယ်လောက် ရပါမယ်ဆိုပြီး မက်လုံးပေး ခေါ်တယ်။ တကယ် လစာထုတ်ရင် သူတို့ပြောထားတဲ့ လစာမပေးတော့ဘူး၊ ကျွမ်းကျင်မှုအပေါ် မူတည်ပြီးပေးတာလည်း မဟုတ်ပြန်ဘူး။ နေ့စားအလုပ်သမားတွေဆိုရင် အတည်ပြု ဝန်ထမ်း မခန့်အပ်ဘူး။ သုံးလပြည့်ခါနီးဆိုရင် အလုပ်ဖြုတ် တာပဲ။ နေ့စားအလုပ်သမားတွေဆိုလည်း အဲ့လိုပဲ အလုပ်မရှိတာနဲ့ အလုပ်က ထုတ်တာပဲ” လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ အသက် ၁၄၊ ၁၅ နှစ်အရွယ် လူငယ်၊ လူရွယ်အလုပ်သမားများ အများအပြာရှိနေပြီး ဆရာဝန်ဆေးထောက်ခံချက်မပါပဲ အလုပ်ရှင်ဘက်က ခိုင်းစေနေတယ်လို့ ပြောပါတယ်။ အလုပ်ချိန်အတွင်း စက်ရုံ အရေးပေါ်ထွက်ပေါက်တွေပိတ်ထားလို့ အလုပ်သမားအားလုံး စိုးရိမ်စိတ်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။
 
“အရေးပေါ်ထွက်ပေါက်က အလုပ်ချိန်မှာ အားလုံးပိတ်ထားတယ်။ လျှောက်လမ်းတွေမှာဆိုလဲ အထည်ပုံးတွေ ၊ တန်းတွေနဲ့ အရေးပေါ်တစ်ခုခုဆိုရင် အလုပ်သမားတွေက ဘယ်လိုမှပြေးလို့မရခြင်း၊ အရင်က ငလျှင်လှုပ်တုန်းကလဲ အဲ့လိုပိတ်ထားလို့ ထွက်လိုမရခဲ့ဘူး” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံအတွင်း အလုပ်သမားတွေမှာ ခွင့်နဲ့ ဂရိတ်သတ်မှတ်မှု ခွဲခြားခံရပြီး အထည်စံချိန်ကို ဖိအားပေး အတောင်းခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ခလစာဖြတ်တောက်မှုတွေအပြင် ဥပဒေမှာ သတ်မှတ်ထားသလို ပိတ်ရက်ဖွင့်ရက် ဒေးကြေး တန်းတူ မရဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတိုင်း ခွင့် မရဘူး၊ ခေါင်းဆောင်တွေနဲ့ ပတ်သက်သူတွေက ခွင့်ရတယ်၊ အများစုက မရဘူး။။ ခွင့်မရတာနဲ့ အလုပ်ပျက်ဆိုပြီး ဒေးကြေ ထောက်ပံ့ကြေးက ၁၀၀၀၀ ၊ ရက်မှန်ကြေး၄၀၀၀၀အဖြတ်ခံရတယ်။ အဲဒီ ဒေးကြေးက ပိတ်ရက်အတွက် မပေးဘူး။ အထည်စံချိန် တစ်နာရီ ကို အထည်၄၀ တောင်းတယ်၊ ရေမသောက် အိမ်သာမသွားပဲချုပ် ပေးလို့ စံချိန်ပြည့်ရင် အထည်ထပ်တိုးတောင်းတယ်။ စက်လိုင်းမှာ A+ ဆို နှစ်ယောက်၊ A က ငါးယောက်ပဲ ။ဒါကလည်း စူပါနဲ့ အဆင်ပြေသူမှရတာ၊ D သမားဆို လုံးဝ မရတာ.” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ဂရိတ် D စက်ချုပ်သမားတွေ အများအပြားရှိနေတဲ့အပြင် ဖယ်ရီကျပ်တည်းတာကြောင့် အမျိုးသမီးတချို့ ကြိုပို့ယာဉ် မှာ တွဲစီးရတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
Myanmar Huasheng Kefu Fashion Co.,Ltd က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန်၊ မြခတ္တာလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026