NEWS

Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ

CoverLogo
170 Views
 
Myanmar Handsome အထည်ချုပ်စက်ရုံက EC စာချုပ် ချုပ်ဆိုပြီး စာချုပ်တစ်စုံ ပေးမထားလို့ အခွင့်အရေးတွေ နစ်နာနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ အလုပ်သမား ၂၀၀၀ ကျော်လုပ်ကိုင်နေပြီး EC စာချုပ်မှာပါဝင်တဲ့ အချက်အတွေကို မသိရဘူးလို့လည်း သိရပါတယ်။
 
“EC စာချုပ်သိမ်းထားတော့ မဖတ်ရတော့ဘူး၊ စာချုပ်စည်းကမ်းတွေနဲ့ ရပိုင့်ခွင့်တွေလည်း မသိရဘူး၊ အခွင့်ရေးတွေလည်း ဆုံးရှုံးရတယ်။ တစ်ချို့သော အလုပ်သမားတွေဆို EC စာချုပ်တောင်မရှိဘူး။ အလုပ်ထုပ်တော့ ဘာမှာအကာကွယ်မှ မသိရဘူး။” လို့ ပြောပါတယ်။
 
အလုပ်ရှင် ၊ အလုပ်သမား သဘောတူညီချက်EC စာချုပ်ကို Myanmar Handsome ရဲ့ မန်နေဂျာအပါအဝင် အလုပ်သမားအားလုံးကို ပေးဖတ်တာ မရှိဘူးလို့လည်း ပြောပါတယ်။ ဥပဒေအရ EC စာချုပ်က သက်ဆိုင်သူတွေအတွက် ၃ စုံထားရှိရမှာ ဖြစ်တယ်လို့ အလုပ်သမားဆောင်ရွက်သူတွေက ပြောပါတယ်။
 
“အလုပ်ရှင် ၊ အလုပ်သမား သဘောတူညီချက်စာချုပ်က ၁ အုပ်က အလုပ်သမားညွှန့်ကြားရေးမှုး ဦးစီးဌာန ( အ . လ . ည ) ကို ပေးရမယ်၊ အလုပ်ရှင်က ၁ အုပ် ၊ အလုပ်သမားက ၁ အုပ်၊ အဲလို့ ပေးထားရမယ်၊ ဥပဒေမှာ ရေးထားပါတယ်။” လို့ ပြောပါတယ်။
 
ဒါ့ပေမဲ Myanmar Handsome အထည်ချုပ်စက်ရုံကတော့ အလုပ်သမားကို EC ပေးမထားဘဲ စက်ရုံက သိမ်းဆည်းတဲ့ အပြင် စာချုပ်မှာ အလုပ်သမားတွေရဲ့ လက်မှတ်အတုထိုးထားတဲ့ စာချုပ်တွေလည်း ရှိတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Myanmar Handsome အထည်ချုပ်က ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးစက်မှုဇုန်၊ ဆရာစံလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင်စက်ရုံ ဖြစ်ပါတယ် ။ စက်ရုံမှာ လက်ရှိ LCW ၊ P@VV ၊ I@VV ၊ UNIFORM စတဲ့ တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026