သာဓုကန်စက်မှုဇုန် Myanmar gigi မှာအလုပ် လုပ်ပါတယ်။
ကျွန်တော်တို့ အချိန်ပို OTတွေ ညဉ့်နက်အထိ ဆင်းရတဲ့အပြင်တနင်္ဂနွေပါ မနားတမ်းဆင်းနေရလို့ပါ ။
အဲ့တာ အကူညီတောင်းချင် လို့ပါဗျ။
ည ၈ နာရီခွဲအထိဆင်းနေရတာ အဆင်မပြေလို့ပါဗျ ။
ခေတ်မကောင်းတော့ အိမ်ပြန်ချိန်နောက်ကျတာက အဆင်မပြေပါဘူး။
မိန်းကလေး အများစုကလည်း ကူညီတောင်းခိုင်းလို့ ပါဗျ။
တစ်ချို့မိန်ကလေး အလုပ်သမတွေဆို ညဘက် အိမ်ကလာကြိုတာ လမ်းမှာပဲ ကြိုတဲ့လူ ပြောက်သွားတာလည်း ကြုံနေရပါတယ်ဗျ။
OTဆင်းရတာက ၁၁လပိုင်း တစ်လလုံးလုံး ဆင်းနေရတဲ့အပြင် ၁၂လပိုင်းလည်း ဆင်းရမယ်လို့ ပြောနေပါတယ်ဗျ။
တနင်္ဂနွေပိတ်ရက်က ၂ပတ်ဆင်းရတယ်။
တနင်္ဂနွေဆင်းရတာလည်း အခြားစက်ရုံတွေလို နှစ်ဆမပေးဘဲ OTနာရီနဲ့ပဲပေးပါတယ်ဗျ။ ပုံမှန်OT ကြေးတစ်နာရီ၂ထောင်နဲ့ပေးပါတယ်ဗျ ။
မနက် ၇ခွဲကနေ ညနေ ၄နာရီအထိကို ၁၆၀၀၀ ပဲပေးပါတယ်။
တနင်္ဂနွေမဆင်းရင် နောက်နေ့ ပုံမှန်ဆင်းရတဲ့ အိုတီ၂နာရီကိုပါ မဆင်းခိုင်းပဲ ၄နာရီနဲ့ပဲ ပြန်ခိုင်းပါတယ်ဗျ။
အခုပြောချင်တာကတော့ OTကိုညဉ့်နက်ထိဆင်းရတာအဆင်မပြေလို့ပါဗျ။
စနေနေ့မှာ ည ၇ခွဲ၊ ၈ခွဲ ဆင်းရတယ်။ အမြဲပုံမှန် ဆင်းနေရတယ်။
အဓိကက ည ၈ခွဲ အိမ်ပြန်ချိန်နောက်ကျလို့ အချိန်ပိုမဆင်းနိုင်လို့အကူညီတောင်းတာပါ ။









